Reviews

လှပတဲ့ ဇာတ်ကောင်လေးတွေနဲ့ ကစားရမယ့် Monster Super League

ဒီဂိမ်းထဲမှာသင်က ထူးဆန်းတဲ့ အိမ်မက်တစ်ခုကို မက်ပြီး နိုးထလာတဲ့ ကောင်လေးနေရာကနေ ကစားရမှာဖြစ်တယ်။ အိမ်မက်လို့ ထင်နေပေမယ့် အိမ်မက်မဟုတ်ဘဲ တကယ် လက်တွေ့ဖြစ်လာပြီး အိမ်မက်ကမ္ဘာထဲက အန္တရာယ် ကျရောက်နေတဲ့ ဒဏ္ဍာရီ
မွန်းစတားကမ္ဘာကြီးကို ကယ်တင်ဖို့ အကြောင်းဖန်လာပါတယ်။ စိတ်ဝင်စားဖို့ကောင်းပြီး ပုံပြင်ပုံစံ ဖန်တီးထားတဲ့ ဂိမ်း ဖြစ်လို့ ဇာတ်လမ်းလေးနဲ့ ကစားသွားရမှာပါ။

ဒီဂိမ်းထဲမှာ Seira လို့ခေါ်တဲ့ ကောင်မလေးက လမ်းညွှန်ရှင်းပြပေးသွားမှာဖြစ်ပြီး သင်လုပ်ဆောင်ရမယ့် အကြောင်းအရာတွေအားလုံးကို ပြောပြပေးသွားမှာပါ။ ချစ်စရာကောင်းတဲ့ မွန်စတားလေးတွေကို စုဆောင်းပြီး ရန်သူ့ဘက်က မွန်းစတားတွေကို တိုက်ခိုက်ရမှာဖြစ်တယ်။

ပုံစံအမျိုးမျိုး အရွယ်အစား အမျိုးမျိုးနဲ့ မွန်းစတားတွေပါဝင်မှာဖြစ်သလို ပါဝါနဲ့ အားသာချက်တွေကလည်း တစ်ကောင်နဲ့ တစ်ကောင်တူညီမှာ မဟုတ်ပါဘူး။ လမ်းမှာတွေ့တဲ့ မွန်းစတားလေးတွေကို လည်းဖမ်းနိုင်မှာဖြစ်ပြီး ထူးဆန်းတဲ့ ဧည့်သည် တွေကိုပါ
တွေ့ရမှာဖြစ်တယ်။

အကောင်းဆုံး မွန်းစတား အဖွဲ့တည်ထောင်ဖို့အတွက် မွန်းစတားတွေစုဆောင်းရမှာဖြစ်တယ်။ အဖွဲ့ အင်အားကောင်းဖို့အတွက် မွန်းစတားတွေကို သစ်သီးတွေကျွေးပြီး ခွန်အားတိုးလာအောင် လုပ်ပေးရမှာပါ။ ဒါ့အပြင် lock ဖြစ်နေတဲ့ power တွေကို လည်း ကစားရင်းနဲ့ unlock လုပ်ယူလို့ရပါတယ်။

ဂိမ်းထဲမှာ သင့်နေရာကနေ ပါဝင်ကစားပေးမယ့် ကောင်းလေးနာမည်ကို စိတ်ကြိုက်ပေးလို့ရပြီး အခြား ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးတွေနဲ့လည်း တွေ့နိုင်မှာဖြစ်တယ်။ လှပပြီး ဆွဲဆောင်မှုရှိတဲ့ Graphic Designs တွေနဲ့ကစားရမယ့် animation
game လေးဖြစ်လို့ သင့်ကို အကြိုက်တွေ့စေမှာပါ။

Android, iOS နှစ်မျိုးစလုံးနဲ့ free to play ပါတယ်။ Rating ကတော့ Android ရော iOS ရော 4.6 စီ အသီးသီး ရရှိထားပါတယ်။ Android version 4.0.3 နှင့်အထက်၊ iOS version 7.0 နှင့်အထက် တွင် ကစားနိုင်ပါတယ်။

 

 

Image Source – Monster Super League

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password