မကြာမီထွက်ရှိတော့မယ် နောက်ဆုံးပေါ် RPG ဂိမ်းအမျိုးအစားဖြစ်တဲ့ Middle-earth: Shadow of War!

October လအတွင်းမှာထွက်ရှိမယ်လို့တော့ ဖော်ပြထားပါတယ်။ 2014 မှာ PC နဲ့ Console Platform တွေမှာ Middle Earth : Shadow of Mordor အမည်အနေနဲ့ထွက်ရှိထားတာပါတယ်။ အဲ့တုန်းက တော်တော်ဆော့လို့ကောင်းခဲ့တာကို ဆော့ဖူးတဲ့လူတွေဆိုသိပါတယ်။ အခု အဲ့ဒီ Middle Earth : Shadow of Mordor ကို Mobile Platform မှာ Middle Earth : Shadow of War အနေနဲ့ထွက်ရှိတော့မှာဖြစ်ပါတယ်။ Mobile Platform ကိုလည်းအမိုက်စား Graphics တွေနဲ့ရောက်ရှိလာမှာဖြစ်ပါတယ်။

 

ဒီဂိမ်းမှာမိတ်ဆွေရဲ့ရန်သူတွေကတော့ ဘီလူးတွေပဲဖြစ်ပါတယ်။ မိတ်ဆွေကအဲ့ဒီဘီလူးတွေကို စစ်တပ်တည်ထောင်ပြီးတော့ဖိုက်ရမှာဖြစ်ပါတယ်။ ဘီလူးတွေကိုနှိမ်နှင်းမဲ့သူရဲကောင်းတွေပေါ့ဗျာ။ ဘီလူးတွေကအရှင်းသေသွားတယ်ဆိုတာမရှိပါဘူး။ ဘီလူးတစ်ကောင်ကိုသတ်ပြီးရင်နောက်ဘီလူးတစ်ကောင်ကအဲ့ဒီနေရာမှာအစားဝင်လာမှာဖြစ်ပါတယ်။ အကယ်၍မသတ်နိုင်ခဲ့ရင်တော့ ဘီလူးတွေကပိုမိုအင်အားကြီးမားလာမှာဖြစ်ပါတယ်။ Nemesis System ပေါ့ဗျာ။ Hero တွေရဲ့ Power က Lord Of Ring  ကလိုပဲ လက်စွပ်ကရရှိမှာဖြစ်ပါတယ်။ ဘီလူးတွေကိုချတဲ့အခါမှာလည်း Strategy အမျိုးမျိုးနဲ့ ဖိုက်မှသာအနိုင်ရရှိမှာဖြစ်ပါတယ်။ ဘီလူးတွေကိုတိုက်ခိုက်တဲ့နေရာမှာနိုင်သွားရင် သတ်ပစ်နိုင်သလို မိမိဘက် ကနေတိုက်ခိုက်အောင်လည်းပြောင်းလဲနိုင်ပါသေးတယ်။

 

Android နဲ့ IOS နှစ်မျိုးလုံးမှာ Support ပေးထားကြောင့် Android မှာရော IOS မှာရောကစားနိုင်ပါတယ်။ အခုလောလောဆယ်တော့မထွက်သေးတာကြောင့် Download ဆွဲလို့မရနိုင်သေးပါဘူး။ Download ဆွဲလို့မရနိုင်ပေမဲ့ Pre-register တော့လုပ်နိုင်ပါတယ်။

Pre-register Now!

 

 

Source: This new Middle Earth: Shadow of War mobile trailer explains the updated Nemesis system – Droid Gamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password