Marvel Universe ထဲ အလည်ခေါ်သွားမယ့် Marvel Contest Of Champions Game

Marvel Contest Of Champions ဆိုတဲ့ ဂိမ်းသစ်လေးမှာ ကိုယ်စွဲလန်းခဲ့ဖူးတဲ့ Marvel တွေ စုံစုံလင်လင်ပါမှာဖြစ်ပြီး ဂိမ်းရဲ့ အစမှာ တိုက်ခိုက်မှုပုံစံတွေကို Guide Line ပေးမှာဖြစ်ပါတယ်။ Mortal Kombat Vs. DC Universe ကို ကောင်းကောင်းကစားခဲ့ဖူးသူတွေအနေနဲ့ Mobile ဂိမ်းမှာ Marvel တွေရဲ့ Vs ပွဲတွေကို ပြန်လည်ကစားခွင့်ရစေမယ့် ဂိမ်းလေးဖြစ်ပါတယ်။

ဂိမ်းထဲက ဇာတ်ကောင်တွေအားလုံးဟာ သူတို့ရဲ့ ကိုယ်ပိုင် Animation တွေနဲ့ တိုက်ခိုက်မှုပုံစံတွေပါဝင်ပါတယ်။

Marvel တွေကို Crystal တွေဆီက ပေးတာဖြစ်ပြီး Crystal များများရလေ Marvel တွေ များများရရှိလာမှာဖြစ်ပါတယ်။ဇာတ်လမ်းသွားပုံစံနဲ့ဖြစ်ပြီးတော့ စိမ်ခေါ်မှုတွေကို သွားရောက်တိုက်ခိုက်ရတာဖြစ်ပါတယ်။ကိုယ့် Marvel တွေရဲ့ Blood Bar မှာ Blood တိုးဖို့အတွက် crystal အတုံးသေးလေးနဲ့ upgrade လုပ်ပေးရမှာဖြစ်ပါတယ်။ဒါမှ Battel ဆိုင်တဲ့အခါ တဖက်က ကစားသမားထက်ပိုကြံ့ခိုင်ပြီး Level မြန်မြန်တက်မှာပဲဖြစ်ပါတယ်။Defend,Attack,Super Attack ဆိုပြီး သုံးမျိုးပါဝင်ပါတယ်။

ကျန်တဲ့တိုက်ခိုက်မှု ပုံစံအသစ်တွေကို လိုချင်တော့ ဂိမ်းထဲက ငွေကြေးနဲ့ Game shop မှာ ဝင်ဝယ်နိုင်ပါတယ်။ Crystal တွေကို Lucky Draw အနေနဲ့လည်းပေးထားပြီး upgrade item တွေ မဲဖောက်ပေးပါတယ်။ဂိမ်းရဲ့ ပထမအစပိုင်းမှာ တွေ့ရမယ့် ကိုယ်နဲ့တိုက်ခိုက်မယ့် Marvel တွေက လွယ်ကူပြီးတော့ နောက်ပိုင်းမှာ ခက်ခက်ခဲခဲတိုက်ရမှာပဲဖြစ်ပါတယ်။Battel အဆင့်အတိုင်းမှာ မတူညီတဲ့ graphic ကောင်းကောင်းနဲ့ အခန်းတွေမှာ တိုက်ခိုက်ရတဲ့ပုံစံကို တွေ့ရမှာပဲဖြစ်ပါတယ်။ကစားသူကို စိတ်ကျေနပ်မှုပေးနိုင်တဲ့ အကောင်းဆုံးဂိမ်းတခုအဖြစ် ပါဝင်နေတဲ့ Contest Of Champions ဟာ နိုင်ငံတကာက အနုပညာရှင်တွေပါ စွဲစွဲလန်းလန်းကစားနေတဲ့ ဂိမ်းဖြစ်ပါတယ်။

ဒီဂိမ်းကို စိတ်ဝင်စားလို့ ကစားချင်တဲ့ Playon ပရိသတ်ကြီးအနေနဲ့ ဒီမှာ Download ရယူနိုင်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password