ArticleNews

X-Men characters အချို့ Marvel Strike Force ကိုရောက်ရှိလာပြီ 

Marvel universe ကဂိမ်းကောင်းလေးတစ်ခုဖြစ်တဲ့ Marvel Strike Force ရဲ့နောက်ဆုံး update မှာ X-men characters အချို့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Marvel Strike Force ကတော့ သူတစ်ပြန် ကိုယ်တစ်လှည့်တိုက်ခိုက်ရတဲ့ Turn-based ဂိမ်းအမျိုးအစားဖြစ်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ Marvel characters တွေကို squad တစ်ခုဖန်တီးပြီး ဆော့ကစားရတဲ့ဂိမ်းဖြစ်ပါတယ်။ Gameplay ပိုင်းနဲ့ ဂိမ်းနဲ့သက်ဆိုင်ရာအကြောင်းအရာကို ဒီထက်ပိုပြီးသိချင်ရင်တော့ ဂိမ်းထွက်ထွက်လာခြင်းတုန်းက Playon ကဖော်ပြထားခဲ့တဲ့ဂိမ်း Initial review ကိုသွားရောက်လေ့လာစေချင်ပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်က update နဲ့အတူ Marvel Strike Force ဆီရောက်ရှိလာခဲ့တဲ့ X-men character တွေကတော့ Sabretooth, Juggernaut, Mystique, Pyro နဲ့ Magneto အစရှိတဲ့ Mutant တွေပဲဖြစ်ပါတယ်။ Sabretooth, Juggernaut နဲ့ Mystique တို့က အရင်ဉီးဆုံး Marvel Strike Force ဆီကိုရောက်ရှိလာတာဖြစ်ပြီး Pyro နဲ့ Magneto ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကမှ 2.1 version နဲ့ရောက်ရှိလာတာဖြစ်ပါတယ်။

Sabretooth ဆိုရင် Wolverine (Logan) ရဲ့ရန်သူဖြစ်ပြီး ညီအစ်ကို relationship အဖြစ် “X-Men Origins: Wolverine” မှာတွေ့မြင်ခဲ့ရပြီ၊ Juggernaut ဆိုရင်ပြီးခဲ့တဲ့ မေလတုန်းကထွက်ရှိခဲ့တဲ့ “Deadpool 2” မှာ villain mutant အဖြစ်တွေ့မြင်ရပြီးပြီ၊ ထိုနည်းတူ အသွင်ပြောင်းနိုင်တဲ့ mutant အဖြစ် Mystique ကို X-men flim တော်တော်များများမှာ တွေ့မြင်ခဲ့ပြီးပြီဖြစ်သလို Magnetic field တွေကိုထိန်းချုပ်နိုင်တဲ့ Magneto ကိုလည်းတွေ့မြင်ခဲ့ပြီးပြီဖြစ်ပါတယ်။ ဒါ့အပြင် Pyro ကိုလည်း X-men flim တွေထဲမှာ anti-hero နဲ့ minor character အဖြစ်တွေ့မြင်ခဲ့ပြီးပြီပဲဖြစ်ပါတယ်။

အခု Marvel Strike Force ဆီရောက်ရှိလာတဲ့ X-men Character တွေအားလုံးက Live action မှာပါဝင်ခဲ့ပြီးသားဖြစ်တာကြောင့် တော်တော်များများ (အထူးသဖြင့် marvel fan) နဲ့ရင်းနှီးနေပြီးတဲ့ Character တွေဖြစ်နေမှာပါ။ ရင်းနှီးပြီးသား Character တွေပါဝင်လာပြီဆိုတော့ သူတို့ရဲ့ In-game combat တွေကိုရော ဘယ်လိုတွေဖန်တီးထားလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ မဆော့ခင်အောက်က Mutant preview video လေးကို တစ်ချက်ရှိုးကြည့်ပါဉီး။

Download link – Android/ iOS

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password