
Stimulation Role-playing ဂိမ်းအမျိုးအစားဖြစ်တဲ့ Man or Vampire ဟာတော့ ပြီးခဲ့တဲ့ရက်အနည်းကပဲ Android မှာစတင်ဆော့ကစားနိုင်ပြီလို့သိရပါတယ်။ Stimulation RPG ပုံစံကိုမှ Turn-based Strategy နဲ့ကစားသွားရမှာဖြစ်တာကြောင့် rpg fan တွေအသည်းစွဲဖြစ်လောက်မှာပါ။ Turn-based startegy ဆိုတာကတော့ ရန်သူတစ်လှည့် ကိုယ်တစ်လှည့် တိုက်ခိုက်ရတာကိုဆိုလိုတာပါ။
ဒီဂိမ်းမှာတော့ မိတ်ဆွေဟာ နတ်ပြည်ဘုံရောက်သွားတဲ့ လူသားဝိညဉ်နေရာကနေဆော့ကစားရမှာဖြစ်ပါတယ်။ တစ်ခုရှိတာက နတ်ပြည်ဟာအေးချမ်းသာယာမှုမရှိပဲ မကောင်းဆိုးဝါးတွေရဲ့ ဒဏ်ကြောင့် ပျက်စီးလုနီးနီးဖြစ်နေပါတယ်။ အဲ့လို ပျက်စီးလုနီးနီးဖြစ်နေတဲ့ နတ်ပြည်ကြီးကို မိတ်ဆွေက ဉီးဆောင်ပြီးကယ်တင်ပေးရမှာပါ။ ပတ်ဝန်းကျင်မှာ မြင်တွေ့ရတဲ့ မကောင်းဆိုးဝါးကိုတိုက်ခိုက်ခြေမှုန်းပြီးတော့ နတ်ပြည်ကြီးကို ကယ်တင်ရမှာဖြစ်ပါတယ်။ ရန်သူတွေက များလွန်းတာ၊ သွားရမယ့် ခရီးလမ်းကရှည်တာ စတဲ့အချက်တွေကြောင့် Hero တွေကိုစုဆောင်းပြီး အဖွဲ့ ဖွဲ့စည်းဆော့ကစားရမှာလည်းဖြစ်ပါတယ်။ Hero တွေကိုတစ်ယောက်နဲ့တစ်ယောက် ability မတူနေတာတွေ၊ ပိုပြီးကြမ်းလာအောင် upgrade လုပ်ပေးရမှာတွေကတော့ တခြား ဂိမ်းတွေလိုပါပဲ။
Google Indie Game Festival 2017 မှာ နံပါတ် ၁၀ နေရာ၊ Game Creation Audition 2017 မှာ နံပါတ် ၂ နေရာနဲ့ MWU Festival 2017 မှာဖိတ်ကြားခြင်းခံခဲ့ရတဲ့ ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီဂိမ်းကိုတော့ Android တစ်မျိုးတည်းမှာသာဆော့ကစားနိုင်မှာဖြစ်ပြီး အောက်ပါ link ကနေ download ရယူနိုင်ပါတယ်။
Download link – Android
Ref: Droidgamers