ArticleNewsReviews

ဥရောပဈေးကွက်ကို ဖောက်ဝင်မယ့် Mobile Royale ဂိမ်းကို ဖန်တီး ထုတ်လုပ်လိုက်တဲ့ Developer IGG

ဒီတစ်ခေါက်မှာတော့ Playon က ဘော်ဒါတို့ကို အမိုက်စား သရုပ်သကန်ဖန်တီးမှုတွေ ပါဝင်တဲ့ RPGဂိမ်းအသစ်တစ်ခုအကြောင်းနဲ့မိတ် ဆက်ပေးမှာဖြစ်ပါတယ်။ ဂိမ်းကို ပြုလုပ်တဲ့ ကုမ္ပဏီက နာမည်ကြီး Lords Mobile ကိုဖန်တီးခဲ့တဲ့ ကုမ္ပဏီ IGG ဖြစ်တာကြောင့်လည်း ဂိမ်းက လူစိတ်ဝင်စားမှု များနေတာပါ။ IGG က စင်ကာပူ အခြေစိုက် ဂိမ်းကုမ္ပဏီ တစ်ခုဖြစ်ပြီး လက်ရှိမှာ Lords Mobile , Castle Clash,Clash of Lords 2 နဲ့ Tales of Pirates စတဲ့ဂိမ်းတွေကို ဖန်တီးထားပါတယ်။သူ့ရဲ့ အရှည်ကောက်ကတော့ I Got Games ပါ။ အဲ့တာတင်မကသေးပါဘူး ဥရောပ ဈေးကွက်ကိုပါဖောက်မယ်ဆိုတော့ သေသေသပ်သပ် ဖန်တီးထားတဲ့ဂိမ်းဆိုတာ သေချာငလောက်ကို ရှိပါတယ်။ စိတ်ဝင်စားရင် ဆက်ပြီးတော့သာ ဖတ်ကြည့်ပေးသွားပါနော်။

Mobile Royale ရဲ့ပုံစံက 3D ရုပ်ထွက်နဲ့ အရမ်းကိုမိုက်တဲ့ ဂိမ်းဖြစ်ပြီး သူ့ထဲမှာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ နေရာဒေသတွေကို player က ထုတ်ဖော်ရှာဖွေရမှာပါ။ ဂိမ်းထဲ RPG ,strategy နဲ့ simulation ၃ခုကိုပေါင်းစပ်ထားတာကြောင့် ခံစားမှု ရသ အမျိုးမျိုးကို ပေးစွမ်းနိုင်ပါတယ်။ Trailer လေးကို တစ်ချက် ရှိုးလိုက်ပါဦး။

Mobile Royale ထဲမှာ အကောင်းဆုံး ဆောင်ရွက်ချက်တွေနဲ့ အတူ player က သူ့တို့ကိုယ်ပိုင် နိုင်ငံရဲ့ အုပ်ချုပ်သူတွေဖြစ်လာရမှာပါ။ ဒါပေမယ့် Holy Ruler က player တစ်ယောက်တည်းပဲ ဖြစ်ရမှာပါနော်။ ဂိမ်းထဲမှာ Player က ကိုယ်ပိုင် မြို့ layout နဲ့ အဆောက်အဦးတွေကို ဖန်တီးခွင့် ရ မှာဖြစ်ပါတယ်။ ဂိမ်းရဲ့ ဗိသုကာ အနုပညာလက်ရာတွေက ကျောက်ခေတ်ကနေ အခုလက်ရှိ မော်ဒယ်ခေတ်အထိ ပုံသဏန်တွေဖြစ်လို့ စွဲမက်ဖွယ် ဒီဇိုင်းတွေကိုတွေ့ရမှာပါ။ဂိမ်းကို Vollandia ဆိုတဲ့ လျို့ဝှက်ဆန်းကြယ်တဲ့နေရာကြီးမှာ အခြေတည်ထားတာဖြစ်ပါတယ်။ အဲ့ဒီမှာplayer တွေက ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းယူ လာပြီး နိုင်ငံရဲ့ အုပ်ချုပ်သူတွေ ဖြစ်လာရမှာပါ။

Mobile Royale ကို App Store မှာရော GooglePlay မှာရောဒေါင်းလုတ်လုပ်ယူနိုင်ပါတယ်။ MobileRoyale ကအားလုံးနဲ့ ရင်းနှီးပြီးသား ဂိမ်းလေးတစ်ခုဖြစ်ပြီး သူ့ရဲ့ အဆုံးမဲ့ MMORPG ထဲမှာ သူငယ်ချင်းအသစ်တွေ ပြုလုပ်နိုင်မှာပါ။
အဲ့တော့ developer ကြောင့်ပဲဖြစ်ဖြစ် ဂိမ်းကို ကြိုက်လို့ပဲဖြစ်ဖြစ် ဒေါင်းလုတ်လုပ် ကစားနိုင်ပါတယ်နော်။ ထွက်ပြီးသား ဂိမ်းလေးဖြစ်လို့ အောက်မှာ လင့်တွေ တစ်ခါတည်း ချပေးထားပါတယ်။

Download Link- Android  ,  IOS

Source – www.prnewswire.co.uk

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password