News

Hearthstone ရဲ့ PvE Dungeon Mode အသစ် ‘Monster Hunt’ ရောက်လာပြီနော်

Hearthstone: Year of the Raven ရဲ့ ပထမဆုံး Expansion ဖြစ်တဲ့ The Witchwood ကို အခုလ အစောပိုင်းမှာ စတင်ထုတ်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက Hearthstone ပရိသတ်တွေ Witchwood မှာပါဝင်လာမယ့် PvE Mode အသစ်ဖြစ်တဲ့ Monster Hunt ကို စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်နေကြတာပါ။

သင်ဟာ အဲဒီလိုစောင့်နေသူတွေထဲကတစ်ယောက်ဆိုရင်တော့ သတင်းကောင်းလာပါပြီ။  အဲဒီ Mode လာဖို့ သိပ်ပြီးစောင့်ဖို့ မလိုတော့ပါဘူး။ Hearthstone ရဲ့ Mode အသစ်ကို ဧပြီလ ၂၆ ရက်နေ့မှာ ထွက်တော့မယ်လို့ Blizzard ကကြေညာလိုက်ပါပြီ။

Monster Hunt က Hearthstone ရဲ့ ဒုတိယမြောက် PvE Dungeon ဖြစ်ပါတယ်။ ။ ပြီးခဲ့တဲ့ နှစ်က ထွက်ရှိခဲ့တဲ့ Hearthstone ရဲ့ ခုနှစ်ခုမြောက် Expansion “Kobolds and Catacombs” ရဲ့ Dungeon Run နဲ့ ပုံစံချင်းဆင်ပါတယ်။ The Witchwood မှာ Player တွေက Defautl Hero တွေမဟုတ်ပဲ အခြား Hero အသစ် ၄ ယောက်ကို ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ကစားနေစဉ်အတွင်းမှာ Player က Boss ၈ ကောင်နဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် အရင်ကထက်ပိုပြီး သည်းထိတ်ရင်ဖို ကစားရမှာတော့ အမှန်ပါပဲ။ ဟီးရိုးအသစ် ၄ ယောက်မှာလည်း ကိုယ်ပိုင်ပါဝါတွေနဲ့ သူတို့ရဲ့ Unique Card တွေ ရှိနေမှာပါ။ တိုက်ပွဲတစ်ခုစီမှာ အနိုင်ရဖို့အတွက် Player တွေက အကောင်းဆုံး Deck တွေကို တည်ဆောက်ပြီးဆော့ကစားရမှာပဲဖြစ်ပါတယ်။

ဒီ Mode ကို Hearthstone players တွေအားလုံး အခမဲ့ကစားနိုင်မှာဖြစ်ပြီး The Witchwood card packs ဝယ်ယူခြင်းအတွက် အားသာချက်တွေ မပါဘူးလို့ သိရပါတယ်။ အကြောင်းအရာအပြည့်အစုံကို သိချင်ရင် ဖော်ပြထားတဲ့ Blizzard ရဲ့ Hearthside Chat Video ထဲမှာဝင်ရောက်ကြည့်နိုင်ပါတယ်။

 

Source   Via

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: