လာမယ့် Update မှာနေရာအသစ်တစ်ခုနဲ့ Mobile Platform ကိုရောက်ရှိလာမယ့် Minecraft!

Action နဲ့ Adventure ရောစပ်ဖန်တီးထားတဲ့ဂိမ်းလေးတစ်ခုဖြစ်တဲ့ Minecraft ကို Gamer တွေတော်တော်များများကနှစ်သက်ကြပါတယ်။ Minecraft Developer တွေက Player တွေအဆင်ပြေပြီး ဆော့ရတာမပျင်းအောင် Update တွေကြိုးစားပြီးလုပ်ပေးခဲ့တာ အရင်ကတည်းကပါ။ မကြာမှီ ကာလ အတွင်းမှာပဲ Minecraft ကမိတ်ဆွေ ဆော့ရတာ မပျင်းသွားအောင် Update တစ်ခုထပ်မံပြုလုပ်ထားပြီဖြစ်ပါတယ်။ Update ကိုဖြန့်ချီမယ့်ကာလကတော့ နောက်တစ်နှစ်အတွင်းဖြစ်မယ်လို့  ဖော်ပြထားပါတယ်။

Update မှာ ဘာတွေထပ်မံတိုးထားပြီး ဘာတွေကို Fix လုပ်ထားတယ်ဆိုတာကိုလည်း သတင်းအနေနဲ့ဖော်ပြထားသေးတယ်။ အခု Update မှာ မိတ်ဆွေဆော့ရမယ့် နေရာအသစ်ထပ်မံတိုးလာမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ ရေအောက်ကမ္ဘာကြီး ပဲဖြစ်ပါတယ်။ အဲ့ဒီ ရေအောက် ကမ္ဘာကြီးမှာမိတ်ဆွေက လက်နက်တွေကိုရှာဖွေ၊ ရတနာကြီးတွေကိုတူးဖော်ရမှာဖြစ်ပါတယ်။ ငါးမန်၊ ငါးလိပ်ကျောက် စတဲ့ ရေအောက်သတ္တဝါ တွေကိုလည်းတွေ့ရဉီးမှာဖြစ်တာကြောင့် Minecraft Fan တွေပျော်သင့်ပါပြီ။ ပျော်ရုံနဲ့မပြီးပဲ Update ထွက်ရှိမယ့်ရက်ကို စောင့်ကြည့်နေကြဖို့လည်းလိုအပ်ပါတယ်။


အခုလိုမျိုး ဂိမ်းတွေရဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ သိချင်ရင်တော့ မိတ်ဆွေဘက်က Playon ကိုမကြာခဏလာလည်ဖို့တော့ လိုအပ်ပါတယ်။ အောက်က Video လေးကတော့ Minecraft Update အကြောင်းပြောနေကြတဲ့ Video လေးဖြစ်လို့ အချိန်ရရင်ဝင်ကြည့်နိုင်ပါတယ်။

 

 

Source : Droidgamers 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password