နောက်ဆုံးတော့ Android ပေါ်ကိုရောက်လာပြီဖြစ်တဲ့ Monument Valley 2

အကြာကြီးစောင့်ဆိုင်းလာရတဲ့ Android ပရိသတ်တွေ ပျော်လိုက်လို့ရပါပြီ။ Monument Valley 2 က နောက်ဆုံးတော့ Playstore ပေါ်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ Android Release Date ကြေညာတုန်းက ခန့်မှန်း ခဲ့တဲ့အတိုင်းပဲ Android Version ကို $4.99 ပေးရမှာပဲဖြစ်ပါတယ်။

‘Monument Valley’ Series ဟာ Mobile Gaming လောကရဲ့ မှတ်ကျောက်တစ်ခုလို့ပြောရလောက်အောင် နာမည်ကြီးတဲ့ဂိမ်းတွေဖြစ်ကြပါတယ်။ Escherian စတိုင် Impossible Geometry တွေနဲ့တည်ဆောက်ထားပြီး ဆွတ်ပျံ့ဖွယ်ဇာတ်လမ်းနဲ့ ခြယ်သထားတဲ့ ဒီဂိမ်းဟာ Puzzle ဂိမ်းချစ်သူတိုင်း ဆော့ကစားကြည့်သင့်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ Monument Valley 2 အကြောင်းအသေးစိတ်သိချင်ရင်တော့ ဒီနေရာ မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

Monument Valley 2 ကို ဆော့ကစားလိုတယ်ဆိုရင် ဒီနေရာ မှာ သွားရောက်ရယူနိုင်ပါတယ်။

Tags:

1 Comment
  1. Winnie November 9, 2017 at 3:12 am

    Please add Google Play Store link for this game.

Leave a reply

Register New Account
Reset Password