Moga Controller နဲ့ချိတ်ဆော့သင့်သော Mobile Game များ

Moga Controller ဆိုတာကတော့ Bluetooth device တစ်မျိုးဖြစ်ပြီး ပုံစံကတော့ Console ဂိမ်းတွေရဲ့ controller တွေနဲ့တော်တော်ဆင်ပါတယ်။ ဂိမ်းမှာအရမ်း Mood ဝင်ပြီးဆော့မိလို့ဖုန်း screen ပျက်စီးသွားမှာကြောက်လို့ပဲဖြစ်ဖြစ်၊ In-game မှာမိမိရဲ့ Character ကို control အပြည့်နဲ့ဆော့ချင်လို့ပဲဖြစ်ဖြစ် အသုံးတည့်တဲ့ကိရိယာတစ်ခုဖြစ်ပါတယ်။ ဒီ article မှာတော့ Moga Controller နဲ့ဆော့လို့အဆင်ပြေတဲ့ Mobile ဂိမ်း ၁၀ မျိုးကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Moga Controller အကြောင်း detail ကျကျသိချင်ရင်တော့ အောက်ပါ Video မှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Asphalt 8 : Airborne

Price : Free
Platform : Android/IOS

ကားပြိုင်ရမယ့်ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ မတူညီတဲ့ High-performance ကား ၁၀၀ ကျော်ကိုတွေ့မြင်ရမှာဖြစ်ပြီး Graphics ပိုင်းလည်းပြောစရာမရှိသလောက်ပါပဲ။ Racing ဂိမ်းဖြစ်တာကြောင့် Speed ကမိတ်ဆွေအတွက်အရေးကြီးဆုံးပါပဲ။

 

 

The Bard’s Tale

Price – (Android=4,052/IOS=$2.99)
Platform – Android/IOS

Bard ရဲ့နေရာက Story Mode ပုံစံဆော့ကစားသွားရမှာဖြစ်ပါတယ်။ 3D RPG ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ ရယ်မောစရာ Dialect အချို့လည်းပါဝင်တာကြောင့် ဆော့တဲ့အခါမှာစိတ်ကြိုက်မှုကိုရရှိနိုင်မှာလည်းဖြစ်ပါတယ်။

 

 

Final Fantasy IV

Price – (Android= 21,814/IOS=$14,99)
Platform – Android/IOS

Final Fantasy ထဲက Character တွေနဲ့ တွေ့ဆုံရမှာဖြစ်ပြီး Story Mode ပုံစံကစားသွားရမှာဖြစ်ပါတယ်။ RPG ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ ATB (Active Time Battle) System နဲ့ဆော့ကစားရမယ့်ဂိမ်းလေးလဲဖြစ်ပါတယ်။

 

Grand Theft Auto: San Andreas

Price – (Android=9,472/IOS=$6.99)
Platoform – Android/IOS

GTA : San Andreas ဆိုတာကတော့ ကျွန်တော်တို့ငယ်ငယ်လေးထဲက Console, PC အစရှိတဲ့ Platform တွေမှာဆော့ကစားခဲ့တဲ့ဂိမ်းလေးဖြစ်ပါတယ်။ Mission တွေကိုမလုပ်ပဲမြို့ကြီးကို ပြာကျအောင်လုပ်ခဲ့တဲ့အမှတ်တရတွေကလည်း မသေးပါဘူး။ အခုဆိုရင်တော့ Mobile Platform မှာ Moga Controller ကြီးနဲ့သေချာထိန်းချုပ်ပြီးမြို့ကို လောင်ကျွမ်းစေနိုင်တော့မှာပဲဖြစ်ပါတယ်။

 

 

Minecraft

Price – (Android=10,149/IOS=$6.99)
Platform – Android/IOS

Adventure အမျိုးအစားဘက်ရောက်တဲ့ ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မတူညီတဲ့နေရာမျိုးစုံကိုသွားလာနေရမှာဖြစ်ပါတယ်။ လက်နက်တွေများစွာပေးထားမှာဖြစ်ပြီး ပေးထားတဲ့လက်နက်တွေကို အသုံးချပြီး မိမိကိုယ်ကိုရှင်သန်အောင်ကြိုးစားရမှာဖြစ်ပါတယ်။

 

 

NBA JAM by EA SPORTS

Price – (Android=8,015/IOS=$4.99)
Platform – Android/IOS

အဖွဲ့လိုက် Basketball ကစားရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ တစ်ဖွဲ့မှာ အသင်းသားနှစ်ယောက်သာပါဝင်မှာဖြစ်ပါတယ်။ Character တွေကအပြင်ကလူမျက်နှာပုံစံဖြစ်နေမှာဖြစ်ပြီး ဂိုးသွင်းပုံအလန်းစားတွေကိုတွေ့မြင်ရမှာပါ။ Online Multiplayer ကစားနိုင်တဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။

 

SHADOWGUN: DeadZone

Price – Free
Platform – Android/IOS

Online Multiplayer Shooting ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ Global က Player 12 ယောက်နဲ့တွေ့ဆုံရမှာဖြစ်ပါတယ်။ လက်နက်အမျိုးအစား ၂၀ ကျော်ပါဝင်ပြီး Graphics ပိုင်းကတော်တော်ကောင်းမွန်နေတာကိုတွေ့ရမှာပါ။

 

Sonic The Hedgehog 2 Classic

Price – Free
Platform – Android/IOS

Sonic ထဲကဇာတ်ကောင်တွေကို တွေ့ရှိရမှာဖြစ်ပြီး Mission တွေနဲ့ဆော့ကစားရမှာဖြစ်ပါတယ်။ မတူညီတဲ့နေရာမျိုးစုံမှာဆော့ကစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်သူ Boss ကြီးတွေနဲ့လည်းထိပ်တိုက် ဖိုက်ရမှာဖြစ်ပါတယ်။

 

Terraria

Price – (Android=7,132/IOS=$4.99)
Platform – Android/IOS


ဒီဂိမ်းလေးဟာ PC နဲ့ Console မှာထွက်ရှိပြီးသားဂိမ်းလေးဖြစ်ပါတယ်။ အကယ်၍မိတ်ဆွေက PC, Console မှာဒီဂိမ်းလေးကိုကြိုက်နှစ်သက်ခဲ့တယ်ဆိုရင် အခု Mobile မှာလည်းကြိုက်နှစ်သက်မှာဖြစ်ပါတယ်။ Adventure ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ မတူညီတဲ့နေရာဒေသတွေကိုသွားလာနေရမှာဖြစ်ပြီး လမ်းတလျှောက်က မျိုးစေ့မတူညီတဲ့ ရန်သူတွေကိုတိုက်ခိုက်ရမှာဖြစ်ပါတယ်။

 

UNKILLED: MULTIPLAYER ZOMBIE SURVIVAL SHOOTER GAME

Price – Free

Platform – Android/IOS

New York ကသောင်းကျန်းနေတဲ့ Zombie တွေကိုပစ်ခတ်ရင်း မိမိကိုယ်ကိုရှင်သန်အောင်ကြိုးစား ရမှာပဲဖြစ်ပါတယ်။ မတူညီတဲ့ Mission အခု ၃၀၀ ကျော်ကိုဖြတ်သန်းဆော့ကစားရမှာဖြစ်ပါတယ်။

အပေါ်မှာဖော်ပြခဲ့တာတွေကတော့ Moga Controller နဲ့ချိတ်ပြီးဆော့တဲ့အခါမှာအဆင်ပြေတဲ့ ဂိမ်းအချို့ပဲဖြစ်ပါတယ်။ ဖော်ပြထားတဲ့ဂိမ်း ၁၀ ခုအကုန်လုံးကို Moga Controller က Support ပေးပါတယ်။ နောက် article တစ်ခုမှာပြန်တွေ့ပါ့မယ်။

 

 

 

Source : Android Authority

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password