ရုပ်ရှင်ဇာတ်ကားတွေကနေဆင်းသက်လာတဲ့ Android/IOS ဂိမ်းကောင်းလေးများ

ရုပ်ရှင်ကနေ ဆင်းသက်လာတဲ့ဂိမ်းတွေတော်တော်များများက တခြားဂိမ်းတွေထက်ပိုပြီးဆော့လို့ကောင်းနေတတ်ပါတယ်။ ဒီ article မှာတော့ အဲ့ဒီအကောင်းဆုံးဂိမ်းတွေထဲက ၁၀ ခုကို hightlight လုပ်ပေးသွားမှာဖြစ်ပါတယ်။

 

Kung Fury : Street Rage

Price : Free

Platform : Android/IOS

Kung Fury ဇာတ်ကားလေးကြည့်ပြီးပြီဆိုရင်တော့ ဒီဂိမ်းမှာဘာတွေလုပ်ရမယ်ဆိုတာ သိနေမှာဖြစ်ပါတယ်။ Street Rage ဆိုတဲ့အတိုင်းလမ်းမှာပေါက်ကွဲပြီး ဖိုက်ရမှာပဲဖြစ်ပါတယ်။ ပြောရရင် မိတ်ဆွေရဲ့ Role က Street Fighter ပါ။ Lady barbarian with a mini-gun, a killer robot with a TV for a face, and a dude with the head of a triceratops, unicorns အစရှိတဲ့ Character တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Odin ရဲ့သားတော်ကြီးဖြစ်တဲ့ Thor ကိုလည်းတွေ့မြင်ရဉီးမှာဖြစ်ပါတယ်။

 

Minion Rush

Price : Free

Platform : Android/IOS

Minion ဇာတ်ကားလေးကိုတော့ မကြည့်ဖူးတဲ့လူတော်တော်ရှားမှာပါ။ အခုဆို Dispacable Me 3 အထိတောင်ထွက်ရှိပြီးဖြစ်ပါတယ်။ ဒီဂိမ်းမှာတော့ မိတ်ဆွေက Minion တစ်ကောင်ရဲ့ Role ကနေ ကစားရမှာဖြစ်ပါတယ်။ Minion တစ်ကောင်နေရာကနေ Felonius Gru ရဲ့ စက်ရုံကြီးကို ပတ်ပြေးနေရမှာဖြစ်ပြီး ပြေးရာလမ်းတလျှောက်က အတားအဆီးတွေကိုရှောင်သွားရမှာဖြစ်ပါတယ်။

 

Angry Birds Star Wars

Price : Free

Platform : Android/IOS

Star Wars Series ကနေဆင်းသက်လာတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Star Wars ထဲက Character တွေကိုတွေ့မြင်ရမှာမဟုတ်ပဲ Star Wars ထဲက Costume အစုံအလင်ကိုသာတွေ့မြင်ရမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ အဓိက Goal ကတော့ရန်သူတွေဖြစ်တဲ့ အစိမ်းရောင်ဝက်တွေကိုနှိမ်နှင်းရမှာဖြစ်ပါတယ်။

 

Stranger Things

Price : Free

Platform : Android/IOS

Netflix ကထုတ်လုပ်တဲ့ Stranger Things Series ကဆင်းသက်လာတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ Stranger Things ထဲက Character တွေနဲ့တွေ့ဆုံရမှာလည်းဖြစ်ပါတယ်။ မတူညီတဲ့နေရာတွေကို သွားလာနေရမှာဖြစ်တာကြောင့် Adventure ဆန်ဆန်ဆော့ကစားရမှာပါ။ Puzzle တွေကိုဖြေရှင်းရင်း Mission တွေကိုဆော့ကစားသွားရမှာလည်းဖြစ်ပါတယ်။

 

Jurassic Park Builder

Price : Free

Platform : Android/IOS

Jurassic Park ဆိုတဲ့အတိုင်းမတူညီတဲ့ ဒိုင်နိုဆော တွေကို ခြံအကြီးကြီးထဲမှာမွေးမြုရမှာပဲဖြစ်ပါတယ်။ မွေးမြုထားတဲ့ ဒိုင်နိုဆော တွေကြီးလာအောင် Manage လုပ်ရမှာကမိတ်ဆွေရဲ့တာဝန်ဖြစ်ပါတယ်။ မိမိရဲ့ ဒိုင်နိုဆောတွေကြီးပြင်းလာပြီဆိုရင်တော့ တခြား ဒိုင်နိုဆောတွေ နဲ့ယှဉ်ပြိုင် ဖိုက်နိုင်မှာဖြစ်ပါတယ်။

 

South Park : Phone Destroyer

Price : Free

Platform : Android/IOS

South Park ဆိုတဲ့ Cartoon ကားလေးကိုကြည့်ဖူးတယ်ဆိုရင်တော့ ဒီဂိမ်းလေးနဲ့အရမ်းကြီးစိမ်းနေမှာမဟုတ်ပါဘူး။ South Park ထဲက Character တွေကိုတွေ့မြင်ရမယ့် ဂိမ်းလေးဖြစ်ပါတယ်။ Card ဂိမ်းလေးဖြစ်ပြီး Character  တွေအချင်းချင်းတိုက်ခိုက်နေပုံက ချစ်စဖွယ်ဖြစ်သလို ရယ်လည်းရီရပါတယ်။ PvP(Player Vs Player) ဆော့ကစားနိုင်တဲ့ဂိမ်းလေးလဲဖြစ်ပါတယ်။

 

Lego Star Wars : The Force Awaken

Price : Free

Platform : Android/IOS

Star Wars Series ထဲကတစ်ခုဖြစ်တဲ့ The Force Awaken အမည်ရှိတဲ့ Episode ကနေဆင်းသက်လာတဲ့ဂိမ်းလေးဖြစ်ပါတယ်။ Lego Star Wars ဖြစ်တာကြောင့် Character တွေကို Lego ပုံစံလေးတွေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ Adventure ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Jedi တွေရဲ့ စစ်ပွဲကိုမြင်တွေ့ရမယ့်ဂိမ်းလေးလည်းဖြစ်ပါတယ်။

 

Office Space : Idle Profits

Price : Free

Platform : Android/IOS

Office Space: Idle Profits ကတော့ဆော့လို့အရမ်းကောင်းလှတဲ့ဂိမ်းကြီးတော့မဟုတ်ဘူးဗျ။ အဲ့ဒါဆိုဘာလို့ Top 10 list ထဲမှာဝင်နေလဲ ? ရုံးတွင်းပိုင်းမှာဆော့ကစားရ၊ တကယ့်ရုပ်ရှင်တွေထဲက Scene တွေပါ၊ ဟာသတွေတော်တော်များများပါ စတာတွေကြောင့်ပါ။ ဆော့လို့မကောင်းပေမယ့် စိတ်ကျေနပ်မှုပေးစွမ်းနိုင်တဲ့ ဂိမ်းဖြစ်နေတာကြောင့် Top 10 list ထဲမှာပါဝင်နေတာလဲဖြစ်ပါတယ်။

 

Kubo: A Samurai Quest

Price : Free

Platform : Android/IOS

သိုင်းသမားတွေနေရာက ဆော့ကစားရမှာဖြစ်ပါတယ်။ Combat အလန်းစားတွေနဲ့ချမှာကသူတို့တာဝန်ဖြစ်ပြီး မိတ်ဆွေရဲ့တာဝန်ကတော့ Puzzle တွေကိုစီတာပါ။ သတ်မှတ်ထားတဲ့ Puzzle တွေဆုံသွားရင် Combat အလန်းတွေထွက်ရှိလာမှာဖြစ်ပါတယ်။ သိုင်းသမားတစ်ယောက်ချင်းစီမှာ Special Ability ပါဝင်တာကိုလည်းတွေ့ရမှာပါ။

 

The Adventures of Tintin

Price : (Android=9,468/IOS=$4.99)

Platform : Android/IOS

The Adventure of Tintin ဇာတ်ကားကဆင်းသက်လာတဲ့ဂိမ်းလေးဖြစ်ပါတယ်။ Tintin ရဲ့စွန့်စားသွားလာမှုတွေကိုမြင်တွေ့ရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ မသိတဲ့နေရာတွေကို သွားလာရမှာဖြစ်တာကြောင့် Tintin တစ်ယောက်တည်းဆိုအဆင်မပြေပါဘူး။ Tintin ရဲ့ခွေးဖြစ်တဲ့ Snowy၊ Captain Haddock၊ Francis Haddock စတဲ့ Character တွေကတော့ Tintin ကိုကူညီကြမယ့် Character တွေပဲဖြစ်ပါတယ်။

 

 

 

Source : Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password