News

Global version ထွက်ရှိလာပြီဖြစ်တဲ့ Monster Hunter Stories

Monster Hunter Stories ဟာတော့ Capcom ရဲ့အောင်မြင်မှုအရရှိဆုံး Monster Hunter ဂိမ်းတွေထဲကတစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ်ကတည်းက Nintendo 3DS မှာ Initial ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Mobile ဘက်ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာ လောက်က ဂျပန်ဗားရှင်းအဖြစ်နဲ့ ခြေလှမ်းစတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ကျွန်တော်တို့ သတိမထားမိလောက်တဲ့အချိန်မှာပဲ Global ဗားရှင်းအဖြစ် ပြီးခဲ့တဲ့ရက်အနည်းအငယ်က ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

သူ့ရဲ့ Gameplay ပုံစံကိုကြည့်ရင် Pokemon universe ကြီးနဲ့ ခပ်ဆင်ဆင်ဖြစ်နေတာမျိုးလေးကိုတွေ့ရမှာပါ။ Monster တွေကို ဉ ကနေ အကောင်ပေါက်တဲ့အထိ မွေးမြူ၊ လိုအပ်တဲ့ resource တွေကို လိုက်လံစုဆောင်းတာတွေ၊ သွားရာလမ်းတစ်လျှောက်က Monster တွေကို ကိုယ့်ရဲ့ Monster နဲ့တိုက်ခိုက် အစရှိတဲ့ ပုံစံမျိုးဆော့ကစားသွားရမှာပါ။ Role-playing ဂိမ်းဖြစ်တာကြောင့် Battle ကတော့ ရန်သူတစ်လှည့် ကိုယ်တစ်လှည့်တိုက်ခိုက်ရတဲ့ Turn-based ပုံစံမျိုးဖြစ်နေမှာဖြစ်ပါတယ်။ Battle မှာဆိုရင် Power, Technical, Speed အစရှိတဲ့ ၃ မျိုးတည်းက ရန်သူရဲ့ပုံစံအရလိုအပ်တဲ့ Strategy ကိုအသုံးချပြီး တိုက်ခိုက်သွားရမှာပါ။ ဉပမာ ပြောရရင် ကျွန်တော်တို့ ငယ်ငယ်ကဆော့ကစားခဲ့တဲ့ ကျောက်တုံး၊ ကတ်ကြေး၊ ပဝါ စတဲ့ option ထဲက ရန်သူရဲ့အားနည်းချက်ကိုရွေးပြီး တိုက်ရတဲ့ပုံစံမျိုးပါ။ 😁)

Role-playing နဲ့ Adventure ရောစပ်ထားတဲ့ ဂိမ်းမျိုးဖြစ်ပြီး စိတ်ဝင်စားစရာ Story line တွေပါဝင်နေတာမို့တော်တော်များများကြိုက်နှစ်သက်လောက်မှာပါ။ ဒီဂိမ်းကိုတော့ $19.99 နဲ့ဝယ်ယူဆော့ကစားနိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းပိုင်းက နည်းနည်းလေးခိုက်နေတာမို့ ကျွန်တော်ဒီဂိမ်းအကြောင်းစုံစမ်းရင်း Review တွေကို ရှိုးခဲ့ပါတယ်။ Review ရေးသူအများစုက Nintendo 3DS platform မှာကတည်း ကစားခဲ့သူတွေဖြစ်ပြီး ဒီ mobile ဗားရှင်းက 3DS version ထက်ကိုပိုပြီးမိုက်တယ်ဆိုတဲ့အကြောင်းတွေ၊ Pokemon collector နဲ့တူလို့ကြိုက်နှစ်သက်ကြပြီး ပေးရတဲ့စျေးနဲ့တန်တယ်ဆိုတဲ့အကြောင်းတွေ အပြင် Rating ကလည်း 4/5 ကြားမှာပဲရှိနေတာမို့ တကယ်ဆော့လို့ကောင်းတဲ့ ဂိမ်းတစ်ခုလို့ သတ်မှတ်လို့ရမှာပါ။

Turn-based Battle style ပုံစံသိပ်သဘောမတွေ့တဲ့ ကျွန်တော်တောင် သူတို့ Review တွေကိုကြည့်ပြီး ဝယ်ဆော့ချင်စိတ်နည်းနည်းဖြစ်လာမိတယ်ဆိုတော့ JRPG ဂိမ်းပုံစံမျိုးကြိုက်နှစ်သက်တဲ့ player တွေဆို ဒီဂိမ်းကိုအကြိုက်တွေ့မှာသေချာပါတယ်။

Note: ဒီဂိမ်းကိုတော့ WiFi-connection နဲ့ပဲ Download ရယူနိုင်မှာဖြစ်ပါတယ်။

Download link – Android/ iOS

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: