ဖုန်းလေးနဲ့ Defense Of The Ancient 2(Dota2) ဆော့နေရသလိုခံစားမှုမျိုးပေးမယ့် Mobile Legend : Bang Bang!

Defense of The Ancient နဲ့ဆင်ပါတယ်၊ ဒါပေမဲ့မတူပါဘူး။ Hero တွေ၊ Itemsတွေ၊ Skin တွေက Defense Of The Ancient နဲ့လုံးဝမတူပါဘူး။ Skin ဆိုတာကတော့ Hero တိုင်းမှာရှိပါတယ်။ Hero တစ်ယောက်ချင်းစီအတွက်လှအောင်ပုံစံအမျိုးမျိုးလုပ်ပေးထားတာပါ။ 5 Versus 5 ဆော့ရမဲ့ဂိမ်းလေးဖြစ်ပါတယ်။ဒီမှာ Mobile Legend နဲ့ Dota2 ကိုယှဥ်မပြောတော့ဘဲ Mobile Legend အကြောင်းလေးပဲပြောပါရစေ။

Map အနေအထားလေးပြောချင်ပါတယ်။ Map တစ်ခုလုံးမှာ Lane 3 Lane ရှိပါတယ်။ အဲ့ဒါကတော့ Top, Middle နဲ့ Bottom တို့ပဲဖြစ်ပါတယ်။  Jungle Area ကို 4 ပိုင်းခွဲထားပါတယ်။ Map တစ်ခုလုံးမှာအကောင်အကြီးဆုံး Wild Boss နှစ်ကောင်ရှိပြီး Tower တွေအနေနဲ့စုစုပေါင်း 18 လုံးရှိတာကိုတွေ့ရမှာပါ။ Towerတွေချိုးပြီးရန်သူ့စခန်းက Throne ကြီးကိုချိုးနိုင်တဲ့အဖွဲ့ကအနိုင်ရမှာပါ။

ဒီဂိမ်းမှာနိုင်ငံပေါင်းစုံကလူတွေနဲ့မိတ်ဆွေတွေ့ရမှာပါ။ 5 Vs 5 Battle မှာမိတ်ဆွေကမိမိဘက်မှာ Performance အကြမ်းဆုံးပြနိုင်ခဲ့ရင်တော့ MVP(Most Valuable Player)ဆိုတဲ့ Title ကိုရရှိမှာပါ။ အဲ့လိုရခဲ့ရင်မိတ်ဆွေဘာလုပ်မှာလဲဆိုတာမသိပေမယ့် ကျွန်ကတော်ကတော့ မြန်မာနိုင်ငံကလူသုံးများတဲ့ Social Media Facebook ပေါ်မှာတင်ပြီးကြွားပါတယ်။ မိတ်ဆွေလည်းစိတ်ပါရင်ကြွားနိုင်ပါတယ်။ Mobile Legend ရဲ့ Developer ဖြစ်သူ Moonton ကိုယ်တိုင်က “Play To Win Not Pay To Win” လို့ပြောထားတာကြောင့် ဒီဂိမ်းဟာ Fair ဖြစ်နေတာကိုတွေ့ရမှာပါ။ အနိုင်အရှုံးက Player တွေရဲ့ Skill နဲ့ Strategy အပေါ်မှာပဲသက်ဆိုင်ပါတယ်။ ဒါပေမယ့်တစ်ခုရှိတာက ဒီဂိမ်းက 5 Vs 5 ဖြစ်တာကြောင့် Teamwork မရှိရင်နိုင်ဖို့ခက်ပါတယ်။ ရန်သူဘက်ကမိတ်ဆွေထက်တော်တော်သာနေတဲ့အနေအထားရောက်နေရင်တောင် မိတ်ဆွေရဲ့ Team က Teamwork ရှိနေရင်ပြန် comeback နိုင်ပါတယ်။

ပြီးတော့ဒီဂိမ်းက မိတ်ဆွေဝင်ပြီးခဏကြာတာနဲ့ဆော့နိုင်မှာပါ။ဘာလို့လဲဆိုတော့ Matchmaking က ၁၀ စက္ကန့်ပဲကြာတာမလို့ပါ။ပြီးတော့Battle ကြာချိန်ကပျှမ်းမျှ ၁၀ မိနစ်လောက်ပဲကြာတာကိုတွေ့ရမှာပါ။ ဒီဂိမ်းက Mobile ဂိမ်းဖြစ်တာကြောင့်ဆော့မယ်ဆိုရင်မိတ်ဆွေလက်ချောင်းနှစ်ချောင်းပဲလိုတာပါ။ ထိန်းရတာလွယ်ပြီးရိုးရှင်းတဲ့ဂိမ်းဖြစ်ပါတယ်။ ဘေးနားကပေးထားတဲ့ Spell တွေကိုနှိပ်ပြီးရန်သူကိုချနိုင်သလို ခလုတ်အကြီးဆုံးကိုနှိပ်ပြီး Physical Attack တွေနဲ့လည်းဖိုက်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီ Physical နဲ့ဖိုက်တာတွေ၊ Spell တွေနဲ့ဖိုက်တာတွေကိုပိုကြမ်းချင်ရင်တော့ Item တွေဝယ်ရမှာပဲဖြစ်ပါတယ်။ Item တွေက Guide နဲ့ပါ။ Item ဖိုးပိုက်ဆံလောက်ပြီဆိုရင် အပေါ်ဆုံးမှာ ရွေးချယ်စရာ Item နှစ်ခုပြထားမှာပါ။ အဲ့ဒီ Item နှစ်ခုထဲမှာ မိတ်ဆွေက မိမိ Hero လိုအပ်တာကိုရွေးချယ်ရမှာပါ။

ဒီဂိမ်းမှာ Hero ပေါင်း 48 ကောင်ပါဝင်ပါတယ်။ Hero တိုင်းရဲ့ရာဇာဝင်တွေကတော့ ရှေးခေတ်ကလာတာပါ။ ရာဇာဝင်တွေကတူပေမဲ့ ပုံစံတွေကတော့ 3D Animation နဲ့ကြည့်လို့ကောင်းအောင်ပြန်ပြင်ထားတာကြောင့်တူတော့မှာမဟုတ်ပါဘူး။ Hero အမျိုးအစားအနေနဲ့ကတော့ Tanks, Mages, Marksmen, Assassins, Support ဆိုပြီးခွဲထားပါတယ်။ မိတ်ဆွေ hero က Tank ဆိုရင် Armor များတဲ့ item ကိုဆက်ရမှာဖြစ်ပါတယ်။ Mage ဆိုရင်တော့ Spell သုံးတဲ့အခါမှာ Magic Damage ပိုများမယ့် Item ကိုဝယ်ရမှာဖြစ်ပါတယ်။ Marksman နဲ့ Assassin ဆိုရင်တော့ Attack Speed နဲ့ Physical Damage များများပေးမဲ့ item မျိုးကို ဝယ်ရမှာဖြစ်ပါတယ်။ Support ဆိုရင်တော့ မိမိအဖွဲ့ Battle ဆိုင်တဲ့အခါအသာရစေနိုင်မယ့် Item မျိုးကိုဝယ်ရမှာဖြစ်ပါတယ်။

Item တွေကိုဒီအတိုင်းဝယ်မှနိုင်မယ်လို့တော့မဆိုလိုပါဘူး။ တော်တော်များများကဒီအတိုင်းဝယ်ကြလို့ စဆော့မယ့်လူတွေကိုအကြံပေးတာဖြစ်ပါတယ်။ နောက်ပိုင်းမိတ်ဆွေကျွမ်းကျွမ်းကျင်ကျင်ဆော့တတ်လာရင်တော့ Tank ကို Assassin item ဝယ်တာတို့၊ Support ကို Mage ပုံစံမျိုးဆော့တာတို့ အစရှိတာတွေကို New Meta အနေနဲ့ဆော့ကစားနိုင်ပါတယ်။ ဒီဂိမ်းက online ဂိမ်းဖြစ်ပါတယ်။ Online ဂိမ်းဖြစ်တာကြောင့်လိုင်းကျသွားတဲ့ အခြေအနေတွေရှိလာနိုင်ပါတယ်။ ဒါပေမဲ့Mobile Legend ဆိုတဲ့ဂိမ်းမှာတော့စိုးရိမ်စရာမရှိပါဘူး။ ဘာလို့လဲဆိုတော့သူ့မှာ လိုင်းကျသွားရင်တောင်ခဏတာထိန်းချုပ်ပေးနိုင်တဲ့ AI System ပါတာကြောင့်ပါ။ မိတ်ဆွေလိုင်းကျလို့ခဏထွက်သွားရင်တော့ AI ကမိတ်ဆွေရဲ့ Character ကိုထိန်းပေးနေမှာဖြစ်တာကြောင့်မိတ်ဆွေအဖွဲ့အတွက်နစ်နာစရာမရှိပါဘူး။လူမမျှတဲ့အခြေအနေတွေလည်းရှိလာမှာမဟုတ်ပါဘူး။

ဒီဂိမ်းဆော့နေရင်းရှောင်လွှဲမရတဲ့ဖုန်းတွေလာရင်တော့မိတ်ဆွေသေပါပြီ။အထူးသဖြင့် မိတ်ဆွေရဲ့ ကောင်လေး (Or) ကောင်မလေးဆီကပေါ့။ အဲ့လိုအခြေအနေဆိုရင် gg ပါပဲ။

Free To Play ပါ။ Free To Play ဆိုပေမဲ့အပေါ်မှာပြောခဲ့တဲ့ Hero Skin တွေကိုတော့ တကယ့်ပိုက်ပိုက်(ပိုက်ဆံ) နဲ့ပေးဝယ်ရမှာပါ။ Android နဲ့ IOS နှစ်မျိုးလုံးကစားနိုင်ပြီး Strategy နဲ့ Action နှစ်မျိုးရောစပ်ထားတဲ့ဂိမ်းလေးဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.mobile.legends&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password