နိုဝင်ဘာ ၁၆ ထွက်မယ့် Clash Royale Gameplay ကို FPS ထည့်ပေါင်းထားတဲ့ဂိမ်း Mighty Battles

Clash Royale အရမ်းအောင်မြင်ပြီးသွားတဲ့နောက် သူ့ Formula အတိုင်းလိုက်ထုတ်တဲ့ဂိမ်းတွေဆိုတာ App Store တွေပေါ်မှာ ဒုနဲ့ဒေးပါ။ Theme တွေသာပြောင်းသွားမယ် Basic Gameplay ဖြစ်တဲ့ Lane တွေမှာ Unit တွေလွှတ်ပြီးတိုက်ရတာကတော့ အတူတူပဲဖြစ်ကြပါတယ်။ အဲဒီလိုတောင်ပုံရာပုံဖြစ်နေတဲ့ ပုံစံတူဂိမ်းတွေကြားကနေ ကွဲထွက်စေဖို့အတွက် Developer Hothead Games က သူ့ရဲ့နောက်ဆုံးထွက်မယ့်ဂိမ်းဖြစ်တဲ့ Mighty Battles ကို အစပ်အဟပ် နည်းနည်းထည့်ပေးလိုက်ပါတယ်။

ဒီဂိမ်းမှာ Clash Royale လိုမျိုးပဲ Lane-Based Gameplay ကိုအသုံးပြုထားပါတယ်။ ပိုလာတာကတော့ ကစားသူက Base ကနေ First-Person-View နဲ့ ရန်သူတွေကို ပစ်ခတ်လို့ရမှာပါ။ ရန်သူဖက်ကလွှတ်လိုက်တဲ့ Unit တွေကို ပစ်ခတ်နှိမ်နင်းပြီး သင့် Unit တွေတစ်ဖက်ကိုမြန်မြန်ရောက်အောင် ကူညီပေးရမှာပဲဖြစ်ပါတယ်။ ကျန်တာကတော့ ထုံးစံအတိုင်း Card တွေစုဆောင်း၊ Upgrade လုပ်၊ Deck တွေတည်ဆောက် စတာတွေပဲဖြစ်ပါတယ်။

Game ရဲ့ Concept ကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပုံစံတူဂိမ်းတွေထဲကနေကွဲထွက်အောင် ကြိုးစားထားတဲ့ Hothead Games ကိုလည်း ချီးကျူးမိပါတယ်။ လက်တွေ့ကစားကြည့်ရင် ဘယ်လိုနေမလည်းဆိုတာကတော့ ထွက်ရှိမယ့် နိုဝင်ဘာ ၁၆ ရက်နေ့ကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password