Reviews

ကျိန်စာမိနေတဲ့ နဂါးတိုင်းပြည်ကို ပြန်လည်ကုစားပေးရမယ့် Merge Dragons!

မိစ္ဆာတွေရဲ့ ကျိန်စာကြောင့် ပျက်စီးနေတဲ့ နဂါး တိုင်းပြည်ကို ပြန်လည်အသက်သွင်းပေးရမှာဖြစ်တယ်။ နဂါးတွေနဲ့ ကစားရမှာဖြစ်လို့ လှပပြီး ဆန်းသစ်တဲ့ နဂါးပုံစံတွေကို မြင်တွေ့ရမှာပါ။

နဂါး တိုင်းပြည်ကို နဂိုအတိုင်းဖြစ်အောင်ပြုလုပ်ဖို့ နဂါးဥတွေ၊ သစ်ပင်တွေ၊ ရတနာတွေ၊ ကြယ်တွေ၊ မှော်ပန်းတွေ၊ စတဲ့ အရာဝတ္ထု တွေကို နှစ်ခု၊ သုံးခု၊ လေးခု စသည်ဖြင့် ပေါင်းစပ်ပေးရမှာဖြစ်တယ်။ မျိုးတူတာတွေကို တွဲစပ်ပေးရမှာဖြစ်ပြီး သင်ပေါင်းစပ်လိုက်တဲ့အရာမှန်သမျှက ပိုပိုပြီး အင်အားကောင်းလာမှာဖြစ်တယ်။ ပေါင်းစပ်တဲ့ အရေအတွက်များလေလေ အင်အားကောင်းလာလေလေ ဖြစ်ပါတယ်။

နဂါးဥတွေကနေ နဂါး အသစ်တွေကို စုဆောင်းပေးရမှာဖြစ်ပြီး နဂါး အမျိုးပေါင်း ၁၇ ကောင် ကို ရှာဖွေပေးရမှာဖြစ်တယ်။ နဂါးဥလေးကနေ သန်မာတဲ့ နဂါးကြီးအဖြစ်အဆင့်ဆင့် ပျိုးထောင်ပေးရမှာဖြစ်လို့ နဂါးပုံစံအမျိုးမျိုးကို တွေ့ရမှာဖြစ်တယ်။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ နဂါးလေးတွေနဲ့ ကိုယ်ပိုင်စခန်း လည်း တည်ထောင်နိုင်မှာဖြစ်တယ်။

တွဲစပ်ပေးရမယ့် အရာဝတ္ထုပေါင်း ၅၀၀ ကျော် ပါဝင်မှာဖြစ်သလို level အရေအတွက်ကလည်း ၆၀၀ကျော်တောင်ပါဝင်မှာဖြစ်တယ်။Level များလာတာနဲ့အမျှ ခက်လာမှဖြစ်လို့ အဆုံးထိကစားနိုင်မှာလား မကစားနိုင်ဘူးလားဆိုတာ သင့်အပေါ်ပဲ မူတည်ပါတယ်နော်။ ဆန်းသစ်တဲ့ အသွင်နဲ့ အလန်းစား Graphic Designs က သင့်ကို စကစားချင်းမှာပဲ ဆွဲဆောင်နေမှာဖြစ်တယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free to play ဖြစ်ပေမယ့် Android devices တိုင်းနဲ့တော့ ကစားနိုင်မှာမဟုတ်ပါဘူး။ Android ရော iOS ရော အတွက် rating 4.6 စီ အသီးသီးရရှိထားပါတယ်။

 

 

Image source – Merge Dragons

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password