နိုဝင်ဘာ ၆ မှာ Android ပေါ်ကိုရောက်လာမယ့် Monument Valley 2

Monument Valley 2 ဆိုတာကတော့ iOS ပေါ်မှာ လျှမ်းလျှမ်းတောက်နာမည်ကြီးတဲ့ Puzzle ဂိမ်းတစ်ခုဖြစ်ပါတယ်။ Escherian စတိုင် Impossible Geometry တွေနဲ့တည်ဆောက်ထားတဲ့ဒီဂိမ်းဟာ Apple ရဲ့ Game of the Year Award အပါအဝင် ဆုပေါင်းများစွာ သိမ်းကျုံးရယူထားပြီး Puzzle ဂိမ်းချစ်သူတွေရဲ့ Top 10 Game List မှာ အမြဲလိုလိုပါဝင်တဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။

အဲဒီလိုနာမည်ကြီးတဲ့ Monument Valley 2 ဟာ Android Platform ပေါ်ကိုရောက်လာမယ်လို့ ကြေညာထားတာ တော်တော်ကြာခဲ့ပါပြီ။ အခုတော့ ထွက်ရှိမယ့်ရက်အတိအကျကို Developer Ustwo Games က ကြေညာလိုက်ပြီဖြစ်ပါတယ်။ လာမယ့်နိုဝင်ဘာ ၆ ရက်နေ့မှာ Play Store ပေါ်ကိုရောက်လာမယ့် Monument Valley 2 ဟာ iOS Version အတိုင်းပဲ $4.99 ပေးရမယ်လို့ ယူဆရပါတယ်။ အရင်ကတည်းကကြားဖူးပြီး Android Release ကိုစောင့်မျှော်နေတဲ့ပရိသတ်တွေကတော့ ပျော်လိုက်လို့ရပြီဖြစ်ပါတယ်။ အခုမှ Monument Valley 2 အကြောင်းကြားဖူးတယ်ဆိုရင်တော့ ဒီဂိမ်းအကြောင်းကို ဒီနေရာ မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ လက်ရှိအချိန်မှာ Mobile Gaming လောကရဲ့ နာမည်အကြီးဆုံးဂိမ်းတစ်ခုဖြစ်တာမို့ စမ်းဆော့ကြည့်သင့်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password