Better Together Update နဲ့အတူ Cross-Platform ကစားလို့ရသွားပြီဖြစ်တဲ့ Minecraft

နာမည်ကျော် Sandbox Survival ဂိမ်းတစ်ခုဖြစ်တဲ့ Minecraft ဟာ သူ့ရဲ့နောက်ဆုံးထွက် Update ဖြစ်တဲ့ “Better Together” Update နဲ့အတူ Cross-Platform ဆော့ကစားလို့ရမယ့် feature ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါကြောင့် iOS ၊ Android ၊ Windows 10 နဲ့ Xbox platform တွေမှာ cross-platform ချိတ်ဆက်ကစားလို့ရသွားပါပြီ။ ဆော့ကစားတဲ့ platform ချင်းမတူလို့ အရင်က အတူမကစားနိုင်တဲ့ သူငယ်ချင်းတွေနဲ့ ဆော့ကစားလို့ရသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Minecraft Xbox One Edition ပိုင်ဆိုင်ထားသူတွေက ဒီ Minecraft version ကို အခမဲ့ရယူနိုင်မှာဖြစ်ပြီး Mobile နဲ့ Windows 10 ပေါ်ကသူတွေက ဒီ update ကို အလိုအလျှောက်ရရှိမှာ ဖြစ်ပါတယ်။

It’s probably the most significant update we’ve made in Minecraft’s recent history – we’re releasing a new version of the game that lets players on Xbox, mobile, VR and Windows 10 play together!

Source: Minecraft

ဒီ Update မှာ cross-platform compatibility အပြင် Feature အသစ်တွေနဲ့ Bug Fix တွေအများကြီး ပါဝင်ပြီး အသေးစိတ်ကို official update post မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ တစ်ခုရှိတာက Nintendo Switch ပေါ်က Minecraft ပရိသတ်တွေကတော့ cross-platform ဆော့ကစားလို့ရဖို့အတွက် လာမယ့်ဆောင်းရာသီအထိ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password