ဘီလူးစစ်တပ်ကြီးကို တိုက်ခိုက်နှိမ်နှင်းရမယ့် Middle-earth : Shadow of War!

Middle-earth : Shadow of War ဆိုတဲ့ဂိမ်းလေးကို တချို့သောလူတွေနဲ့ Playon ကိုမကြာခဏလာလည်ကြတဲ့ Mobile Gamer တွေကတော့ ကြားဖူးပြီးဖြစ်မှာပါ။  Playon ကိုမကြာခဏလာလည်ကြတဲ့ Mobile Gamer တွေကြားဖူးနေမှာက ဘာလို့လဲဆိုတော့ Playon မှာမိတ်ဆက်ပြီးသားဖြစ်လို့ပါ။ ကျွန်တော် မိတ်ဆက် တဲ့အချိန်တုန်းကတော့ Middle-earth : Shadow of War ဆိုတဲ့ဂိမ်းလေးဟာမထွက်ရှိသေးတဲ့ အတွက် သတင်းအနေနဲ့ ပဲဖော်ပြခဲ့တာဖြစ်ပါတယ်။ အခုတော့ Middle-earth : Shadow of War ဂိမ်းလေးထွက်ရှိပြီဖြစ်ပါတယ်။ ဂိမ်းလည်းထွက်ရှိပြီဖြစ်တာကြောင့် ကျွန်တော်ကလည်းရေးဖို့ အဆင်သင့်ပါပဲ၊ စိတ်ဝင်စားရင် ဆက်လက်လိုက်ပါဖို့ဖိတ်ခေါ်ပါရစေ။

 

 

ဒီဂိမ်းမှာ ဘီလူးတွေက စစ်တပ်လိုက်ကို ရှိနေမှာပါ။ စစ်တပ်လိုက်ကြီးနဲ့အပြင် Nemesis System နဲ့တည်ရှိနေတာကြောင့် မိတ်ဆွေ အဲ့ဒီဘီလူးတွေကို မျိုးတုံးအောင်လုပ်ဆောင်ဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။ Nemesis System ကတော့ တစ်ကောင်သတ်ပြီးရင် နောက်တစ်ကောင်က အစားဝင်လာမယ့် စနစ်ဖြစ်ပါတယ်။ ဘီလူးအမျိုးအစား များစွာပါဝင်ပါတယ်။ မိတ်ဆွေက အဲ့ဒီဘီလူးမျိုးစုံကိုအကုန်တွေ့ရမှာဖြစ်ပြီး Level မြင့်လာလေလေ ဘီလူးတွေက ပိုပိုကြမ်းလာလေဖြစ်တာကိုလည်းတွေ့ရဦးမှာပါ။

ဘီလူးတွေအများကြီးရှိသလို မိတ်ဆွေဘက်မှာလည်း Character များစွာပါဝင်မှာဖြစ်ပါတယ်။ မိတ်ဆွေတွေ့ရမယ့် Character တွေကတော့ Lord of The Rings နဲ့ Shadow of War ထဲက Character တွေဖြစ်တဲ့ Talion, Celebrimbor, Gimli နဲ့ Galadriel တို့ပဲဖြစ်ပါတယ်။ Character တစ်ယောက်ချင်းစီမှာ Special Power ရှိပါတယ်။ Character အားလုံးရဲ့ Power တွေကိုတော့ လက်စွပ်နဲ့ ထိန်းချုပ်ထားတာပဲဖြစ်ပါတယ်။ Character တွေအားလုံးကိုတော့မိတ်ဆွေကိုယ်တိုင်ပဲ unlock လုပ်ရမှာဖြစ်ပါတယ်။

ခရီးသွားပုံစံမျိုးဆော့ရမှာကြောင့် အခန်းတွေအများကြီးပါဝင်မှာဖြစ်ပါတယ်။ စစချင်းမှာတော့ မိတ်ဆွေက Campaign ထဲမှာပဲဆော့လို့ရဦးမှာဖြစ်ပါတယ်။ Campaign ထဲမှာ Mission တွေကို မြေပုံနဲ့ဖော်ပြထားတာဖြစ်ပါတယ်။ တစ်ခုမအောင်ဘဲ နောက်တစ်ခုကျော်ဆော့လို့ မရပါဘူး။ မိတ်ဆွေဆော့ရမယ့် Mission အကြောင်းအနည်းအငယ်ကို သိချင်ရင်တော့ Intel ထဲမှာသွားကြည့်နိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ မိတ်ဆွေကို Level တွေသတ်မှတ်ပေးထားမှာပါ။ တချို့ Mission တွေကသတ်မှတ်ထားတဲ့ Level နဲ့ကိုက်ညီမှ ဆော့နိုင်မှာဖြစ်ပါတယ်။

Power-up တွေကို Upgrade လုပ်နိုင်ပြီး လက်နက်တွေကိုလည်း Damage ပိုကြမ်းလာအောင် Upgrade လုပ်နိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ Hero တွေကို သေသေချာချာ Position ချပြီးတိုက်ခိုက်မှ အောင်မြင်ဖို့ ရာခိုင်နှုန်း ပိုများမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ ရှိသမျှဘီလူးတွေကိုနှိမ်နှင်းဖို့ကတော့ မိတ်ဆွေရဲ့ တာဝန်ပါပဲ။

Free To Play အမျိုးအစားပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာ ဆော့ကစားနိုင်ပြီး Role-Playing ဂိမ်းကောင်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.wb.shadowofwar

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password