Mobile Legend : National Arena Contest Championships Round 2 အခြေအနေများ!

Mobile Legend ပြိုင်ပွဲကြီးဖြစ်တဲ့ Arena Contest Championships Round 2 အပြီးအခြေအနေကိုဖော်ပြသွားမှာဖြစ်ပါတယ်။ Round 2 မှာ Indonesia, Philippines, Singapore နဲ့ Malaysia စတဲ့ Asian နိုင်ငံတွေဝင်ရောက်ယှဉ်ပြိုင်ရာမှာရလဒ်ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

 

–               Indonesia 2 : 1 Singapore

–     The Philippines 2 : 1 Malaysia

–              Singapore 2 : 1 Indonesia

Ranking လုပ်လိုက်တဲ့အချိန်မှာတော့အောက်ပါပုံအတိုင်း Philippines က ၉ မှတ်နဲ့ ဉီးဆောင်နေတာပဲဖြစ်ပါတယ်။

 

 

Philippines ကဉီးဆောင်နေတယ်ဆိုပေမဲ့အားလုံးရဲ့ Score တွေကသိပ်မကွာတာကိုတွေ့ရမှာပါ။ အဲတော့ ထိပ်ကဉီးဆောင်နေတဲ့ Philippines အပါအဝင်ကျန်တဲ့ နိုင်ငံကိုယ်စားပြုအသင်းတွေအနေနဲ့ တတ်နိုင်သမျှအမှားနည်းအောင်ဆော့ဖို့တော့လိုအပ်ပါတယ်။ Philippines ကထိပ်ဆုံးရောက်နေတယ်ဆိုပေမယ့် နောက် ၃ ပွဲကို အမှားများများဆော့ရင် Indonesia ကကျော်တတ်သွားမှာဖြစ်တာကြောင့် အမှားကို တတ်နိုင်သမျှနည်းအောင်သတိထားရမှာပဲဖြစ်ပါတယ်။ နောက်ဆုံးဖြစ်နေတဲ့ Malaysia အနေနဲ့လည်း အမှားနည်းမယ်ဆိုရင်အခွင့်အရေးတွေကစောင့်ကြိုနေမှာပဲဖြစ်ပါတယ်။ သူတို့ဆော့ထားတဲ့ Replay တွေကိုတော့ Mobile Legend Official Page (သို့) Youtube ကနေတဆင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ပတ် Round 3 ပြီးရင်လည်း အခုလို အခြေအနေတွေကို ဖော်ပြပေးသွားမှာဖြစ်လို့ Playon ကိုမကြာခဏလာလည်ကြဖို့အကြံပြုပါရစေ။

 

 

Source : Mobile Legend 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password