Super Hero Fan တွေအကြိုက်တွေ့စေမယ့် ဂိမ်းလေးဖြစ်တဲ့ Marvel Future Fight!

Super Hero Fan တွေထဲကမှ Marvel Fan တွေကိုပိုပြီးရည်ညွှန်းတဲ့ ဂိမ်းလို့ပြောပါရစေ။ Marvel နဲ့ DC ကိုခွဲခြားတာမဟုတ်ပါဘူး။ ကျွန်တော်ဆိုရင် Marvel ရော DC ရောကြိုက်ပါတယ်။ ဒီဂိမ်းမှာ Marvel က Super Hero တွေပဲပါမှာကြောင့် Marvel Fan တွေကိုပိုပြီးရည်ညွန်းတယ်လို့ပြောတာဖြစ်ပါတယ်။ RPG နဲ့ Action ရသနှစ်မျိုးပေးနိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။ Marvel Future Fight ဆိုတဲ့အတိုင်း Future မှာဖြစ်လာမဲ့ တိုက်ပွဲတွေ နဲ့ Marvel Universe က Hero တွေအကုန်ပါမှာဖြစ်ပါတယ်။

The Avengers, Guardians of The Galaxy, Inhumans, Defenders, X-Men, Spider-man, Doctor Strange စတာတွေအပြင် Marvel Universe ကကျွန်တော်ပြောဖို့ကျန်ခဲ့တဲ့ကောင်တွေပါဦးမှာပါ။ Hero တွေက 100 ကျော်လောက်ပါမှာပါ။ ဒါ့အပြင် update တွေထွက်ပြီး Hero တွေလည်းထပ်တိုးလာဦးမှာပါ။ Marvel Future Fight ရဲ့Update သတင်းတွေကိုဆက်တိုက်စောင့်ကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ Social Media Facebook Link ကိုသွားရောက် စောင့်ကြည့်နိုင်ပါတယ်။

https://www.facebook.com/MarvelFutureFight/

Hero တွေကစုံလင်တဲ့ အပြင် Future မှာဖြစ်မယ့် Hero ပုံစံတွေကို Tips လေးတွေပေးသွားမှာဖြစ်ပါတယ်။ Future မှာဖြစ်မယ့် Hero ပုံစံတွေဆိုတာနောက်ပိုင်း Movie တွေမှာထွက်ရှိမယ့် Hero ပုံစံကိုပြောတာပါ။ ဥပမာပြောရရင် ဒီနှစ်မှာထွက်ရှိထားတဲ့ Guardians of The Galaxy 2 မှာ Groot ဝတ်ထားတဲ့ အင်္ကျီ ကိုမိတ်ဆွေသတိထားမိမှာပါ။ အဲ့ဒီ Groot လေးဝတ်ထားတဲ့ အင်္ကျီကို Marvel Future Fight မှာ Groot ရဲ့ Suit တစ်ခုအနေနဲ့ Guardians of The Galaxy 2 မထွက်ခင်တည်းကဖော်ပြပြီးဖြစ်ပါတယ်။ Spoiler အသေးစားဗျ။ Marvel Future Fight မှာ Groot ရဲ့ suit အပြင်အခြားသော Super Hero တွေရဲ့ Suit များစွာလည်းပါပါသေးတယ်။ Suit တွေကယခုလက်ရှိ Movie တွေမှာဝတ်နေတဲ့ Suit တွေအပြင် Future မှာပြောင်းသွားမယ့် Suit တွေနဲ့ တခြား Dimension မှာဝတ်တဲ့ Suit တွေပါ ပါတာကိုမိတ်ဆွေတွေ့ရမှာပါ။ Future မှာ Suit ပြောင်းသွားမယ့် Character တစ်ကောင်နဲ့ တခြား Dimension တစ်ခုမှာ Suit ပြောင်းသွားတဲ့ Character တစ်ကောင်ဆီကိုဥပမာအနေနဲ့ပြောပါရစေ။

Future မှာ Suit ပြောင်းသွားမယ့် Character အနေနဲ့ကတော့ Falcon ပါ။ သူပြောင်းသွားမယ့် Suit ကတော့ Captain America ရဲ့ Suit ပါ။ Captain America ကိုမကြာမီထွက်ရှိတော့မယ့် Infinity War(The Avenger 4) မှာသေမယ်လို့ဆိုထားကြပါတယ်။ အဲ့ဒါမှန်မမှန်ကတော့ စောင့်ကြည့်ရမှာပါ။ အဲဒီမှာသေခဲ့ရင် Falcon က Captain ရဲ့နေရာကိုဆက်ခံမဲ့သူလို့ယူဆထားပါတယ်။

တခြား Dimension မှာ Suit ပြောင်းသွားမယ့် Character အနေနဲ့ကတော့ Captain America ပါ။ အဲ့ဒါကတော့ comic တစ်ခုက Suit ကို မှီခိုထားတာပါ။ တခြား Dimension တစ်ခုမှာတော့ Captain America က Winter Soldier နေရာကပါ။ တစ်နည်းပြောရင် Bucky နေရာကပါ။ အဲ့ဒီ Dimension မှာတော့ Captain America က Hydra ဘက်ကပါ။  Suit အနေနဲ့ကတော့ သေနတ် နဲ့ ဒိုင်းအပြင် Armor ဝတ်စုံကိုဝတ်ဆင်ထားပါတယ်။ ဒိုင်းကအခုလက်ရှိက Movie တွေနဲ့ကွဲထွက်နေပြီး တြိဂံ ပုံစံဖြစ်နေတာကိုတွေ့ရမှာပါ။ အဲ့ဒီ Dimension မှာတော့ Captain America က Hydra ဘက်ကဖြစ်လို့လူသတ်ပါတယ်။

Suit အများကြီးရှိကြောင်းကို အပေါ်က Character နှစ်ယောက်နဲ့ဥပမာပြထားတာပဲဖြစ်ပါတယ်။ တခြား Hero တွေမှာလည်း အဲ့လိုမျိုးတွေ Dimension အမျိုးမျိုးက Suit တွေအများကြီးရှိပါတယ်။ မိတ်ဆွေကဒီဂိမ်းမှာ Hero တွေနေရာကဆော့ရမှာကြောင့် မိမိ Universe ကြီးကိုကာကွယ်ရမှာဖြစ်ပါတယ်။ Marvel Universe တစ်ခုလုံးက Hero တွေပါမှာကြောင့် ရန်သူတွေကလည်း Marvel Universe တစ်ခုလုံးက ပဲဖြစ်မှာကြောင့်စုံနေမှာပါ။Marvel Universe ကနာမည်အကြီးဆုံး Thanos ကြီးကိုလည်းတွေ့ရဦးမှာပါ။

                                       

Hero အများကြီးရှိပေမဲ့ စစချင်းမှာ အနည်းငယ်ပဲပေးထားမှာပါ။ နောက်ကျန်ရှိတဲ့ Hero တွေကိုတော့ မိတ်ဆွေကိုယ်တိုင် unlock လုပ်ရမှာပဲဖြစ်ပါတယ်။ Hero တွေရဲ့ Suit တွေကိုလည်းဆော့ရင်းနဲ့မိတ်ဆွေကိုယ်တိုင် unlock ရဦးမှာပဲဖြစ်ပါတယ်။ မိတ်ဆွေရဲ့ Super Hero တွေကို Level မြင့်အောင်ဆော့ပြီး Quest တွေလည်းဆော့နိုင်ပါတယ်။ Online ဂိမ်းဖြစ်တာကြောင့် Global က Player တွေနဲ့လည်းတွေ့ရာဦးမှာပါ။ တစ်ယောက်ထဲဆော့ရတာပျင်းလာရင် မိတ်ဆွေမှာရှိတဲ့ Hero တွေကို Team ဖွဲ့ပြီးမိတ်ဆွေရဲ့သူငယ်ချင်းတွေနဲ့လည်း Multiplayer ကစားနိုင်ပါတယ်။ Spell တွေကတော့ပြောင်းထားတာသိပ်မရှိပါဘူး။ အားလုံးနီးပါး Movie ထဲကအတိုင်းသုံးနိုင်မှာပါ။ကျွန်တော်ပြောသွားတဲ့ ဟာတွေကို Marvel Fan တွေတော့အကုန်နားလည်လောက်ပေမဲ့ Marvel Movie ရော Comic ရောမဖတ်ဖူးတဲ့လူတွေတော့ အနည်းငယ်ကြောင်ပါလိမ့်မယ်။ ဒါပေမဲ့လည်းဆော့ကြည့်ရင်တော့အကုန်သိလာမှာပါ။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးကစားနိုင်ပြီး Action နဲ့ RPG နှစ်မျိုးလုံးရောထားတဲ့ဂိမ်းဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးပါရစေ။

 

Image Source :

https://play.google.com/store/apps/details?id=com.netmarble.mherosgb&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password