News

Xbox streaming တွေကို phone နဲ့ Tablet တွေဆီ သယ်ဆောင်လာပေးချင်နေတဲ့ Microsoft

၂၀၁၈ခုနှစ် ဇွန်လ ၁၂ ရက်နေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိမှာ စတင်ကျင်းပခဲ့တဲ့ E3 2018 (Electronic Entertainment Expo 2018) ကတော့ ပြီးခဲ့တဲ့ ဇွန် ၁၄ မှာစိတ်ဝင်စားစရာသတင်းတွေ အပြည့်နဲ့ အောင်မြင်စွာအဆုံးသတ်သွားခဲ့ပါပြီ။ Gamer တွေအတွက် စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်လေးဖြစ်ခဲ့တဲ့ E3 2018 ကြီးပြီးဆုံးသွားပေမယ့် သူ့ရဲ့ gaming နဲ့ ပတ်သက်တဲ့ အငွေ့အသက်လေးတွေကတော့ ကျန်ခဲ့ပါတယ်။ E3 ရဲ့ စိတ်ဝင်စားဖွယ် သတင်းတွေထဲမှာမှ Admin မပြောရသေးတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ခုရှိနေပါသေးတယ်။ အဲ့တာကတော့ Microsoft က Xbox One streaming ကိုမိုလ်ဘိုင်း platform ကိုသယ်လာချင်နေတယ်ဆိုတဲ့ သတင်းလေးပဲဖြစ်ပါတယ်။ Microsoft က E3 2012 တုန်းကလည်း Xbox One ကို Smartphone နဲ့ control လုပ်နိုင်မယ့် controller Xbox app တစ်ခုကိုမိတ်ဆက်ပေးခဲ့ဖူးပါတယ်။

E3 conference မှာအခြား developer တွေကသူတို့တွေရဲ့ အစီအစဉ်အသစ်တွေကိုသူ့ထက်ငါ့အပြိုင် အကြိတ်အနယ် မိတ်ဆက်ပေးခဲ့ကြပါတယ်။ အဲ့ထဲမှာ Xbox ရဲ့ ခေါင်းဆောင် Phil Spencer ကလည်း mobile gaming အတွက် စိတ်လှုပ်ရှားစရာ အရိတ်အမွတ် တစ်ခုပေးခဲ့ပါတယ်။ သူ့ရဲ့ စိတ်လှုပ်ရှားစရာအရိတ်အမွတ်က အခြားတော့မဟုတ်ပါဘူး။ သူတို့ရဲ့ Xbox One ဂိမ်းတွေကို device တိုင်းမှာကစားလို့ရနိုင်မယ့် Xbox streaming service တစ်ခုကို firm က ပြုလုပ်နေပြီဆိုတဲ့ သတင်းဖြစ်ပါတယ်။ ပြောကြားသွားတဲ့ထဲမှာ Smartphone တွေအတွက် ဆိုတာကလွဲရင် အခြားဈေးနှုန်းအကြောင်းတို့၊ လိုအပ်မယ့် hardware အကြောင်းတို့၊ Xbox One ဂိမ်းတွေအားလုံးကို ကစားလို့ရမှာလားတို့ စတဲ့ အကြောင်းအရာတွေ ဘာတစ်ခုကိုမှ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။

Microsoft က Xbox One နဲ့ 360 game ၁၀၀ကျော်ကို တစ်လ ဒေါ်လာ ၉.၉၉( ၁၃၀၀၀ ကျပ်ဝန်းကျင်) subscription ကြေးနဲ့ဝယ်ယူဆော့ကစားနိုင်မယ့် Game Pass ကိုထုတ်လုပ်ခဲ့တာဖြစ်တဲ့အတွက် အခြေအနေကိုဆက်စပ် ကြည့်ရင် သူက Game Pass ကိုမိုလ်ဘိုင်း device တွေပေါ်မှာ ပါ ကစားလို့ရစေချင်နေတယ်လို့ ထင်ပါတယ်။အဲ့တာကြောင့်နောက်ပိုင်းမှာ Xbox One နဲ 360 ဂိမ်းတွေ ကိုဘယ်နေရာရောက်ရောက် phone လေးနဲ့ထုတ်ကစားလို့ရတော့မယ့်ပုံပါပဲ။ ငွေလေးတော့ ကြိုပြီးစုထားကြပေါ့နော်…ဂိမ်မာဘော်ဒါ အပေါင်းတို့ရေ..(😆)

Mobile service က Xbox One ပေါ်မှာ ကစားရသလိုခံစားချက်အပြည့်ပေးနိုင်မှာလားဆိုတာကိုတော့ အာမမခံနိုင်ပေမယ့် ထိန်းချုပ်မှုစနစ်တွေ အားလုံးက Xbox One ပေါ်မှာလုပ်ရတဲ့အတိုင်းပဲလို့ ကြားပါတယ်။ အခုလက်တလောတော့ နည်းပညာပိုင်းအခြေအနေကြောင့် အဲ့ဒီအစီအစဉ်ကိုချက်ချင်း ရရှိဦးမှာမဟုတ်သေးပါဘူး။ ရရှိတဲ့ အချိန်ကျရင်တော့ ဈေးနှုန်းဘယ်လောက်ပေးရဖို့လိုလဲ။ ကြားခံ hardware တစ်ခုခုလိုလိုမှာလား။ Xbox game တွေအားလုံးနဲ့ရမှာလား။ ဘယ်လိုတွေ အားသာချက်ရှိလဲ။ စတဲ့စတဲ့ သတင်းတွေကိုအချိန်ကိုက် အကြောင်းကြားပေးပါမယ်နော်။

Playon က ဘော်ဒါတို့ထဲမှာရော Xbox One Game Pass ကို ဝယ် ကစားနေတဲ့ သူတွေရှိလား။ Game Pass ကိုမိုလ်ဘိုင်းပေါ်မှာကစားရမယ်ဆိုရင်ရောဘယ်လိုခံစားရမှာလဲ… သဘောကျ ကြ မှာလား။ Admin ကတော့ ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာ အရမ်းကို သိချင်နေပါပြီ။ အဲ့တာကြောင့် သူ့ကို Official ကြေညာတဲ့အချိန်ထိ အတူတူ စောင့်ကြည့်ကြတာပေါနော်။

 

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: