Mobile Platform ပေါ်ကို MOBA အသွင်နဲ့ရောက်ရှိလာမယ့် Paladins Strike

Vainglory နဲ့ Mobile Legend တို့လိုဂိမ်းတွေကြောင့် ဒီနောက်ပိုင်းမှာ အရမ်းအောင်မြင်လာတဲ့ Mobile MOBA စျေးကွက်ကို Developer တွေ တော်တော်မျက်စိကျလာကြပါတယ်။ ဒီ Hype Train ထဲကို အသစ်ဝင်ရောက်လာတဲ့ Developer ကတော့ PC နဲ့ Console Platform တွေပေါ်က နာမည်ကြီး Smite နဲ့ Paladins ဂိမ်းတွေကို ရေးဆွဲခဲ့တဲ့ Hi-Rez Studios ပဲဖြစ်ပါတယ်။

Hi-Rez ဟာ FPS ဂိမ်းဖြစ်တဲ့ Paladins ကို MOBA အသွင်ပြောင်းပြီး Paladins Strike ဆိုတဲ့အမည်နဲ့ Android နဲ့ iOS Platform တွေအတွက် ထုတ်ဝေမှာပဲ ဖြစ်ပါတယ်။ Main Game က အားလုံးရဲ့ အချစ်တော် Hero တွေ ပြန်လည်ပါဝင်မှာဖြစ်တဲ့အတွက် Paladins ပရိသတ်တွေ သဘောတွေ့ကြမှာပါ။ လက်ရှိအချိန်မှာတော့ သူ့ရဲ့ Website ကနေတစ်ဆင့် Alpha Tester တွေကို ခေါ်ယူနေပါတယ်။ ဒါကြောင့် ဂိမ်းမထွက်ခင်မှာ ဆော့ကစားကြည့်ချင်သူတွေက Paladins Strike Website မှာ သွားရောက် လျှောက်ထားနိုင်ပါတယ်။ အခုမှ Alpha Testing အဆင့်ပဲရှိသေးတော့ Official Launch လုပ်ဖို့အတွက်တော့ နည်းနည်းစောင့်ရဦးမယ်လို့ ယူဆရပါတယ်။ Paladins Strike နဲ့ပတ်သက်ပြီး နောက်ထပ်သတင်းတွေ ထပ်မံရရှိခဲ့ရင် ဒီနေရာကနေ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password