FeaturesReviews

Monster Hunter Stories မှာ Free Demo version တစ်ခုရှိတာသိပြီးပြီလား ? 

ပြီးခဲ့တဲ့ ရက်အနည်းအငယ်က Mobile မှာ global version အနေနဲ့ထွက်ရှိလာတဲ့ JRPG ဂိမ်းအမျိုးအစား Monster Hunter Stories ဂိမ်းနဲ့ စျေးနှုန်းပိုင်းကို တော်တော်များများသိနေပြီးလောက်မှာပါ။ မသိသေးတဲ့ မိတ်ဆွေတွေအနေနဲ့ မနေ့က Playon ကဖော်ပြခဲ့တဲ့ Monster Hunter Stories global release, gameplay အကြောင်း နဲ့ ပတ်သက်တဲ့ article လေးကို ဉီးဆုံးဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

Article link – Global version ထွက်ရှိလာပြီဖြစ်တဲ့ Monster Hunter Stories

Article ဖတ်ပြီးပြီ ဆိုတော့ Pokemon collector ပုံစံမျိုးဆော့ကစားရတဲ့ Monster Hunter Stories ဂိမ်းကို $19.99 နဲ့ဝယ်ယူရမယ်ဆိုတာ သိပြီးလောက်မှာပါ။ ဂိမ်းရဲ့စျေးနှုန်းဟာ နည်းနည်းလေးခိုက်နေတဲ့အခါမှာ ဘာဖြစ်လဲဆိုတော့ ကျွန်တော့်လို Monster Hunter Stories ကို Nintendo 3DS မှာ initial ထွက်ရှိလာကတည်းကမဆော့ဖူး၊ Monster Hunter series ဂိမ်းတွေကို တစ်ခုမှမဆော့ဖူး သူတွေအနေနဲ့ “ဒီဂိမ်းကဘာလို့ $19.99 တောင်ပေးဝယ်ရတာလဲ? တန်ရောတန်ရဲ့လား? ဆော့လို့ရောအဆင်ပြေပါ့မလား?” ဆိုတဲ့အတွေးမျိုးတွေ ပေါ်လာမှာတော့ အသေအချာပါပဲ။ အဲ့ဒီအချက်ကို မြင်နေတဲ့ Capcom ကပါးပါးနပ်နပ်ပဲ Monster Hunter Stories ကို $19.99 နဲ့မဝယ်ယူခင် ဂိမ်းကိုဉီးဆုံးမြည်းစမ်းနိုင်ဖို့ “MHST The Adventure Begins” ဆိုတဲ့ အမည်နဲ့ Demo version တစ်ခုကိုထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ်။

Demo version ကပုံမှန် Paid version ကိုမဆော့ခင် မြည်းစမ်းနိုင်ဖို့ဖန်တီးပေးထားတာဖြစ်တာကြောင့် Gameplay, Map အစရှိတာတွေအားလုံးက အကုန်အတူတူပဲဖြစ်နေမှာပါ။ ကွာဟသွားတာကတော့ Demo version မှာ Full game မပါဝင်ပါဘူး။ သတ်မှတ်ထားတဲ့ Mission အထိပြီးလို့ ဆက်ပြီးဆော့ကစားချင်ရင် $19.99 ပေးရမယ့် Paid version ကိုကူးပြောင်းရတော့မှာပဲဖြစ်ပါတယ်။ အဲ့မှာ တစ်ခုကြိုက်မိတာက Demo version မှာဆော့ပြီးသား Data တွေကို Paid version အထိသယ်သွားနိုင်တာပါ။ ကိုယ်ဆော့ပြီးသားတွေကျော်ပြီးနေတဲ့ နေရာတစ်ခုကနေ အသစ်အသစ်တွေကို ထပ်မံဆော့ကစားနိုင်မယ့် ပုံစံမျိုးဖြစ်တာကြောင့် ဒီအချက်ကတော့ တော်တော်လေးလန်းတဲ့ အချက်တစ်ခုလို့ ဆိုရမှာပါ။

Demo version ဖြစ်တဲ့ MHST The Adventure Begins ရဲ့အကြောင်းစုံကိုသိပြီးပြီဆိုတော့ စိတ်ဝင်စားသူတွေ Download ဆွဲနိုင်အောင် download link ပါတစ်ခါတည်းပေးလိုက်ပါတယ် ခင်ဗျာ။

Download link – Android/ iOS

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: