Reviews

မိုလ်ဘိုင်းဖုန်းနဲ့ကစားလို့ရနေပြီဖြစ်တဲ့ MLB Tap Sports Baseball 2018

ပြီးခဲ့တဲ့ မတ်လ(၂၈) ရက်နေ့တုန်းက နာမည်ကြီး ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Glu ဟာ MLB Tap Sports Baseball 2018 ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ တကယ့် အပြင်က MLB (Major League Baseball)  ပြိုင်ပွဲကို ဝင်ပြိုင်နေသလားတောင် ထင်မှတ်မိစေတဲ့ MLB Tap Sports Baseball 2018 ဟာလည်း အခုဆိုရင် နာမည်ကြီးရေပန်းစားနေတဲ့ ဂိမ်းတစ်ခုအဖြစ်ရပ်တည်နေပါပြီ။

ရင်သက်ရှုမောဖွယ်ရာ ပြိုင်ဆိုင်ရမယ့် ပြိုင်ပွဲဂိမ်းတစ်ခုဖြစ်ပြီး ကြည်လင်ပျက်သားနဲ့ HD resolution နဲ့ audio ပိုင်းကြောင့် ကစားနေရင်းနဲ့ကို ရင်ထဲတဒိန်းဒိန်း ဖြစ်နေမှာပါ။ ကိုယ့်ရဲ့ သူငယ်ချင်းနဲ့ ယှဉ်ပြိုင်ချင်ရင်ပဲဖြစ်ဖြစ် club တွေနဲ့ ချိတ်ဆက်ပြီးယှဉ်ပြိုင်ရင်ပဲဖြစ်ဖြစ် ရသလို နေ့စဉ် ပွဲစဉ်တွေကလည်း အမြဲမပျက်ရှိနေမှာပါ။ အပြင်မှာ baseball ချံပီယံမဖြစ်နိုင်ရင်တောင် ဂိမ်းထဲမှာ ချံပီယံလုပ်လို့ရနေပြီနော်။ 😂

Update တွေအများကြီး ထွက်ရှိထားပြီး သူတို့တွေထဲကမှ Create-A- Player feature နဲ့ Pick’em feature က လူကြိုက်များပိုများပါတယ်။ Create-A- Player feature မှာ Player က ကစားသမားတွေရဲ့ပုံစံကို ကိုယ့်စိတ်ကြိုက်ပုံဖော်နိုင်မှာဖြစ်ပြီး Pick’em feature မှာတော့ ဘယ်အသင်းနိုင်မှာလဲဆိုတာကို ကြိုတင်ခန့်မှန်းလို့ရမှာပါ။ Baseball အားကစားရဲ့ နည်းပျူဟာတွေနဲ့ တကယ့်ကွင်းထဲကိုရောက်ရှိသွားသလိုခံစားရတဲ့ ခံစားချက်တွေက players တွေကို MLB ရဲ့ အတွေ့အကြုံအသစ်တွေ ပေးနိုင်ပါတယ်။

Major League Baseball (MLB) ဟာ US မှာ အရမ်းကို နာမည်ကြီးတဲ့ baseball league တစ်ခုဖြစ်ပြီး US နဲ့ ကနေဒါက အဖွဲ့ဝင်၃၀ရှိတဲ့အသင်းတွေ ပါဝင်ပါတယ်။ MLB Tap Sports Baseball 2018 ကို Google Play နဲ့ App Store တို့မှာအခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

 

Download link – Android/ IOS

Source

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: