Reviews

Animation အလန်းစားနဲ့ Marvel Strike Force – Initial Review

ဒီတစ်ခါတော့ မနေ့ကမှ အသစ်စက်စက်ထွက်ရှိလာတဲ့ Marvel Strike Force ဆိုတဲ့ Turn-Based RPG ဂိမ်းလေးအကြောင်းပြောပြချင်ပါတယ်။ ဒီဂိမ်းအကြောင်းကို အကျဉ်းချုံးပြီးပြောပြရမယ်ဆိုရင် Marvel Strike Force ဟာ Star Wars: Galaxy of Heroes နဲ့ DC Legends: Battle for Justice တို့ကို Marvel Hero တွေထည့်ထားတာပါပဲ။ Gameplay ပိုင်းက လုံးဝချွတ်စွတ်ဖြစ်ပြီးတော့ Hero တွေပဲကွာသွားတာဖြစ်ပါတယ်။ ဒါပေမယ့် Galaxy of Heroes ကိုယ်တိုင်ကိုက အင်မတန်ကောင်းတဲ့ဂိမ်းတစ်ခုဖြစ်လေတော့ သူ့အတိုင်းလိုက်လုပ်ထားတဲ့ Marvel Strike Force က Gameplay ပိုင်းနဲ့ပတ်သက်ပြီး အိုကေပြီးသားဖြစ်သွားပါတယ်။ Marvel Fan တွေအတွက်ကတော့ ကိုယ်နှစ်သက်တဲ့ Superhero တွေနဲ့ဆော့ကစားရမှာဆိုတော့ ရှယ်ပဲပေါ့ဗျာ။

Marvel Strike Force ရဲ့ Gameplay ဖြစ်တဲ့ Squad တွေဖန်တီးရပြီး အလှည့်ကျ ချရတဲ့ပုံစံနဲ့ မရင်းနှီးသူတွေအတွက် Gameplay အကြောင်း အနည်းငယ်ရှင်းပြပါ့မယ်။ ဒီဂိမ်းမှာ Marvel Universe ထဲက Superhero တွေရာ Villain တွေပါ Character ပေါင်းများစွာပါဝင်မှာဖြစ်ပါတယ်။ လောလောဆယ်အချိန်မှာ Guardians of the Galaxy, Spiderman, Iron Man, Captain America စတဲ့ နာမည်ကြီး Hero တွေအပါအဝင် Character ပေါင်း ၆၀ ကျော် Unlock လုပ်လို့ရပါတယ်။ ဒီအရေအတွက်က တဖြည်းဖြည်းနဲ့ တိုးလာဖို့ပဲရှိပါတယ်။

ကစားသူတွေအနေနဲ့က အဲဒီ Character တွေနဲ့သက်ဆိုင်တဲ့ Shard တွေကိုလိုက်လုံစုဆောင်းပြီး Chracter တွေကို Unlock လုပ်ယူရမှာပါ။ ပြီးတော့ RPG ထုံးစံအတိုင်း Level တင်တာတွေ၊ Equipment Upgrade လုပ်တာတွေ ဘာညာတွေကတော့ မပါမဖြစ်ပါဦးမှာပါ။ ဒီလိုနဲ့ ကိုယ့် Favourite Character တွေကို ကြမ်းသထက်ကြမ်းလာအောင် Level တင်သွားပြီး ပိုမိုခက်ခဲတဲ့ ရန်သူတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ Gameplay က Squad-Based ဆိုတော့ ကိုယ့်မှာရှိတဲ့ Character တွေကို ကိုယ်နှစ်သက်သလို အဖွဲ့ဖွဲ့ပြီး အသုံးပြုလို့ရစေမှာပါ။

marvel strike force .         marvel strike force

 

ဒီဂိမ်းအပေါ် သုံးသပ်ချက်

ဒီဂိမ်းဆော့ရတာ ဘယ်လိုနေတယ်ဆိုတာသိရဖို့ ကျွန်တော်ကိုယ်တိုင် ၃ နာရီနီးပါးဆော့ကြည့်လိုက်ပါသေးတယ်။ ပထမဦးဆုံးသတိထားမိတာက သူ့ရဲ့အင်မတန် အထာကျတဲ့ Combat Animation ပါ။ Game Speed ကို ပုံမှန်ပဲထားထားရင် ကိုယ်လုပ်လိုက်တဲ့ Action တိုင်းကို Animation အသေးစိတ်ပြပါတယ်။ အထူးသဖြင့် Spiderman လို Melee Hero တွေမှာ ပိုသိသာပါတယ်။ Combo တက်ရင် Combo Move တွေကို အသေးစိတ်ပြသလို ရှောင်တာတို့ဘာတို့ဆိုရင်လည်း ပီပြင်တဲ့ Animation တွေနဲ့ရှောင်တာပါ။ အဲ့တော့ ကစားတာ အလျှင်မလိုဘူးဆိုရင် Speed ကို 1x နဲ့သာဆော့ကြပါ.. အချိန်နည်းနည်းပိုယူပေမယ့် Animation တွေကြည့်ရတာနဲ့တင် တန်ပါတယ်။

marvel strike force

ဒါကတော့ In-Game Graphic ပါ

နောက်တစ်ခုသဘောကျတာက သူ့ရဲ့ QOL (Quality of Life) Features တွေပါ။ ဥပမာ – Equipment တွေ Upgrade လုပ်ဖို့လိုတဲ့ Material တွေကို ဘယ်မြေပုံမှာ Farm ရမယ်ဆိုတာတွေ တကူးတက သွားရှာနေစရာမလိုပဲ Upgrade လုပ်တဲ့ Screen ကနေပဲ အဲဒီ Map ကို ခလုပ်တစ်ချက်တည်းနဲ့ တန်းပြီး Clear လို့ရပါတယ်။ အဲလိုမျိုးလေးတွေလုပ်ပေးထားတော့ ကစားရတာ တော်တော်အဆင်ပြေပါတယ်။

တစ်ခုရှိတာက Free-to-Play ဂိမ်းတွေထုံးစံအတိုင်း IAP (In-App Purchase) တွေပါဝင်ပါတယ်။ အဲဒီ Microtransaction တွေက ဘယ်လောက်အာရုံနောက်မယ်ဆိုတာကတော့ လူတွေအများကြီး Level တွေမြင့်လာပြီး PvP တွေ Raid တွေချကြတဲ့အချိန်ထိ အချိန်အနည်းငယ်ပေးပြီးစောင့်ကြည့်ရမှာပါ။ အရမ်း competitive ဖြစ်တတ်တဲ့သူတွေအတွက်ကတော့ ဒီတစ်ချက်ကို ဂရုပြုရပါမယ်။

ဘယ်လိုပဲပြောပြော Production Quality အရဆိုရင် Marvel Strike Force က တော်တော်ကောင်းတယ်လို့ပြောလို့ရတဲ့ဂိမ်းတစ်ခုပါ။ ကိုယ်တိုင်က Marvel Fan ဆိုရင်တော့ ဒီဂိမ်းကို ပြေးသာဆော့လိုက်လို့ အကြံပေးချင်ပါတယ် (Marvel Fan မှန်ရင် ထွေထွေထူးထူးတောင် တိုက်တွန်းစရာလိုမယ်မထင် 😄)။

Download Links: Android, iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: