News

MOBA အသွင်နဲ့ မိုလ်ဘိုင်း platform ပေါ်က Vainglory 5V5

Strategy ဂိမ်းများကို နှစ်သက်သူတွေ အတွက် MOBA ပုံစံနဲ့ တိုက်ရခိုက်ရမယ့် ဂိမ်းလေးကတော့ Vainglory 5V5 ဘဲ ဖြစ်ပါတယ်။ အစထွက်ရှိတုန်းကတော့ 3v3 နဲ့အတူ လမ်းတစ်လမ်း သာပါရှိခဲ့ပြီး အခုတစ်ခါမှာကတော့ သူတို့ရဲ့ ဂိမ်းရဲ့ အောင်မြင်မှုအဖြစ် 5v5 ပုံစံနဲ့ new version အနေနဲ့ထွက်ရှိလာပြီဖြစ်ပါတယ်။

သင်နဲ့အတူ အခြား သူငယ်ချင်း ၄ ယောက်ပေါင်းပြီး တစ်ဖက်အသင်း ၅ ယောက်နဲ့ တိုက်ရခိုက်ရမှာ လည်းဖြစ်တဲ့အတွက် အသင်းနဲ့ ဆော့ကစားချင်သူများအဖို့ သဘောကျမယ့် ဂိမ်းကောင်းတစ်ခုလို့ဆိုရမှာပါ။ Developer များအနေနဲ့ အရင်ထွက်ရှိပြီးသား gameplay ပုံစံထက် အနည်းငယ်နည်းပညာပိုင်းများမှာ အဆင့်မြင့်ပြီး ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ Developer များအနေနဲ့ သူတို့ရဲ့ ပေးဆပ်မှုများဟာ မိုလ်ဘိုင်း Gamers များအဖို့ အားရကျေနပ်မှုတွေ ယူဆောင်ပေးနိုင်ခဲ့တယ်လို့လည်း မြင်မိပါတယ်။

ကြိုက်နှစ်သက်ရာ မတူညီတဲ့ ဟီးရိုးများကို ရွှေးချယ်ပြီး တိုက်ခိုက်ခြင်း၊ ခုခံကာကွယ်ခြင်း စတာတွေကို Strategy Team Fight အနေနဲ့  လမ်း ၃ လမ်း(3 Lanes) မှာ ဆော့ကစားရမှာဖြစ်ပြီး မြေပုံဟာလည်း ဆန်းသစ်နေမှာပါ။ ဒါ့ကြောင့် MOBA strategy ဂိမ်းများကို ဆော့ကစားနေသူများအနေနဲ့ သဘောတွေ့မှာပါ။ ပါဝင်လာတဲ့ ဟီးရိုးများနဲ့ in-game characters များဟာလည်း ဆန်းသစ်မှုနဲ့အတူ အမြင်တစ်မျိုးအဖြစ် ပြောင်းလဲပေးမှာလည်း ဖြစ်ပါတယ်။

Playon မိတ်ဆွေများအနေနဲ့ MOBA အသွင်ပုံစံ ဂိမ်းများရဲ့ ပရိသတ် ဆိုရင်တော့ ဒီ Vainglory 5v5 strategy ဂိမ်းလေးကို ရယူပိုင်ဆိုင်ထားသင့်ပါတယ်။ ဂိမ်းကိုတော့ မိုလ်ဘိုင်း Platform များဖြစ်ကြတဲ့ Google Play Store နဲ့ App Store များမှာ Free to Play နဲ့ရယူနိုင်ပြီ ဖြစ်တဲ့အတွက် မိတ်ဆွေသူငယ်ချင်းများ ရယူနိုင်ဖို့အတွက် ဖော်ပြရင်း ကြုံတွေ့မယ့် တိုက်ပွဲတိုင်းမှာ . . . . . . .  အောင်မြင်မှုဆင်မြန်းနိုင်ကြပါစေ။

 

Google Play Store

App Store

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: