Action

လာမယ့်နွေရာသီအထိ ထွက်ရှိဖို့ ကြန့်ကြာနေဦးမယ့် Mario Kart Tour

Nintendo က ထုတ်လုပ်မယ့် ဂိမ်းတစ်ခုဖြစ်တဲ့ Mario Kart Tour ကို အခု နွေရာသီအထိ ထွက်ရှိဖို့ ကြန့်ကြာ နေဦးမှာဖြစ်တယ်လို့ အတည်ပြုကြေညာလိုက်ပါပြီ။ Kart racer ဂိမ်းကို စပြီးကြေညာတုန်းကတော့ ၂၀၁၉ ခုနှစ် နှစ်ဆန်းမှာ ထွက်ရှိမယ်လို့ ကြေညာထားတာပါ။ အတိအကျပြောရမယ်ဆိုရင်တော့ ဇန်နဝါရီနဲ့မတ်လ ကြားမှာထွက်ဖို့ မှန်းထားတာပါ။

ဒါပေမယ့် Nintendo ရဲ့ အတည်ပြုချက်အရလာမယ့် နွေရာသီလောက်မှ ထွက်ရှိနိုင်တော့မယ်လို့ သိရပါတယ်။ Delay လုပ်လိုက်ရတဲ့အကြောင်းအရင်းကတော့ ဂိမ်းရဲ့ အရည်အသွေးကို တိုးမြှင့်ပေးမလို့ဖြစ်တာကြောင့်လို့ သိရပါတယ်။

ဒီကိစ္စကို အတည်ပြုပြီးသွားတဲ့နောက်မှာတော့ Nintendo ပရိသတ်ဟာ တကယ့်ကို စိတ်မသတ်မသာတွေ ဖြစ်ခဲ့ကြပါတယ်။ အဲ့ဒါကတော့ fan တွေအနေနဲ့ အနည်းဆုံးတော့ ဂိမ်းရဲ့ နမူနာဗီဒီယိုလေးတော့ မြင်ချင်ကြမှာပဲလေ။ ဒါပေမယ့် အခုက ဂိမ်းရဲ့ နာမည်ကလွဲရင် အခြား ဘာကိုမှ မသိရတာဆိုးတာပါ။

ထပ်မံထွက်ရှိလာမယ့်သတင်းတွေကိုတော့ ဆက်လက်ပြီးစောင့်ရဦးမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့မကြာခင်မှာ ကစားနိုင်ဖို့ တကယ့်ကို မျှော်လင့်မိပါတယ်။ Nintendo ဂိမ်းတွေအများစုက control ပိုင်းကို အဓိက ထား ကစားရတဲ့ ဂိမ်းတွေဖြစ်ကြပြီး ဇာတ်ကောင်အများစုကလည်း Nintendo ရဲ့ ကိုယ်ပိုင်ဇာတ်ကောင်တွေ များပါတယ်။

အခု Mario Kart ထဲမှာတွေ့ရမယ့် ဇာတ်ကောင်ဆိုရင်လည်း အားလုံးနဲ့ ရင်းနှီးပြီးသား နှုတ်ခမ်းမွှေးလေးနဲ့ ပုတုတု အကောင်လေးပါပဲ။ Nintendo က သူတို့ရဲ့ဇာတ်ကောင်တွေကို ပရိသတ်အများကြီး သိလာစေဖို့ ရည်ရွယ်ချက်နဲ့ မိုဘိုလ်း platform ဆီကို ချပြတာဖြစ်တယ်လို့ပြောဖူးပါတယ်။ သူ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် အခုထိ Nintendo မိုဘိုင်လ်း ဂိမ်း ပရိသတ်တွေကတော့ရှိနေတုန်းပါပဲ။ သင်လည်း Nintendo fan ဆိုရင် Mario Kart ကို သေချာပေါက်စောင့်မျှော်နေမှာပါ။

Playon ကဘော်ဒါတွေထဲမှာရော….Nintendo fan ဘယ်နှယောက်လောက်ရှိကြလဲ???

Source-https://www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password