Reviews

Monster တွေကို မွေးထုတ်ပြီး တိုင်းပြည်တည်ထောင်ရမယ့် Monster City

မကောင်းဆိုးဝါးလေး တွေကို စုပြီး တိုင်းပြည်တည်ထောင်ရမယ့် ဂိမ်းလေးဖြစ်တယ်။ တိုက်ပွဲတွေ လည်း ဆင်နွှဲရမှာဖြစ်ပြီး ရန်သူက အချိန်တိုင်းရှိနေမှာဖြစ်လို့ power တွေကို အမြဲတမ်း update လုပ်ပေးဖို့လိုအပ်ပါတယ်။

အခြား battle game တွေလို တိုက်ရိုက် တိုက်ခိုက်ရမှာမဟုတ်ပဲ power တွေကို Candy Crush ကစားသလိုမျိုး Switch and match လုပ်ပေးပြီး တိုက်ခိုက်ရမှာပါ။ Monster တွေထဲမှာ ရေ, မြေ, မီး စတဲ့ အမျိုးအစာတွေပါဝင်မှာဖြစ်ပြီး ဉလေးတွေကို အကောင်ဖောက်ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် မတူညီတဲ့ monster နှစ်ကောင် မျိုးစပ်ပြီးလည်း ရှားပါး အကောင်လေး တွေမွေးထုတ်ပေးလို့ရပါသေးတယ်။

Battle တစ်ခုအနိုင်ရတိုင်း ဆု တွေရရှိမှာဖြစ်ပြီး level တွေကို unlock လုပ်သွားရမှာဖြစ်တယ်။ စွမ်းအားပြည့်တဲ့ monsters တွေအများကြီးကို မွေးထုတ်ပေးရမှာဖြစ်လို့ ရှားပါးပြီး လှပတဲ့ monster အမျိုးအစားတွေကို ပုံစံအမျိုးမျိုး တွေ့ရမှာပါ။

Battles တွေကို switch and match ပုံစံနဲ့ဆင်နွှဲရမှာဖြစ်ပြီး ရန်သူ့ဘက်က အကောင် တွေကလည်း ပြန်တိုက်မှာ ဖြစ်လို့ ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုပါတယ်။ ပြိုင်ဘက်ရန်သူတွေကို နောက်ဆုံးပွဲစဉ်အထိ အပြီးသက် တိုက်ခိုက်ပြီးမှ အောင်ပွဲခံ အနိုင်ရမှာဖြစ်ပါတယ်။ ဆန်းသစ်တဲ့ ပုံစံနဲ့ထူးခြားတဲ့ Graphic designs တွေက သင့်ကို ဆွဲဆောင်နေမှာဖြစ်တယ်။ ကစားလို့အရမ်းကောင်းတဲ့ဂိမ်း တွေထဲကတစ်ခုဖြစ်တာမို့ စမ်းကစားကြည့်သင့်တဲ့ ဂိမ်းလေးလဲဖြစ်ပါတယ်။ Internet မလိုပဲ offline ကစားနိုင်တဲ့အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ mini game လေးဖြစ်တာမို့မိတ်ဆက်ပေးလိုက်ပါတယ်။
Android အတွက်ရော iOS အတွက်ရော free to play ဖြစ်ပါတယ်။ Android version 2.3 နှင့်အထက်နှင့် iOS version 8.0 နှင့်အထက်ရှိရင် ဆော့ကစား နိုင်ပါပြီ။

 

 

Image Source – Monster City

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password