News

Roster အသစ်နဲ့အတူ Fortnite Battle Royale ပြိုင်ပွဲတွေထဲဝင်လာပြီဖြစ်တဲ့ Mindfreak

အခု သတင်းကို Mindfreak official Twitter account ကနေတွေ့ ရှိခဲ့တာပါ။ Post မှာ MindFamily ဟာ Fortnite Battle Royale Esports Tournaments အတွက် ပျက်လုဆဲဆဲဖြစ်နေတဲ့ Junior Mafia OCE roster ကိုကြိုဆိုထားပါတယ်လို့ ဖော်ပြထားပါတယ်။ အဲ့တာကြောင့် Fortnite Battle Royale scene အထဲ Mindfreak ပါဝင်လာတော့မယ်ဆိုတာ သေချာတဲ့ သတင်းဖြစ်ပါတယ်။

Fortnite က ဂိမ်းသမိုင်း တစ်လျောက်မှာ လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ လူစိတ်ဝင်စားမှု အများဆုံးဖြစ်လာတဲ့ ဂိမ်းပါ။ သူ့ရဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ scene တွေကြောင့် အစပိုင်းမှာကတည်းက player တွေရဲ့ အားပေးမှုရရှိခဲ့ပါတယ်။ လက်တလောမှာလည်း Fortnite ပြိုင်ပွဲတွေကို လူစိတ်ဝင်စားမှု တော်တော်လေးပြင်းထန်နေပါတယ်။ လူစိတ်ဝင်စားရတဲ့ အကြောင်းကတော့ ကုမ္ပဏီဘက်က Fortnite Esports ၂၀၁၈-၁၉ ရာသီအတွက် အနိမ့်ဆုံး ဒေါ်လာ သန်းတစ်ရာ ကို ထည့်သွင်း အသုံးပြုသွားမယ်လို့ Epic Games ရဲ့ ပြီးခဲ့တဲ့ ကြေညာချက်တစ်ခုမှာ ဖော်ပြထားတဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ (Fortnite ရဲ့ သန်းတစ်ရာ အကြောင်းကို Playon Website မှာလည်း အသေးစိတ် ဖော်ပြထားဖူးပါတယ်နော်။)

See also – ပထမဆုံးသော FORTNITE TOURNAMENT အတွက် Epic မှ ဒေါ်လာတစ်ရာမီလျံထောက်ပံ့မည်

သန်းတစ်ရာကြောင့် TSM နဲ့ FaZe Clan တို့လို အကြီးဆုံး Esports အဖွဲ့အစည်းတွေတောင် အရည်အချင်း အပြည့်ဝဆုံး player တွေကို စုပြီးနေပြီလို့ သိရပါတယ်။ အခုဆိုရင် Australia ရဲ့ Mindfreak ပါ Fortnite ပြိုင်ပွဲတွေထဲ ပါဝင်လာတော့မှာပါ။ (ပွဲကတော့ လုံးဝကြည့်ကောင်းနေတော့မယ်)

Mindfreak က Call of Duty ရဲ့ နာမည်အကြီးဆုံး အသင်းဖြစ်ပြီး လက်ရှိမှာ CWL Pro League မှာ ဝင်ပြိုင်နေပါတယ်။ အသင်းသားတွေရဲ့ ညီညွတ်မှုနဲ့ မဆုတ်မနစ်ကြိုးစားတတ်တဲ့ စိတ်တွေကြောင့် နာမည်ကောင်းတွေနဲ့ အောင်မြင်မှုရရှိနေတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

Fortnite Battle Royale Esports Tournaments က Fortnite အတွက် ကမ္ဘာကျော်စေမယ့် ဖြစ်စဉ်တစ်ခုဆိုတာမှန်ပေမယ့် ပါဝင်ကစားရမယ့် Player တွေအတွက်တော့ တကယ့်ကို ခက်ခဲ ရှုပ်ထွေးတဲ့ အခွင့်အရေးတစ်ခုပါ။ နယ်ပယ်အသီးသီးက အကောင်းဆုံး ကစားသမားတွေ နိုင်ငံတကာပြိုင်ပွဲတွေမှာ ထိတ်တိုက်ရင်ဆိုင်ဖို့ အခွင့်အရေးရလာရင် ဘယ်လို အကျိတ်အနယ်ယှဉ်ပြိုင်ကြမှာလဲဆိုတာ ကြည့်ရဖို့ စိတ်ကူးနဲ့တင် အရမ်းကို စိတ်ဝင်စားစရာကောင်းနေပါပြီ။

Mindfreak ရဲ့ Fortnite စာရင်းမှာ ပါဝင်တဲ့ ပြိုင်ပွဲဝင် ၆ယောက်ကို အောက်မှာဖော်ပြထားပါတယ်။
• ezupAK
• neco
• Twizz
• Vince
• Westy
• CptnAirwick (coach)

Mindfreak က အခုလက်ရှိမှာ Fortnite အတွက် စွမ်းဆောင်ရည်ပြည့်ဝတဲ့ “Junior Mafia OC” roster ကို ရွေးချယ်ခဲ့တယ်ဆိုတဲ့ကြေညာချက်နဲ့အတူ Fortnite Battle Royale scene ထဲကို ဝင်ရောက်လာတဲ့ နောက်ဆုံး Esports အဖွဲ့အစည်းဖြစ်ပါတယ်။

 

Source

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password