ArticleReviews

Mobile ပေါ်က trend ဂိမ်းတစ်ခုဖြစ်လာဦးမလား Tacticool ?

အားလုံးပဲမင်္ဂလာပါခင်ဗျာ…..။ မကြာသေးတဲ့အချိန်တစ်ခုကပဲ Panzerdog ဆိုတဲ့မျက်နှာသစ် developer တစ်ခုကနေ shooter ဂိမ်းတစ်ခုကိုမိတ်ဆက်ခဲ့ပါတယ်။ Panzerdog ရဲ့အဆိုပါမိတ်ဆက်ခဲ့တဲ့ဂိမ်းကပဲသူတို့ကို mobile game လောကမှာတစ်ခါတည်းလူသိများသွားစေပါတယ်။ သူတို့မိတ်ဆက်ခဲ့တဲ့ဂိမ်းလေးကတော့ Tacticool လို့ခေါ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ဆွဲဆောင်မှုတွေနဲ့ ထိုးဖောက်တီထွင်တဲ့ gameplay ကြောင့် player တွေကြားရေပန်းစားခဲ့ပါတယ်။

သူရဲ့အဓိကဂိမ်း roleကိုပြောရရင် 5 VS 5 shooter အမျိုးအစားဖြစ်ပါတယ်။ မြေပုံတစ်ခုပေါ်မှာ player 10 ယောက် top-down style နဲ့ပြစ်ခတ်ဆော့ကစားရမှာဖြစ်ပါတယ်။ ထိုးဖောက်တီထွင်တဲ့လို့အထက်မှာညွှန်းခဲ့ရတဲ့အကြောင်းကတော့ဂိမ်းရဲ့ physis နဲ့ ပေါက်ကွဲစေနိုင်တဲ့အရာတွေကိုသေခြာလေးလုပ်ဆောင်ပေးထားလို့ပါ။ ဂိမ်းထဲကပစ္စည်းတော်တော်များများကပြစ်ခတ်ဖျက်ဆီးပြစ်နိုင်တာ၊ ပါတ်ဝန်းကျင်ကသူ့ဘာသာသွားနေတဲ့ရထားလိုအရာတွေကအစသဘာဝကျနေတာ စတာတွေက mobile ပေါ်မှာရှားပါးနေသေးတဲ့လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။

နောက်ထပ်အဓိကဆွဲဆောင်ထားနိုင်တဲ့အချက်ကတော့ pop culture ဆန်ဆန် graphic တွေ သီချင်းတွေနဲ့ game ရဲ့ theme ကြီးတစ်ခုလုံးကပေါ့ပေါ့ပါးပါးနဲ့လူငယ်တွေအကြိုက်ဖန်တီးပေးထားလို့ပါပဲ။ နောက်ပိုင်းဂိမ်းတွေမှာဂိမ်းဘယ်လောက်ကောင်းကောင်းဆွဲဆောင်မှုလိုတယ်ဆိုတာ panzerdog ကကောင်းကောင်းသိပါတယ် (အတော်ပါးနပ်တဲ့ developer ပါ ?) ။ အဲ့ဒါတွေအပြင် character တစ်ကောင်ချင်းအလိုက် skill တွေ gameplay ပုံစံတွေဘယ်လိုပါဝင်သေးလဲဆိုတာကိုတော့ အောက်က trailer မှာတစ်ချက်ကြည့်လိုက်ပါဦး။

နောက်ဆုံးအနေနဲ့ပြောစရာရှိတာက Tacticool ဂိမ်းဟာ testing အဆင့်ဆင့်ကိုဖြတ်ကျော်ပြီးနောက်ဆုံး unreleased အဆင့်ကိုရောက်ရှိလာပေမယ့် offical lunch တော့မလုပ်ရသေးပါဘူး။ ဒါပေမယ့်ဒေါင်းယူပြီးအဆသ်ပြေပြေဆော့ကစားနေနိုင်ပါပြီ။ ဆော့ကြည့်တဲ့သူတွေကတော့အကြိုက်တွေ့ကြပြီး Pubgm တို့လို trend game တစ်ခုဖြစ်မဖြစ်ကတော့စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။ Offical ကိုမစောင့်ပဲ ဦးဦးဖျားဖျားဆော့ကစားချင်သူတွေကတော့အောက်ပါ link မှာဒေါင်းယူနိုင်ပါပြီခင်ဗျာ။ သာယာတဲလ gaming နေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာ။

Download link – Android

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password