NewsReviews

Mobile Legends: Bang Bang ဂိမ်းထဲက မြန်မာဟီးရိုး Minsitthar

မင်္ဂလာပါပရိတ်သတ်ကြီးရေ…..။ Mobile Legends ရဲ့အရှေ့တောင်အာရှနိုင်ငံတွေအပေါ်လွှမ်းမိုးနိုင်မှုနဲ့ အောင်မြင်မှုတွေကိုတော့ အားလုံးမြင်တွေ့ကြပြီးဖြစ်မှာပါ။ တိုးတက်လာတဲ့ ကစားသူဦးရေနဲ့တရားဝင်ပြိုင်ပွဲတွေပါကျင်းပနေပြီဖြစ်တဲ့ မြန်မာနိုင်ငံဟာလည်း Moonton ကုမ္မဏီအတွက်အာရုံစိုက်စရာဈေးကွက်တစ်ခုဖြစ်လာပါပြီ။ အချို့နိုင်ငံတွေရဲ့ national heroes တွေထွက်ရှိလာပြီးနောက်မှာတော့ မြန်မာနိုင်ငံက player တွေအတော်များများစောင့်ဆိုင်းနေကြတဲ့ Myanmar National Hero ဟာ MLBB ရဲ့ advanced server မှာစမ်းသပ်ဆော့ကစားဖို့ရောက်ရှိလာပြီဖြစ်ပါတယ်။ Hero နာမည်ကို Minsitthar လို့အမည်ပေးထားပြီး မြန်မာသူရဲကောင်းကျန်စစ်သားကို ကိုယ်စားပြုတယ်ဆိုတာအားလုံးသိကြမယ်ထင်ပါတယ်။

ဒီလို hero တစ်ကောင်ဖြစ်လာဖို့ မြန်မာ player တွေ လပေါင်းများစွာတောင်းဆိုခဲ့ရတာဖြစ်ပြီး ဇော်ဂျီ၊အနော်ရထာစတဲ့ ဇာတ်ကောင်တွေထဲကကျန်စစ်သားကို ရွေးချယ်ခဲ့တာပါ။ Design ဆွဲတဲ့အပိုင်းမှာလည်း Moonton ဘက်ကဆွဲတဲ့ပုံစံက မြန်မာသူရဲကောင်းနဲ့မတူညီတဲ့အတွက်ပြန်လည်ပြင်ဆင်ဆွဲခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် MLBB hero Minsitthar ဟာ Moba game ထဲက ပထမဦးဆုံးမြန်မာ hero အဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

Skill Review
စာရေးသူအနေနဲ့ Minsitthar ရဲ့ skill တွေကိုအနည်းငယ် review လုပ်ပေးသွားမှာဖြစ်ပါတယ်။ တစ်ခုကြိုပြောစရာရှိတာက အခု skill တွေဟာ beta ပေးဆော့ထားတဲ့ advanced server က skill တွေဖြစ်ပြီး official ထွက်လာရင်တော့ nerf ခံရတာတွေ အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။

Passive Skill – All United
All United လို့ခေါ်တဲ့ passive skill ကတော့ ကိုယ့်ဘက်ကအခြား hero တစ်ယောက်ကနေရန်သူဘက်က hero တစ်ယောက်ယောက်ကို သတ်လိုက်တာနဲ့ Minsitthar ဟာ 80 gold အလိုလျှောက်ရရှိနေမှာပါ။ ဒါ့အပြင် Minsitthar ကရန်သူ hero တစ်ယောက်ယောက်ကို သတ်လိုက်ရင်လည်း ကိုယ့်အဖွဲ့သားလေးယောက်ကိုတစ်ယောက် 20 gold စီရရှိစေမှာ ဖြစ်ပါတယ်။ ဒီ skill ကတော့ကိုယ့်အတွက်ရော အဖွဲ့အတွက်ပါကောင်းကျိုးပြုမယ့် skill ဖြစ်ပြီး စောစောစီးစီး battle လိုက်ဆိုင်ရင်းနဲ့တစ်ဖွဲ့လုံးကြမ်းသွားနိုင်မယ့်အကွက်ဖြစ်ပါတယ်။

Skill 1 – Spear of Glory
ဒီ skill ကတော့ franco ရဲ့ချိတ်ဆွဲတဲ့ skill နဲ့ဆင်တူပါတယ်။ Minsitthar ဟာသူ့ရဲ့လှံကိုအရှေ့တည့်တည့်ဆောင့်ထိုးလိုက်မှာဖြစ်ပြီးလမ်းတစ်လျှောက်ရန်သူတွေကို damage သက်ရောက်စေမှာပါ။ ဒါ့အပြင်ရဲ့လှံနဲ့ထိတဲ့ရန်သူကို သူ့ဆီဆွဲယူလိုက်မှာဖြစ်ပြီး knock back နဲ့ damage ထပ်ပြီးသက်ရောက်စေမယ့်အပြင် Minsitthar ရဲ့ attack speed ကိုပါတိုးပေးသွားမှာဖြစ်ပါတယ်။ Franco နဲ့မတူတာကတော့ creep ကိုမဆွဲပဲ hero သီးသန့်ဆွဲမှာဖြစ်ပါတယ် 😎 ။ ဒီ skill ကြောင့် high rank ပွဲတွေမှာ auto ban ခံရမယ့် hero လိုကြိုပြီးအပြောခံနေရတာတွေလည်းရှိပါတယ် 😅 ။

Skill 2 – Shield Assult
Minsitthar ဟာသူ့ရဲ့ဒိုင်းစွမ်းအားကိုပြစ်ထုတ်လိုက်မှာဖြစ်ပြီးပထမဦးဆုံးထိတဲ့ ရန်သူကို stun နဲ့အနားကအခြားရန်သူတွေကို knock back အပြင်အနီးနားကရန်သူအားလုံးကို damage သက်ရောက်စေမှာ ဖြစ်ပါတယ်။ တစ်ချိန်ထဲမှာပဲ Minsitthar အတွက် shield နဲ့ movement speed bonus ကိုရရှိမှာဖြစ်ပါတယ်။ Escape နဲ့ control ပေါင်းစပ်ထားတဲ့နောက်ထက် op skill တစ်ခုပဲဖြစ်ပါတယ် 😂 ။

Skill 3 – King’s Calling
Minsitthar ဟာအရှေ့ကိုအနည်းငယ်ခုန်လိုက်မှာဖြစ်ပြီးတော်ဝင်သက်တော်စောင့်လေးယောက်ပါဝင်တဲ့ wukong command (အဲလေ ယောင်လို့ 😁) ကွင်းတစ်ကွင်းပေါ်လာမှာ ဖြစ်ပါတယ်။ ကွင်းထဲမှာနေရင် Minsitthar အတွက်များပြားတဲ့ attack နဲ့ defence bonus တွေပေါင်းပေးမှာဖြစ်ပြီးရန်သူတွေကတော့နှေးသွားမှာပါ။ ဒါ့အပြင်ရန်သူတွေအနေနဲ့ကွင်းထဲမှာ လမ်းညွှန်ချက်နဲ့သုံးရတဲ့ blink skill (directional blink skill) တွေသုံးလို့ရမှာမဟုတ်ပါဘူး။ ကွင်းထဲမှာလှုပ်ဖို့ခက်နေတဲ့ ရန်သူကို ရုပ်ချင်းဆင်တဲ့ ညီအကိုငါးယောက်ပေါင်းပြီး ဝိုင်းရိုက်ရမှာဖြစ်ပါတယ် 😝 ။ သက်တော်စောင့်တွေရဲ့ damage က Minsitthar damage ရဲ့အချိုးတစ်ခုအလိုက်တိုးလာမှာဖြစ်ပြီး ကွင်းထဲမှာရန်သူတစ်ယောက်ထက်ပိုနေရင်တော့ Minsitthar ခုတ်နေတဲ့ရန်သူကိုဦးစားပေးပြီးဝိုင်းခုတ်မှာဖြစ်ပါတယ်။

Playstyle Guess by Waziyn
စာရေးသူအနေနဲ့ Minsitthar hero ရဲ့ gameplay video တချို့ကိုကြည့်ပြီးကစားပုံကိုခန့်မှန်းကြည့်ရရင် Fighter/Initiator နဲ့ Semi-tank(supp tank) အဖြစ်နှစ်မျိုးကစားလို့ရတာကိုတွေ့ရပါတယ်။ Supp ဖိနပ်ဆက် လမ်းပါတ်ပြီးလှံနဲ့လိုက်ဆွဲ supp ပေးရင်း passive skill နဲ့ဖိနပ်ကနေ gold တွေရပြီး tank အဖြစ်စောစောစီးစီးကစားပေးနိုင်ပါတယ်။ နောက်တစ်ခုက attack item နဲ့ enemy ကြားခုန်ဝင် ulti သုံး၊ ထွက်ပြေးတဲ့ enemy ကိုဆောင့်ဆွဲ၊ ထက်ပြေးနေသေးရင် slow မိနေတဲ့သူတို့အရှေ့ကို flicker နဲ့ကြိုခုန်ပြီး skill 2 နဲ့ကွင်းထဲပြန်ရိုက်ထည့်၊ပြီးရင်စိတ်ကြိုက်ခုတ်နိုင်ပါတယ်(ဒီအကွက်နဲ့ Savage ရရင်ကျော့်ကိုမမေ့နဲ့နော် 😜) ။

Minsitthar ဟာ attack, defence, health regen စတဲ့နဂို stats တွေကလည်းကောင်းတဲ့ hero ဖြစ်ပြီး skill တွေကလည်းအခုအနေအထားနဲ့ဆိုကြမ်းလွန်းနေပါတယ်။ ဒီလိုမျိုးကြမ်းတဲ့ပထမဦးဆုံးမြန်မာ Moba hero ကိုကြိုဆိုတဲ့အနေနဲ့ ဒီ review ကို ရေးတာဖြစ်ပြီး မြန်မာ Ml player အားလုံးကို မြန်မာ hero နဲ့အတူ rank တွေတက်နိုင်ပါစေလို့ ဒီနေရာကနေဆုတောင်းပေးရင်းဒီလောက်နဲ့ ရပ်နားခွင့်ပြုပါဦး။ သာယာတဲ့ gaming နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password