News

Mission: Impossible – Fallout နဲ့ပူးပေါင်းပြီး Battle Royale Mission တစ်ခုကိုဖန်တီးလိုက်တဲ့ PUBG Mobile 

Mission: Impossible ကြိုက်နှစ်သက်တဲ့ PUBG fan တွေအတွက် သတင်းကောင်းလို့ပဲဆိုရမလား…..

လက်ရှိမှာ Download ဆွဲသူဉီးရေ 100M ကျော်နဲ့ အကောင်းဆုံး Battle Royale ဂိမ်းတစ်ခု အဖြစ်ရပ်တည်လျက်ရှိနေတဲ့ PUBG အတွက် Tencent Games ဟာ မကြာသေးခင်အချိန်ကထွက်ရှိထားတဲ့ Mission: Impossible – Fallout ဇာတ်ကား ကိုအခြေခံထားတဲ့ Crossover event တစ်ခု ကို PUBG mobile အတွက်ဖန်တီးပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီ event အသစ်ကိုတော့ PUBG ရဲ့နောက်ဆုံး update မှာထည့်သွင်းပေးသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။

အသစ်ဖန်တီးထားတဲ့ Battle Royale Mission မှာဆိုရင် Player အနေနဲ့ Mission: Impossible ရဲ့ Secret agent ပုံစံမျိုးကစားရမှာပါ။ ဒါ့အပြင် Mission: Impossible – Fallout (MIF) ဇာတ်ကားထဲက နောက်ခံတေးသွားတွေနဲ့ လေထီးပုံစံအနေအထားကို လည်း Customize လုပ်သွားနိုင်မှာဖြစ်တယ်လို့လဲသိရပါတယ်။ Theme ရဲ့ Challenge တွေအနေနဲ့ Team Rush၊ Survival နဲ့ First person perspective ပုံစံမျိုးတွေရှိမှာဖြစ်တယ်လို့လဲသိရပါတယ်။ အဲ့လို Challenge တွေဆော့ပြီး အောင်မြင်တဲ့အခါမှာလည်း Player တွေအနေနဲ့ MIF မှာပါဝင်တဲ့ Outfit လေးတွေကို reward အဖြစ်ရရှိဉီးမှာလည်းဖြစ်ပါတယ်။ ဆိုတော့ Mission Impossible အထူးသဖြင့် အရင်အပတ်ကမှ Fallout ကြည့်ထားတဲ့ PUBG player တွေဆို ဒီ update ကိုတော်တော်လေးကြိုက်နှစ်သက်လောက်မှာပါ။

Tencent Games ဖန်တီးလိုက်တဲ့ Promotional campaign ကိုစိတ်ဝင်စားပြီး PUBG mobile ကိုစမ်းဆော့ကြည့်ချင်တဲ့ မိတ်ဆွေတွေသာမက စိတ်ဖြတ်ထားပြီး ပြန်လည် Download ဆွဲဆော့ကစားချင်လာတဲ့ မိတ်ဆွေတွေပါအဆင်ပြေသွားအောင် အောက်မှာ ဒေါင်းလုပ်လင့်ခ်ကို တစ်ဖန်ပြန်ပေးလိုက်ပါတယ် ခင်ဗျာ။ 😆)

 

Download link – Android/ iOS

Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: