ArticleNews

မကြာခင်မှာ ထွက်ရှိလာတော့မယ့် MekaRoyale

ဒီတစ်ခေါက်မှာတော့ battle royale ဂိမ်းတွေကိုမှ ကစားချင်ပါတယ်ဆိုတဲ့ ဘဒိုတို့ ချိဖတို့အတွက် မကြာခင်မှာထွက်ရှိလာတော့မယ့် battle royale ဂိမ်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဂိမ်းလေးရဲ့ နာမည်က MekaRoyale ပါ။ MekaRoyale က ကိုယ်တိုင် စိတ်ကြိုက်ပုံဖော်လို့ရတဲ့ အမိုက်စား mechs တွေနဲ့ ဖိုက်ရမယ့် battle Royale shooter ဂိမ်းတစ်ခုဖြစ်ပါတယ်။ သူက အခုလမှာ Android ပေါ်ကိုရောက်ရှိလာတော့မှာပါ။

သူက battle royale ဆိုတော့ Fortnite နဲ့ PUBG Mobile တို့လိုပါပဲ။ သူ့ကို ခုချိန်မှာ ကစားချင်တယ်ဆိုရင်တော့ beta အနေနဲ့ ရပြီလို့ သိရပါတယ်။ Battle Royale ဂိမ်းတွေ တော်တော်များများက အားလုံးနဲ့ ရင်းနှီးပြီးသားမို့လို့ gameplay ပုံစံကိုတော့ထွေထွေထူးထူး ပြောမနေတော့ပါဘူးနော်။

Player တိုက်ခိုက်နေစဉ်မှာ သေသွားရင် ကိုယ့်ရဲ့ mech ကို ဆုံးရှုံးမှာဖြစ်ပြီး အားလုံးကို အစကနေပြန်စရမှာပါ။ အောက်မှာ gameplay ပုံစံလေးကို ပြထားပါတယ်။

Trailer ထဲမှာသာမန်မြင်နေကျထက်ပိုပြီးကွဲတဲ့ battle royale ကို တွေ့ရမှာပါ။ MekaRoyale ကို ကစားကြည့်ချင်တယ်ဆိုရင်တော့ သူ့ကို beta အနေနဲ့ ကစားလို့ရနေပါပြီ။ Beta မဟုတ်ပဲ အပြည့်အဝ global release ထွက်မှ ကစားချင်တယ်ဆိုရင် တော့ ဒီလအတွင်းမှာ ကစားလို့ရတော့မှာပါ။ သိပ်စောင့်ဖို့ မလိုတော့တာကြောင့် မင်မင်ကတော့ official release ကို စောင့်စေချင်ပါတယ်။ ဂိမ်းကောင်းလေးတစ်ခုဖြစ်တာကြောင့် BR fan တိုင်း လုံးဝကို လက်မလွှတ်သင့်ဘူးနော်။

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password