ArticleReviews

ချစ်စဖွယ် ကာတွန်းဇာတ်ကောင်လေး Moomin နဲ့ ကစားရမယ့် “Moomin Move”

ဒီတစ်ခေါက်မှာတော့ Playon က ဘော်ဘော်တို့အတွက် လူတိုင်းကို ဆွဲဆောင်နိုင်တဲ့ ချစ်စရာ မျက်နှာလေးနဲ့ ဝဝကစ်ကစ် ရေမြင်းလေးလို အကောင်လေးပါတဲ့ ဂိမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂိမ်းလေးရဲ့ နာမည်ကတော့ Moomin Move ဖြစ်ပါတယ်။ Moomin လေးတွေက ရေမြင်းနဲ့ တူပေမယ့် ရေမြင်းတော့ မဟုတ်ကြပါဘူး။ Moomin လေးကို ချစ်တဲ့ သူဆိုရင်တော့ ဂိမ်းလေးကိုလည်း ချစ်ကြမှာပါ။ သူက ထွက်ရှိခဲ့တာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းကဆိုတော့ ၁နှစ်လောက်တော့ရှိပါပြီ။ ထွက်တာ ၁နှစ်ရှိနေပေမယ့် အရင်တုန်းက သူ့ရဲ့ Homeland ဖြစ်တဲ့ Finland မှာပဲ ကစားလို့ရခဲ့တာပါ။ ဒါပေမယ့် အခုတစ်ခေါက်မှာတော့ ဗားရှင်း 2.5 update နဲ့ Moomin Move ကို တစ်ကမ္ဘာလုံးမှာ ကစားလို့ရနေပါပြီ။

ဒီဂိမ်းလေးရဲ့ ထူးခြားချက်က Pokémon Go လို AR (argumented reality) ဂိမ်းဖြစ်နေတာပါ။ ဒီဂိမ်းထဲမှာ Moomin ကမ္ဘာထဲက ဇာတ်ကောင်လေးတွေကို ထည့်သွင်းထားမှာဖြစ်တယ်လို့ သိရပါတယ်။ Moomin Move က player တွေကို တကယ့် အပြင်မှာ လျှောက်သွားခိုင်းပြီး ပစ္စည်းလေးတွေနဲ့ အကောင်လေးတွေကိုဖမ်းခိုင်းမှာပါ။ ဒီပုံစံလေးကို Pokémon Go ကစားဖူးတဲ့ သူတွေ သေချာသိကြမှာပါ။ Pokémon Go ထဲကအတိုင်း ဒီထဲမှာလည်း player တွေက သူငယ်ချင်းတွေကို add ပြီး quest တွေကို လုပ်ရမှာပါ။

ဗားရှင်း 2.5 မှာ group feature အသစ်တွေပါဝင်လာမှာ ဖြစ်ပြီး player တွေကို ဂိမ်းထဲက friend တွေနဲ့ chat ခွင့်၊ weekly reward တွေရရှိဖို့ quest တွေကို အတူတူလုပ်ဆောင်ခွင့်၊ နှင့် leaderboard မှာ ထိုင်ခွင့်တို့ကို ရရှိမယ်လို့ သိရပါတယ်။

Moomin Move ကို ဇူလိုင် ၂၀၁၇ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး free-to-play ဂိမ်းအဖြစ် Android မှာရော iOS မှာပါ ကစားလို့ရခဲ့ပါတယ်။ Free-to-play ဖြစ်ပေမယ့် ဂိမ်းထဲမှာ ငွေပေးဝယ်ယူရမယ့် App-purchase တွေ ပါဝင်မှာပါ။ Moomin လေးတွေရဲ့ နမူနာ ဗီဒီယိုလေးကို အောက်မှာ ကြည့်နိုင်ပါတယ်။

အရမ်းကို ချစ်ဖို့ကောင်းတာပဲနော်။ ဝဝကစ်ကစ်လေးတွေ။ 😜😜) Playon က ဘော်ဘော်တို့ထဲမှာရော… Moomin fan လေးတွေရှိကြလား???

Download link – Android/ iOS

Ref: Star

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password