Reviews

Mama Hawk ဂိမ်းကစားပြီး သိမ်းငှက်ပေါက်လေးတွေကို အစာရှာကျွေးလိုက်ပါ

ကောင်းကင်ထက်မှာ ပျံသန်းပြီး မြေပြင်မှာရှိတဲ့ အကောင်ငယ်လေးတွေ သုတ်ချီကာ အသိုက်ထဲမှာရှိတဲ့ သိမ်းငှက်ပေါက်လေးတွေကို အစာရှာကျွေးရမှာဖြစ်ပါတယ်။ လုပ်ရပ်က သားကောင်ငယ်လေးတွေအပေါ် မှာ တော့ နည်းနည်း ရက်စက်ရာရောက်ပေမယ့် အဲ့နည်းကပဲ သိမ်းငှက်ပေါက်စလေးတွေကို ရှင်သန်စေမှာဖြစ်ပါတယ်။

မိခင်တစ်ယောက်ရဲ့မေတ္တာနဲ့ စွန့်လွှတ်အနစ်နာခံမှု တွေကို ထင်ရှားစွာ တွေ့ရှိရမယ့် ဂိမ်းဖြစ်ပြီး သင့်ကို ထူးခြားတဲ့ အတွေ့အကြုံတွေပေးစွမ်းနိုင်ပါတယ်။ Level ပေါင်း ၇၀ကျော် ပါဝင်မှာဖြစ်ပြီး ခက်ခဲတဲ့ challenges တွေဖြစ်တဲ့ ဆူးပါတဲ့ ဖြူကောင်တွေ ၊ အလေးချိန်များတဲ့ သားကောင်ကြီးတွေ နဲ့ တိမ်တိုက်တွေ ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

သားကောင်းအမျိုးအစားပေါင်း ၂၀ ကျော်ပါဝင်မှာဖြစ်ပါတယ်။ သင်က သူတို့အားလုံးကို ဖမ်းပြီး သိမ်းငှက်ပေါက်လေးတွေကို ကျွေးရမှာပါ။ အစာရှာထွက်ရမယ့် နေရာတွေကလည်း တစ်နေရာတည်း မဟုတ်ပါဘူး။ အရမ်းကို လှပတဲ့ ငါးကန်တွေ ၊ နှင်းတွေ ဖုံးလွှမ်းနေတဲ့ နေရာတွေ ၊ စိမ်းစိုနေတဲ့ တောင်ကြီး တောင်ငယ် ပတ်ဝန်းကျင်တွေ ၊ ဥယာဉ်ကြီးတွေ နဲ့ သစ်တောကြီးတွေ ၊သဲကန္တာရတွေ စတဲ့ နေရာဒေသ အသီးသီးကို ဖြတ်သန်းရမှာဖြစ်ပါတယ်။

ကစားပုံက screen ကို tap လုပ်ပြီး ရိုးရှင်းတဲ့ one-finger ထိန်းချုပ်မှုစနစ် ပုံစံ နဲ့ ကစားရမှာပါ။ သင့်ကလေးတွေရဲ့ ရှင်သန်မှုက သင့်ရဲ့ မြန်ဆန်မှုနဲ့ သားကောင်ဖမ်းတဲ့ အရည်အချင်းပေါ်မှာ မူတည်နေပါတယ်။ ကလေးတွေရဲ့ ဆာလောင်မှုကို ထိန်းချုပ်ပေးဖို့အတွက် ချစ်စရာကောင်းတဲ့ ယုန်လေးတွေကိုတောင် သတ်ပစ်နိုင်တဲ့ သိန်းငှက်မကြီး တစ်ကောင်ရဲ့ နေရာက ဝင်ကစားပေးရမှာဆိုတော့ ကစားရတာ တစ်မူထူးခြားနေမှာပါ။

MaMa Hwak ထဲမှာတွေရမယ့် အရောင်းအသွေးစုံလင်တဲ့ graphic designs ပုံစံက သင့်အတွက် တစ်မူ ထူးခြားနေမှာဖြစ်ပါတယ်။ မကစားခင် အကြို နမူနာ video လေး ခံစားချင်တဲ့ သူတွေအတွက် အောက်မှာ နမူနာ လေးဖော်ပြပေးထားပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free ကစားနိုင်ပါတယ်။ ပေါ့ပေါ့ ပါးပါး ကစားချင်သူတွေအတွက် အရမ်းကို အဆင်ပြေမယ့်ဂိမ်းလေးဖြစ်ပါတယ်။ အောက်မှာ Official Website မှာ ဖော်ပြထားတဲ့ ပုံလေးတွေ ပြပေးထားပါတယ်။

 

Download link – Android/IOS

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password