တွန့်လိမ်ကွေ့ကောက်တဲ့ လမ်းမကြီးပေါ်မှာကားပြိုင်ရမယ့် Mini Racing Adventures Mobile Game

ဒီတခါမှာတော့ Playon ပရိသတ်ကြီးကိုမိတ်ဆက်ပေးချင်တာကတော့ Mini Racing Adventures ဆိုတဲ့ 3D Game ပဲဖြစ်ပါတယ်။Game Platform အနေနဲ့ Andriod နဲ့ iOS Platform အနေနဲ့ထွက်ရှိထားတာဖြစ်ပါတယ်။

ဂိမ်းပုံစံကတော့ တောင်ကုန်းတွေ ဆင်ခြေလျောတွေဆီကို တောင်တက် တာယာအသုံးပြုထားတဲ့ Ranger ကားကြီးတွေနဲ့ ပိုင်ပွဲဝင်ရမှာဖြစ်ပါတယ်။ လမ်းတွေက ကြမ်းတမ်းပြီး အမြင့်ခုန်တွေမှာ ဘရိတ်ကို ကျွမ်းကျင်စွာအသုံးပြုနိုင်မှ Game Fail မဖြစ်မှာပဲ ဖြစ်ပါတယ်။ အခုကတော့ Halloween Version နဲ့ Update ထွက်တာဖြစ်လို့ တကယ့်ကို Game ဇာတ်ကောင်ဆန်းဆန်းတွေနဲ့ ကားအသစ်ဆန်းတွေ ထည့်ပေးထားတာဖြစ်ပါတယ်။

Racing တလျှောက်မှာ ဆီကို အပြည့်ပေးထားတာမဟုတ်ပဲ သတ်မှတ်ထားတဲ့နေရာမှာ ဆီကုန်လောက်မယ့်အနေအထားကို ချိန်ပြီး ပေးထားတာဖြစ်ပါတယ်။ တကယ်လို့ Player က လမ်းမှာ အခက်အခဲတစ်ခုခုကြောင့် ကုန်းတက်ကုန်းဆင်းတွေမှာ ကြန့်ကြာနေမယ်ဆိုရင်တော့ ဆီပြတ်ပြီး ရှုံးနိမ့်သွားမှာဖြစ်ပါတယ်။

ဂိမ်းရဲ့ ပုံစံ သုံးမျိုးရှိပြီးတော့ Training Mode, Ghost Mode နဲ့ Cup တို့ဖြစ်ပါတယ်။ Training Mode မှာ တပွဲလောက် စတင်ဝင်ကစားလိုက်မယ်ဆိုရင်ပဲ Guide Line ပေးမှုကြောင့် ဂိမ်းရဲ့ သဘောတရားကို ချက်ချင်းနားလည်သွားမှာဖြစ်ပြီး Ghost Mode နဲ့ Cup တို့ကို ဝင်ပြိုင်ဖို့အဆင်သင့်ဖြစ်သွားမှာ ဖြစ်ပါတယ်။ လမ်းတလျှောက်မှာပေးထားတဲ့ Coin တွေကို ရရှိမှာဖြစ်ပြီးတော့ ကားသစ်ကြီးတွေကို ကြိုက်ရာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ရုပ်ထွက်ကောင်းမွန်တဲ့ ပုံစံက Mini Racing Advetures Game ရဲ့ အားသာချက်ဖြစ်ပြီး Update အသစ်တိုင်းမှာ ကားအသစ်တွေ ချပေးတာဖြစ်ပါတယ်။ ဂိမ်းရဲ့ အသံစနစ်ကလည်း အထူးကောင်းမွန်တဲ့အတွက် ကိုယ်တိုင် တကယ့် Racing Road ထဲ ရာက်ရှိနေသလို ကောင်းမွန်တဲ့ အတွေ့အကြုံကို ခံစားမိစေမှာဖြစ်ပါတယ်။

Online နဲ့ ချိတ်ဆက်ကစားမယ်ဆိုတော့ ကိုယ့်လို Online ကစားသူတွေနဲ့ Join ပြီး စိန်ခေါ်ယှဉ်ပြိုင်မှုတွေလုပ်နိုင်တဲ့ ပျော်စရာ Game လေးပဲဖြစ်ပါတယ်။ Game ကို Google Play ကနေ Gmail နဲ့ ချိတ်ပြီး ကစားရင် အကြောင်းအမျိုးမျိုးကြောင့် ဂိမ်းကပျက်သွားရင်တောင် အသစ်အနေနဲ့ အစက ပန်ကစားစရာမလိုပဲ ကိုယ် အရင်က ကစားနေတဲ့ နေရာကို ပြန်လည်ရောက်ရှိမှာပဲဖြစ်ပါတယ်။ တကယ်လို့ Mini Racing Adventures Game လေးကို Playon ပရိတ်သတ်ကြီးအနေနဲ့ စိတ်ပါဝင်စားလို့ ကစားချင်ရင်တော့ Mini Racing Adventures Mobile Game မှာ Download ရယူနိုင်မှာပဲဖြစ်ပါတယ်။

 

 

 

Image Source : Mini Racing Adventures 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password