၂၀၁၈ မှာထွက်ရှိမှာဖြစ်ပြီး Pre-Register လုပ်နိုင်ပြီဖြစ်တဲ့ Marvel Strike Force!

Marvel Fan တွေအတွက်တော့သတင်းကောင်းလေးတစ်ခုဖြစ်မှာပါ။ Marvel Strike Force ကို RPG ဂိမ်းအမျိုးအစားအနေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။

Popular characters like Iron Man, Captain America, Spider-Man, Venom, Black Widow, Star-Lord, Gamora, Daredevil, Doctor Strange, and more all make an appearance in Strike Force.

Source : Android Authority

Iron Man, Captain America, Spider-Man, Venom, Black Widow, Star-Lord, Garmora, Daredevil, Doctor Strange အစရှိတဲ့ နာမည်ကြီး hero တွေအပြင် Marvel Universe မှာရှိနေပြီး မိတ်ဆွေမသိလောက်သေးတဲ့ Hero တွေပါ ပါဝင်ဉီးမှာဖြစ်ပါတယ်။

ဒီဂိမ်းမှာ မိတ်ဆွေက SHIELD အဖွဲ့နဲ့လက်တွဲလုပ်ဆောင်ရမှာဖြစ်လို့ Nick Fury ကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ Hero တွေကိုစုံစုံလင်လင်တွေ့ရမှာဖြစ်သလို Villain တွေကိုလည်း စုံစုံလင်လင်တွေ့မြင်ရမှာဖြစ်ပါတယ်။ အရင်ကထွက်ရှိခဲ့တဲ့ Movie တွေမှာပါဝင်တဲ့ Character  တွေသာမက နောက်ပိုင်းထွက်ရှိမယ့် Movie တွေမှာပါဝင်လာတဲ့ Character တွေကိုလည်းတွေ့ရဦးမှာဖြစ်ပါတယ်။

Character Develop ဖြစ်လာတဲ့ Design ပုံစံအမျိုးမျိုးကိုလည်း မျှောင့်လင့်ထားလို့ရပါတယ်။ ဉပမာပြောရရင် Thor Ragnarok (Thor 3) မှာဖြစ်သွားတဲ့ Thor ရဲ့ပုံစံအသစ်၊ Infinity War မှာ Design ပြောင်းသွားတဲ့ Black Widow နဲ့ Captain America တို့ရဲ့ပုံစံ၊ Infinity War မှာပါဝင်လာမယ့် Iron Man ရဲ့  Armor Mark 51 အစရှိတာတွေအထိပါဝင်လာဖို့ ကျွန်တော်တော့ခန့်မှန်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ၂၀၁၈ မှာထွက်ရှိမှာဖြစ်ပြီး Date ကိုဖော်ပြထားခြင်းမရှိတာကြောင့် Infinity War ထွက်ရှိပြီးမှ ထွက်လာမှာလည်းဖြစ်နိုင်တာကြောင့်ပါ။

RPG ဂိမ်းအမျိုးအစားဖြစ်တာကြောင့် Combat အလန်းတွေကိုတော့ တွေ့ရဉီးမှာတော့အမှန်ပါပဲ။ ၂၀၁၈ မှာထွက်ရှိမှာဖြစ်တာကြောင့် Marvel Fan တွေအနေနဲ့ဒီဂိမ်းလေးကို Infinity War ရုပ်ရှင်နဲ့အတူ စောင့်ကြည့်သင့်ပါတယ်။ Playon ကလည်း ဒီဂိမ်းထွက်ရှိတဲ့အချိန်ကြရင်Game Review ကို လိုရင်းတိုရှင်းပြည့်ပြည့်စုံစုံ ရေးဖို့အစီအစဉ်ရှိတာကြောင့် Playon ကိုလာလည်ဖို့လည်းမမေ့ပါနဲ့ဉီး။

Pre-Register

 

 

Source : Android Authority

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password