မကြာမီလာတော့မယ့် Gameloft ရဲ့ အပျံစား Shooting ဂိမ်း Modern Combat Versus

Gameloft ရဲ့ နာမည်ကျော် Modern Combat Series ရဲ့ နောက်ဆုံးထွက်ဂိမ်းဖြစ်တဲ့ Modern Combat Versus ဟာ Soft Launch ကာလပြီးဆုံးလို့ လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့မှာ တစ်ကမ္ဘာလုံးကို ထုတ်လွှင့်ပေးတော့မှာ ဖြစ်ပါတယ်။ Modern Combat ဂိမ်းတွေဟာ First-Person-Shooter (FPS) ဂိမ်းအမျိုးအစားတွေဖြစ်ပြီးတော့ Mobile Platform ပေါ်က အကောင်းဆုံး FPS ဂိမ်းတွေထဲမှာ အပါအဝင် ဖြစ်ကြပါတယ်။ Modern Combat Versus ကိုတော့ iOS ၊ Android နဲ့ Windows Platform တွေမှာ ဆော့ကစားလို့ရမှာ ဖြစ်ပါတယ်။


Modern Combat Versus မှာ Single Player Campaign လုံးဝပါရှိမှာ မဟုတ်ဘဲ Online Multiplayer သီးသန့်ဖြစ်ပါတယ်။ ထွက်ရှိတဲ့အချိန်မှာတော့ ဆော့ကစားလို့ရမယ့်မြေပုံ ၅ ခု ပါဝင်မှာပါ။

၂ နှစ်ကျော်အချိန်ယူပြီး ရေးဆွဲထားတဲ့ Modern Combat Versus ဟာ FPS ပရိသတ်တွေ အများကြီးမျှော်လင့်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ နောက်ဆုံးပေါ် Game Engine တွေကို အသုံးပြုရေးဆွဲထားတာဖြစ်ပြီး AAA ဂိမ်းတစ်ခုရဲ့ အရည်အသွေးရှိမယ်လို့ Gameloft အာမခံထားပါတယ်။ သူတို့ပြောတာ ဟုတ်မဟုတ်ကတော့ အောက်က screenshot တွေကိုကြည့်ပြီး ကိုယ်တိုင်အကဲဖြတ်ကြည့်နိုင်ပါတယ်။ တကယ်လို့ ဒီဂိမ်းကို စိတ်ဝင်စားတယ်ဆိုရင်တော့ Pre-Register လုပ်ပြီး in-game item တွေ ရယူနိုင်မှာ ဖြစ်ပါတယ်။

With our biggest production to date, we are demonstrating that Gameloft is at the cutting edge of mobile technology and is able to offer players visual experiences that are identical to those available on console games.

Source: Gameloft

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password