News

Harry Potter: Hogwarts Mystery ဂိမ်းကို Player တော်တော်များများ စွန့်ခွာသွားပြီ

မထွက်ခင်တည်းက နာမည်ကြီးပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ Harry Potter: Hogwarts Mystery ဂိမ်းဟာ ထွက်ရှိပြီး မကြာခင်မှာပဲ Players တွေရဲ့ စွန့်ခွာခြင်းကို ခံခဲ့ရပါတယ်။ အကြောင်း ကတော့ အားလုံးသိကြတဲ့အတိုင်း ငွေပေးဝယ်ယူရမယ့် App-purchases တွေကြောင့်ပါပဲ။ Free to play ဂိမ်းဖြစ်တဲ့အတွက် player တော်တော်များများဟာ တော်တော်လေး ဝမ်းသာခဲ့ကြပါတယ်။ ဒါပေမယ့် ဂျင်း ဖြစ်နေခဲ့တာ ဘယ်သူမှမသိခဲ့ကြပါဘူး။😳)

ဂိမ်းရဲ့ အစပိုင်းမှာပဲ player တော်တော်များများရဲ့အားမလိုအားမရဖြစ်တဲ့ ဝေဖန်သံတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အများစုက app-purchases တွေကြောင့်နဲ့ အင်တာနက် အရမ်စားတာကြောင့် ဖြစ်ပါတယ်။ ဂိမ်းအစမှာ The Philosopher’s Stone ထဲက Harry နဲ့ သူ့ သူငယ်ချင်းတွေ ရင်ဆိုင်ရတဲ့ Devil’s Snare မှာ player တွေ ထောင်ချောက် မိတဲ့ challenge တစ်ခုရှိပါတယ်။ အဲ့ဒီမှာ player က Devil’s Snare အပင်တွေရဲ့ သေဘေးကနေ လွတ်မြောက်ဖို့အတွက် energy တွေအများကြီး အသုံးပြုရပါတယ်။ အပင်တွေနဲ့ မရင်ဆိုင်ရခင်ကတည်းက game app က player တွေကို energy လုံလုံလောက်လောက် မပေးထားပါဘူး။ Energy ရရှိဖို့အတွက် app-purchase နဲ့ ငွေပေးပြီးဝယ်ရင်ဝယ်၊ မဝယ်ရင် အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ရပါတယ်။ အဲ့ဒီမှာ ပြဿနာက စတော့တာပါပဲ။ ဘယ် player ကမှ ဂိမ်း စစ ချင်းမှာ တကယ့်ငွေကြေးမသုံးလိုကြပါဘူး။ ကစားချိန် တစ်နာရီ မပြည့်ခင်မှာပဲ Twitter နဲ့ Tumblr တို့မှာ Player တွေ စပြီးပေါက်ကွဲကြတော့တာပါပဲ။

App purchase က ငွေသားနဲ့ လဲလှယ်ရမှာဖြစ်ပြီး ဒေါ်လာ တစ်ရာ (မြန်မာငွေ – ၁၃၅၀၀၀) တန်ဖိုးအထိရှိတဲ့ items တွေပါရှိပါတယ်။ Hogwarts ကိုအများကြီးမျှော်လင့်ထားတဲ့ players တွေအတွက် ထိတ်လန့်ဖို့ကောင်းတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ စံတင်လောက်တဲ့ စောင့်စားချိန်တွေနဲ့ ငွေပေးဝယ်ယူရမယ့် game items တွေက player တွေ ဂိမ်းကို စွန့်ခွာချင်လာတဲ့ အကြောင်းအရာတွေ ဖြစ်လာပါတယ်။ Twitters က player တွေရဲ့ အသံအချို့ကိုကို အောက်မှာ ဖော်ပြပေးထားပါတယ်။

“ကျွန်တော် Hogwarts Mystery” ကို စပြီးကစားခဲ့ပါတယ်။ ဒါပေမယ့် Devil’s Snare အတွက် ငွေပေးရင်ပေး၊ မပေးရင် ၈ နာရီ စောင့်ရမှာကြောင့် ကိုယ့်ကိုကိုယ် ဒုက္ခပေးတာကို ရပ်တန့်တဲ့ အနေနဲ့ delete လုပ်ခဲ့ပါတယ်”

(Twitter မှ လူတစ်ဦး)

“ကျွန်တော် Devil’s snare တွေကို ခုခံဖို့ ကြိုးစားခဲ့ပါသေးတယ်ဗျာ။ ဒါပေမယ့် ကျွန်တော့်မှာ energy မရှိဘူး။ သူမရှိရင် ဂိမ်းထဲမှာ ရွေ့လို့တောင် မရဘူးဗျ။ Energy ရဖို့အတွက် ငွေပေးပြီးဝယ်ဖို့ပဲရှိတယ်”

(Twitter မှ လူတစ်ဦး)

အခုအချိန်မှာ Player တော်တော်များများကတော့ Hogwarts ရဲ့စောင့်စားရတဲ့ အချိန်တွေကြောင့်နဲ့ app-purchases တွေကြောင့် တော်တော်လေးကို စိတ်ရှုပ်ကုန်ကြပါပြီ။ ဂိမ်း plot တစ်ခုကို ဒေါင်းလုတ်လုပ်ဖို့ဖိုင် အရွယ်အစား တော်တော်ကြီးတယ်ဆိုပြီး မကျေမနပ်ဖြစ်နေကြတဲ့ သူတွေလည်းရှိကြပါတယ်။ Hogwarts Mystery ရဲ့ infamous feedback တွေကတော့ တော်တော်လေးကို
ဆိုးနေပါပြီ။ Playon ပရိသတ်ကြီးထဲမှာရော … Hogwarts ဆော့ပြီး စိတ်ကသိကအောက်ဖြစ်နေကြတဲ့ သူတွေရှိကြသေးလားဟင်။

 

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password