Reviews

စစ်တပ်ကြီးတွေအချင်းချင်းတိုက်ခိုက်တာကိုမြင်တွေ့ရမယ့် Mini Guns!

စစ်တပ်ကြီးတွေဆိုပြီး အမိုက်စား၊ အကြမ်းစားကြီးတွေလို့မမြင်လိုက်ဖို့ဦးစွာပြောပါရစေ။ အဲ့လိုပြောလိုက်လို့ Graphic စုတ်စုတ်ပြတ်ပြတ် နဲ့ Pixel ပုံစံလို့လည်း မမြင်ဖို့ ထပ်မံပြောပါရစေ။ ဒီဂိမ်းဟာ Graphic ကောင်းကောင်းနဲ့ 3D Cartoon ပုံစံလေးဖြစ်နေပြီးချစ်စရာကောင်းအောင်ဖန်တီးထားတာကြောင့်အသက်အရွယ်မရွေးကြိုက်ကြမယ့်ဂိမ်းလေးဖြစ်ပါတယ်။ Strategy ကောင်းကောင်းနဲ့ဆော့မှသာ အနိုင်ရရှိမယ့်ဂိမ်းလေးဖြစ်ပါတယ်။ ဒီဂိမ်းမှာမိတ်ဆွေ ကစစ်တပ်ကြီးတစ်ခုရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ခေါင်းဆောင်ဖြစ်နေတဲ့ အတွက်မိတ်ဆွေစစ်တပ်ရဲ့ အနိုင်အရှုံးက မိတ်ဆွေအပေါ်မှာပဲမူတည်ပါတယ်။

စစ်တပ်မှာ Republic နဲ့ Dominion ဆိုပြီးအဖွဲ့ နှစ်ခုရှိနေမှာဖြစ်ပါတယ်။ Republic က အပြာရောင်အနေနဲ့ရှိနေမှာဖြစ်ပြီး Dominion ကတော့အနီရောင်အနေနဲ့ရှိနေမှာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့နှစ်ခုထဲက မိတ်ဆွေကြိုက်ရာ အဖွဲ့ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဂိမ်းထဲမှာက အဲ့ဒီအဖွဲ့နှစ်ခုပဲပါဝင်တာကြောင့် မိတ်ဆွေက Republic ကိုရွေးချယ်ရင် Dominion နဲ့တိုက်ခိုက်ရမှာဖြစ်ပြီး Dominion ကိုရွေးချယ်ရင်တော့ Republic နဲ့တိုက်ခိုက်ရမှာဖြစ်ပါတယ်။ Dominion ရော Republic စစ်တပ်နှစ်ခုလုံး မှာပါဝင်တဲ့ စစ်သားတွေရော၊စစ်ယာဉ်တွေရော၊ လက်နက်တွေရော အားလုံးနီးပါး ကအတူတူပါပဲ။ လက်နက်အချို့၊ အရောင်နဲ့ စစ်သားတွေရဲ့ Design ပဲကွဲပြားနေမှာဖြစ်ပါတယ်။ စစချင်းစစ်တိုက်တဲ့အခါမိတ်ဆွေဘက်မှာရော ရန်သူဘက်မှာရော ခံတပ်အဆောက်အအုံတွေရှိနေမှာဖြစ်ပါတယ်။ တစ်ခုက မိတ်ဆွေရဲ့ အဓိက အဆောက်အအုံဖြစ်ပြီးကျန်တဲ့ နှစ်ခုကတော့ ရန်သူတွေကိုပစ်ခတ်ပေးမယ့် အဆောက်အအုံ ဖြစ်ပါတယ်။

 

ခံတပ်အားလုံးကို အရင်ဆုံးဖျက်ဆီးနိုင်တဲ့ စစ်တပ်ကအနိုင်ရရှိမှာဖြစ်ပါတယ်။ ရန်သူရဲ့ခံတပ်အားလုံးကို အရင်ဆုံးဖျက်ဆီးဖို့ဆိုရင် ကျွန်တော်အပေါ်ကပြောခဲ့သလို Strategy ကောင်းကောင်းရှိနေမှ ဖျက်ဆီးနိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်းမှာမိတ်ဆွေက Commander ဖြစ်နေတာကြောင့် စစ်သားတွေ နဲ့ စစ်လေယာဉ်ကို Position ချပြီးတိုက်ခိုက်ရမှာကမိတ်ဆွေရဲ့တာဝန်ပါ။ Strategy လိုအပ်တဲ့နေရာကတော့ အဲ့ဒီ Position ချတဲ့နေရာမှာဖြစ်ပါတယ်။ Position ကို Strategy ကောင်းကောင်းနဲ့ချပြီး တိုက်ခိုက်နိုင်ရင် အေးအေးဆေးဆေးအနိုင်ရရှိမှာဖြစ်ပါတယ်။

ပွဲချိန် ၃ မိနစ်ကျော်သွားရင် မိတ်ဆွေဘက်က အရှုံးပါပဲ။ ဘာလို့လဲဆိုတော့ ၃ မိနစ်ကျော်သွားရင်မိတ်ဆွေ စစ်တပ်မှာရှိတဲ့ ရန်သူတွေကိုပစ်ခတ်ပေးမဲ့ အဆောက်အအုံကအလိုလို ပြိုကျသွားမှာမလို့ပါ။ စစ်သားတွေအမျိုးအစားအများကြီးရှိသလို၊ စစ်လေယာဉ်တွေ လည်းအမျိုးအစားအများကြီးပါဝင်ပါတယ်။  စစ်သားတွေထဲမှာ Sniper Solider, Rocket Solider, Motorcycle Solider စတာတွေအပါအဝင်အမျိုးစားများစွာပါဝင်ပါတယ်။ စစ်ယာဉ်တွေထဲမှာ လည်း Warthog, Sonic Tank, Laser Tank စတာတွေအပါအဝင်အမျိုးအစားများစွာပါဝင်နေတာကိုလည်းတွေ့ရမှာပါ။ Mission တွေနဲ့ တစ်ယောက်တည်းဆော့နိုင်သလို Online မှာGlobal ကလူတွေနဲ့လည်း Multiplayer ဆော့နိုင်မှာဖြစ်ပါတယ်။ Multiplayer ဆော့တဲ့အခါမှာလည်း 1 Vs 1 နဲ့ 2 Vs 2 ဆိုပြီး Option နှစ်ခုရှိနေတာကိုတွေ့ရမှာပါ။ 1 Vs 1 ကတော့နှစ်ယောက်ပဲဆော့ရမှာဖြစ်ပြီး 2 Vs 2 ကတော့ လေးယောက်ဆော့ရမှာဖြစ်ပါတယ်။

Strategy ဂိမ်းဖြစ်တာကြောင့် မိတ်ဆွေစာကျက်ပြီး (သို့) အလုပ်လုပ်ပြီးတဲ့အချိန်ဆော့ ရင် မိတ်ဆွေရဲ့ ဦးနှောက်ကို Refresh ဖြစ်စေမှာပဲဖြစ်ပါတယ်။ Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပြီး Strategy ဂိမ်းကောင်းလေးတစ်ခုဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.ripostegames.miniguns

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: