News

Xbox one game streaming ကို မိုဘိုင်းဆီသယ်ဆောင်လာမယ့်အစီအစဉ်ကိုတရားဝင်ထပ်မံကြေညာလိုက်တဲ့ Microsoft 

ပြီးခဲ့တဲ့ ၂၀၁၈ ဇွန်လတုန်းက ကျင်းပခဲ့တဲ့ E3 2018 မှာ Microsoft အနေနဲ့ သူ့ရဲ့ Xbox one game streaming ကိုမိုဘိုင်းဆီသယ်ဆောင်လာမယ်လို့ စကားစထားခဲ့တာဖြစ်ပြီး အခုဆိုရင် အဲ့ဒီ Project ကို “Project xCloud” လို့နာမည်သတ်မှတ်ပြီး စတင်အကောင်ထည်ဖော်မယ့်အကြောင်းကို တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။

“Project xCloud” ဆိုတဲ့ Streaming service ကို အကောင်အထည်ဖော်မယ့် Microsoft ရဲ့ ရည်ရွယ်ချက်ကတော့ Android, iOS, Console, PC အစရှိတဲ့ မတူညီတဲ့ Platform က Player တွေကို Streaming ကနေတဆင့် အတားအဆီးမရှိ ဂိမ်းကိုပျော်ပျော်ရွှင်ရွှင်ဆော့ကစားစေချင်လို့ပဲဖြစ်ပါတယ်။ ဉပမာပြောရရင် Console platform ကဂိမ်းကို Mobile မှာ Controller အသုံးပြုပြီးဆော့နိုင်လို့ mobile gamer ပျော်ရွှင်သွားတဲ့ပုံစံမျိုးပါ။ 😆)…  အဲ့လို service မျိုးရှိနေပြီဆိုရင် Developer တွေအနေနဲ့ လည်း Xbox one အတွက် ဂိမ်းဖန်တီးလိုက်တာနဲ့ ကျန်တာတွေက အိုကေစိုပြေတဲ့အနေအထားဖြစ်သွားပြီ။

Service ကိုတော့ ၂၀၁၉ မှာ public trial အနေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ “Project xCloud” ကို မိတ်ဆွေ ဖုန်း (သို့) Tablet တစ်ခုခုမှာ Run, ပြီးရင် Microsoft ရဲ့ Controller အသုံးပြုပြီး တခြား Platform ကဂိမ်းတွေကိုဆော့ကစားနိုင်ပါပြီ။ Controller ကြီးနဲ့အလုပ်ရှုပ်တယ်ဆိုတဲ့ လူတွေအတွက်လည်း Microsoft က Input method တစ်ခုခုကိုအသုံးပြုပြီး controller မလိုပဲ ဆော့နိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ပြောကြားထားတာကိုလည်းတွေ့ရပါတယ်။

အဲ့လို Streaming service က Android platform မှာတော့ လအနည်းအငယ်လောက်ကတည်းက user တွေနဲ့ရင်းနှီးနေပေမယ့် Apple ကတော့ သိပ်ကြိုက်ပုံမပေါ်ဘူးဗျ။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ မေလတုန်းက Valve ရဲ့ game streaming service ဖြစ်တဲ့ Stream Link app ကိုတောင်ပယ်ချခဲ့လို့ပါပဲ။ အဲ့တော့ Microsoft ဟာလည်း သူ့ရဲ့ “Project xCloud” service ကို Apple နဲ့ဘယ်လိုဆွေးနွေးမှုတွေပြုလုပ်သွားမလဲဆိုကတော့ စိတ်ဝင်စားစရာပါပဲ။

Ref 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: