Reviews

မိန်းကလေးငယ်လေးတွေ အကြိုက်တွေ့မယ့် Mermaid Rescue – Love Story

ဒီ Game အမျိုးအစားကတော့ Story ပုံစံလေးကို အခြေခံပြီးကစားရမယ့် Story Game အမျိုးအစားပဲဖြစ်ပြီး နတ်သမီးပုံပြင်တွေကို သဘောကျတတ်တဲ့ မိန်းကလေးငယ်လေးတွေအကြိုက်ဖြစ်မှာပါ။

သူ့ရဲ့ Story အရ ရေသူမလေးဟာ သူမရဲ့မွေးနေ့မှာ ရေပြင်ထက်တက်ကစားပါတယ်။ အဲ့ဒီအချိန် မိတ်ဆွေတွေနဲ့ ငါးဖမ်းထွက်တဲ့ မင်းသားလေးရဲ့ ငါးဖမ်းပိုက်မှာ အဖမ်းခံရပြီး မှော်ဆရာမပေးထားတဲ့ လက်စွပ်ကိုအသုံးပြုကာ လူသားအသွင်ဖန်ဆင်းပြီး လွတ်မြောက်အောင် ကြိုးစားပါတယ်။ အဲ့ဒီနောက် မင်းသားလေးကို ကလဲ့စားချေဖို့ကြံရွယ်ကာ မင်းသားလေးနဲ့ တွေ့ဆုံချစ်ကြိုက်တဲ့ ဇာတ်လမ်းအပေါ်အခြေခံပြီး Game ဆော့ရမှာပါ။

Story အပေါ်အခြေခံပြီး ငါးဖမ်းဂိမ်း၊ လက်စွပ်နဲ့ ငါးပြတိုက်ကို ပြင်ဆင်တဲ့ဂိမ်း၊ ရေသူမလေးကို ခြေထောက်လေးရအောင် လုပ်ပေးတဲ့ဂိမ်း၊ မင်းသားလေးကို ခွဲစိတ်ပေးရတဲ့ဂိမ်း အစရှိသဖြင့်ပါဝင်တာမို့ မိန်းကလေးငယ်လေးတွေ နှစ်သက်မှာပါ။ iOS နဲ့ Android နှစ်မျိုးလုံး ဆော့ကစားနိုင်ပါတယ်။

Download Links: Android, iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: