News

နာမည်အသစ်နဲ့ free-to-play ဖြစ်လာမယ့် Mojang ရဲ့ Scrolls

Scrolls က Minecraft ကိုထုတ်လုပ်ထားတဲ့ Mojang ရဲ့ ဒုတိယ မြောက်ထွက်ရှိခဲ့တဲ့ ကတ်ဂိမ်းဖြစ်ပါတယ်။ သူ့ကို ၂၀၁၅ ခုနှစ်မှာ တရားဝင် hard launch အနေနဲ့ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ဂိမ်းရဲ့ development ပိုင်းတွေ ရပ်နားသွားခဲ့တယ်လို့ သိရပါတယ်။ Card game “Scrolls” ကို သိပြီးတဲ့သူတွေရှိရင်လည်း ရှိနိုင်မှာဖြစ်သလို မသိရကြသေးတဲ့သူတွေလည်းရှိကြမှာပါ။ သူက hard launch ထွက်ပြီး သိပ်မကြာခင်မှာပဲ development အားလုံးကို ရပ်တန့် ပစ်ခဲ့တဲ့ဂိမ်းဖြစ်တာကြောင့် လူသိနည်းနည်း နည်းပါတယ်။ အခု ၂၀၁၈ ခုနှစ်ရောက်မှ free-to-play အနေနဲ့ နာမည်ကို ပြန်ပြောင်းခဲ့ပြီး ဂိမ်းလောကထဲ ပြန်ဝင်ခဲ့တာဖြစ်ပါတယ်။

ကြေညာချက်အရ Scrolls ရဲ့ နာမည် အသစ်က Caller’s Bane လို့သိရပါတယ်။ အခုလို ရုတ်တရတ်ကြီး နာမည်ပြောင်းလိုက်တဲ့ အကြောင်းအရင်းကိုတော့ Mojang ရဲ့ Post ထဲမှာ အတိအကျ ထည့်သွင်းရေးသားထားခြင်းမရှိပါဘူး။ “Scrolls” ဆိုတဲ့အသုံးအနှုန်းကို မကြိုက်ခဲ့တာကြောင့် ပြောင်းလိုက်တာလို့ပဲ ဖော်ပြထားပါတယ်။

Mojang ရဲ့ Måns Olson ကတော့ Scrolls ရဲ့ နာမည်ကို Caller’s Bane လို့ ပြောင်းလိုက်ပေမယ့် အရင်တုန်းက ကြိုက်ခဲ့ သိခဲ့တဲ့ တူညီတဲ့ဂိမ်း Scrolls ဖြစ်နေဦးမှာပါပဲလို့ပြောပါတယ်။၂၀၁၁ ခုနှစ်မှာ Mojang ရဲ့ project ဖြစ်တဲ့ Scrolls ကိုတရားဝင် ကြေညာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက Minecraft ကလည်း beta အနေနဲ့ အောင်မြင်မှုရနေတဲ့အချိန်ပါ။ ဒါပေမယ့် Bethesda Softworks နဲ့ Elder Scrolls trademarks တို့ရဲ့ ပိုင်ရှင် ZeniMax Media က Mojang ရဲ့ ဂိမ်း Scrolls trademark နဲ့ ပတ်သက်ပြီး တရားစွဲဆိုခဲ့ပါတယ်။ သူတို့မူပိုင်ခွင့်ဖြစ်တဲ့ “Scrolls” ဆိုတဲ့ နာမည်ကို ယူသုံးထားတယ်ဘာညာနဲ့ပေါ့လေ။ (Scrolls ဆိုတဲ့ နာမည်လေးပါတာနဲ့ copywright ထိတာတော့ မဖြစ်သင့်ဘူးလို့ထင်ပါဒယ်။ 😅)

တရားစွဲဆိုမှုကို ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့ပြီး ရလာဒ်အနေနဲ့ ZeniMax က “Scrolls” ရဲ့တံဆိပ်ကို Mojang ရဲ့ ဂိမ်းထဲမှာ ထည့်သွင်းအသုံးပြုဖို့ လိုင်စင် ခွင့်ပြု ချက်ပေးခဲ့ရပါတယ်။ ဒါပေမယ့် “Scroll” ဆိုတဲ့ နာမည်ရဲ့ မူပိုင်ခွင့်ကတော့ Mojang က ပိုင်ဆိုင်ခွင့်မရရှိခဲ့ပါဘူး။ နာမည်ပဲယူသုံးခွင့်ရလိုက်တဲ့ သဘောပါ။ အခုလို နာမည်ပြန်ပြောင်းရခြင်းက လည်း လိုင်စင်က တိကျမှု မရှိလို့လား ဒါမှမဟုတ်ရင် သက်တမ်း ကန့်သတ်ထားတာကြောင့်လားဆိုတာတော့ သေသေချာချာ မသိရသေးပါဘူး။ Mojang ကသူ့ရဲ့ ဂိမ်းနာမည်မှာ “Scrolls” ကို အသုံးမပြုတော့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ZeniMax ဘက်ကတော့ အခုထိဘာမှပြောထားခြင်းမရှိသေးပါဘူး။ Bethesda Softworks က ZeniMax ရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်ပြီး Elder Scrolls စီးရီး ဂိမ်းများနဲ့ အောင်မြင်မှုရရှိနေတဲ့ video game ကုမ္ပဏီဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ “Scrolls” ကို app purchase နဲ့ ငွေပေးဝယ်ရမယ့် Beta အနေနဲ့စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ hard launch အနေနဲ့ ထုတ်လုပ်ဖို့အတွက် ပြင်ဆင်ခဲ့တယ်လို့သိရပါတယ်။ Android version အပြင် iOS version ကိုလည်း ထုတ်လုပ်ဖို့ မျှော်မှန်းခဲ့ပေမယ့် Apple က “Scrolls” ရဲ့ မကစားခင်မှာ ကြိုတင်ပြီး subscribe လုပ် စာရင်းသွင်းရမယ့် feature ကို လက်မခံတာကြောင့် App Store မှာ ဂိမ်းကို တင်သွင်းဖို့ ပယ်ချခံရခဲ့တယ်လို့သိရပါတယ်။ အဲ့တာကြောင့် Android တစ်မျိုးတည်းပေါ်မှာပဲ ကစားလို့ရခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတရားဝင် version ထွက်ရှိခဲ့ပြီး ၂၀၁၅ ထဲမှာပဲ ၂၀၁၆ ဇူလိုင်နောက်ဆုံးထားပြီး အဆင့်မြှင့်တင်မှု development ပိုင်းကို ရပ်တန့်တော့မှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ တကယ်လည်း ဂိမ်းရဲ့ sever တွေအားလုံး ရပ်တန့်ခဲ့ပါတယ်။ ၃နှစ် ကြာပြီး အခု ၂၀၁၈ ခုနှစ်ရောက် မှ “Caller’s Bane” နာမည် နဲ့ free version အဖြစ် ပြန်ပြောင်းခဲ့တာဖြစ်ပါတယ်။

Scrolls က နိုင်ငံတိုင်းနဲ့ available မဖြစ်တဲ့အတွက် ဖုန်းတိုင်းနဲ့ ကစားလို့မရဘူးလို့သိရပါတယ်။ လေ့လာကြည့်ရသလောက် Android ပေါ်မှာလည်း ဘာမှကို update မလုပ်ရသေးတဲ့ပုံပါပဲ။ နာမည်ပြောင်းထားတာကိုလည်း Window နဲ့ Mac ပေါ်မှာပဲတွေ့ရပါသေးတယ်။ Android version ကို ပစ်ပယ်ထားတာလား??? ဒါမှမဟုတ်ရင် update ပဲမလုပ်ရသေးတာလား ??? နိုင်ငံတစ်ဝှမ်းက Reddit user တွေကလည်း Mojang ရဲ့ အခုလိုလုပ်ရပ်အပေါ် မှတ်ချက်တွေ အမျိုးမျိုးပေးနေတာကိုတွေ့ရပါတယ်။

 

Source

Ref 1, 2

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password