Reviews

သင့်ကို အလိုရှိနေတဲ့ အင်္ဂါဂြိုလ် (မားစ်) မှာ ကစားရမယ့်ဂိမ်း Mars: Mars

မြန်မာအခေါ် အင်္ဂါဂြိုလ်လို့ခေါ်တဲ့ မားစ်ဂြိုလ်မှာ ကစားရမယ့် ဂိမ်းဖြစ်ပါတယ်။ ဂိမ်းရဲ့ ဖွဲ့စည်းပုံ က ရိုးရှင်းပြီး atmosphere ပုံစံ အသစ်နဲ့ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ မားဂြိုလ်ကို ရောက်ရတဲ့ အကြောင်းအရင်းကတော့ မားစ်ဂြိုလ်အဖွဲ့အစည်းဖြစ်တဲ့ (Marscorp) က စိတ်လှုပ်ရှားဖို့ကောင်းတဲ့ မားစ်ဂြိုလ်ကို သွားရောက်လေ့လာခိုင်းဖို့ volunteer အဖွဲ့ခေါ်တဲ့အတွက် ကြောင့်ဖြစ်တယ်။ အပြင်မှာ တကယ်မသွားနိုင်တဲ့ မားစ်ကို ဂိမ်းထဲမှာ သွားရမှာဖြစ်လို့ အရမ်းမိုက်ပါတယ်။ ဒီဇိုင်းအသစ် Jetpack ဝတ်စုံ ကိုဝတ်ပြီး မားစ်ဂြိုလ်မှာ ဘာတွေရှိလဲ လေ့လာရမှာဖြစ်ပါတယ်။

ကစားရမယ့် ပုံစံက screen ကို ထောက်ပြီး ကစားရမယ့် tap play ဂိမ်း ပုံစံမျိုးပါ။ ဘယ်ဘက်အခြမ်းနဲ့ညာဘက်အခြမ်း ကို ရွေးလျားဖို့ အတွက် အသုံးပြုနိုင်ပါတယ်။ အရှိန်းထိန်းဖို့နဲ့ အောက်ကို ဆင်းဖို့အတွက်တော့ ဘယ်ဘက် နဲ့ ညာဘက် နှစ်ခုလုံး ကို ပြိုင်တူ ဖိထားပေးရမှာပါ။

အရှိန်အရမ်း များရင် တစ်စစီ ဖြစ်သွားနိုင်လို့ အရှိန်ကို သေချာထိန်းပြီး ဆင်းရမှာပါ။ ဆင်းတဲ့အခါမှာလည်း သူပေးထားတဲ့ နံပါတ်တွေတတ်ထားတဲ့ နေရာတွေအပေါ်ကိုပဲ ဆင်းရမှာပါ။ မားစ်ဂြိုလ် ပေါ်က စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတွေကို ဖြတ်သွားရမှာ ဖြစ်လို့ အသစ်အဆန်းတွေအများကြီး မြင်တွေ့ရမှာပါ။ ကဲ…. သူငယ်ချင်းတို့ရေ Mars: Mars ဂိမ်းကစားပြီး မားစ်ဂြိုလ်မှာ ဘာတွေရှိလဲ သွားစပ်စုကြည့်ရအောင်နော်။

Android, iOS နှစ်ခုလုံးနဲ့ အခမဲ့ download လုပ်ယူ နိုင်ပါတယ်။ Google play မှာရော App Store မှာရော rating 4.7 ဆီအသီးသီး ရရှိထားပါတယ်။ နမူနာ video ကိုအောက်မှာ ကြည့်နိုင်ပါတယ်။

Image Source – Mars: Mars

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password