သူငယ်ချင်း ၅ ယောက်နဲ့အတူတစ်ပြိုင်နက်ဆော့ကစားနိုင်မယ့် Make Them Jump!

ဒီဂိမ်းမှာကCharacter အများကြီးကိုတစ်ယောက်တည်းထိန်းပြီးကစားနိုင်သလို၊ Character က 5 ကောင်အထိကစားနိုင်တာကြောင့်သူငယ်ချင်းတွေနဲ့လည်းပျော်ရွှင်စွာကစားနိုင်ပါတယ်။ Character အများကြီးကိုတစ်ယောက်တည်းထိန်းပြီးကစားနိုင်ရင်တော့အကောင်ပါပဲ။ ဘာအကောင်လဲဆိုတော့ စကေးအကောင်ပါပဲ။ ဘာလို့လဲဆိုတော့လူတစ်ယောက်ကအာရုံနှစ်ခုထက်ပိုမထားနိုင်လို့ပါ။ အာရုံနှစ်ခုကိုတစ်ပြိုင်တည်းလုပ်ရင်တောင်တစ်ခုကတော့ အားနည်းသွားမှာပါ။

စာကျက်ရင်းနဲ့ဂိမ်းဆော့ရင် စာရသွားပြီး ဂိမ်းမှာတော့ Game Over ဖြစ်သွားနိုင်တဲ့အခြေအနေရှိနိုင်သလို၊ ဂိမ်းမှာနိုင်သွားပြီး စာမရသွားတဲ့အခြေအနေလည်းရှိနိုင်ပါတယ်။ မိတ်ဆွေဦးစားပေးပြီးလုပ်တဲ့အလုပ်ကသာအောင်မြင်မှာဖြစ်ပါတယ်။ စာလည်းမရ၊ ဂိမ်းလည်းရှုံးတဲ့အခြေအနေတောင်ရှိနိုင်ပါတယ်။ အဲ့လိုအခြေအနေမျိုးက စာရော၊ ဂိမ်းရောနှစ်ခုလုံးကိုဦးစားပေးတဲ့အခါမှာပါ။ စာလည်းရ၊ဂိမ်းလည်းနိုင်တဲ့အခြေအနေကတော့ရှိပေမဲ့ ခပ်ရှားရှားပါပဲ။ ကဲ စာနဲ့ဂိမ်းကိုဥပမာပြတာနည်းနည်းတော့ ပတ်ချာလည်သွားပါပြီ။

ဒီဂိမ်းကကျွန်တော်အပေါ်ကပြောခဲ့တဲ့ဥပမာနဲ့ခပ်ဆင်ဆင်ပါပဲ။ ဘာလို့လဲဆိုတော့ Character အများကြီးကိုမိတ်ဆွေတစ်ယောက်တည်းထိန်းပြီးဆော့ရမှာကြောင့်ပါ။ ဒီဂိမ်းက Character အများကြီးထိန်းရမှာဖြစ်ပေမဲ့တစ်ကောင်နဲ့တစ်ကောင်က ဆက်စပ်နေမှာတော့မဟုတ်ပါဘူး။ Dimension လည်းတစ်ခုချင်းစီပါ။ ဒါပေမဲ့ မိတ်ဆွေရဲ့ Phone Screen မှာတော့အကုန်မြင်နေရမှာပါ။ Character တစ်ယောက်ချင်းစီက Dimension တစ်ခုဆီမှာသူ့ဘာသာပြေးနေမှာပါ။ မိတ်ဆွေကအဲ့ဒီပြေးနေတဲ့ Character တစ်ယောက်ချင်းစီရဲ့ပြေးလမ်းတစ်လျှောက်မှာ ရှိနေတဲ့ပစ္စည်းတွေကိုရှောင်ပေးနေရမှာဖြစ်ပါတယ်။ မိတ်ဆွေထိန်းနေတဲ့ Character တွေထဲကတစ်ယောက်ယောက်ကတိုက်မိ၊ ထိမိရင်တစ်ခါတည်း Game Over သွားမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ Character  အများကြီးကိုမိတ်ဆွေတစ်ယောက်တည်းထိန်းဆော့တဲ့အခြေအနေပါ။

သူငယ်ချင်းတွေနဲ့အတူဆော့ရမယ့်အခြေအနေကိုအနည်းငယ်ပြောပြချင်ပါတယ်။ Make Them Jump ရဲ့ In-game ထဲမှာ Normal Mode, Nightmare Mode, Hell Mode, Inferno Mode နဲ့ Survival Mode စတဲ့ Option တွေပေးထားပါတယ်။ Normal Mode မှာဆိုရင်မတူညီတဲ့ Dimension ကနှစ်ကောင်ကိုထိန်းရမှာဖြစ်ပါတယ်။ Nightmare Mode မှာဆိုရင် သုံးကောင်ထိန်းရမှာဖြစ်ပါတယ်။ Hell Mode မှာဆိုရင် လေးကောင်ဖြစ်ပြီး Inferno Mode မှာဆိုရင် ငါးကောင်အထိထိန်းရမှာဖြစ်ပါတယ်။ အဲ့ဒီတော့သူငယ်ချင်းနှစ်ယောက်ရှိရင် Normal Mode, သုံးယောက်ရှိရင် Nightmare Mode, လေးယောက်ဆိုရင် Hell Mode နဲ့ ငါးယောက်ဆိုရင်တော့ Inferno Mode မှာဆော့နိုင်ပါတယ်။ Normal Mode နဲ့ Nightmare Mode ကတော့ ဖုန်းအရွယ်အစားသေးလည်းအဆင်ပြေဦးမှာဖြစ်ပေမဲ့၊ Hell Mode နဲ့ Inferno Mode မှာဆိုရင်တော့ လေး ငါးယောက်ဆော့ရမှာဖြစ်တာကြောင့် အရွယ်အစားကြီးတဲ့ဖုန်း (Or) Tablet တို့နဲ့ဆော့မှအဆင်ပြေလောက်မှာလို့အကြံပေးပါရစေ။

ထူးခြားတာကတော့ Survival Mode ပါ။ ဘာလို့လဲဆိုတော့ Survival Mode မှာက Character တစ်ကောင်တည်းထိန်းရမှာမို့လို့ပါ။ Survival Mode ကတော့ FA တွေအတွက်ပါ။ နောက်တာပါ၊ Survival Mode ကိုမိတ်ဆွေတစ်ယောက်တည်းပျင်းနေတဲ့အချိန်တွေမှာဆော့ကစားနိုင်တယ်လို့ပြောချင်တာပါ။ ဆော့ပုံ၊ ဆော့နည်းကအပေါ်မှာပြောခဲ့တဲ့ပုံစံအတိုင်းပါပဲ။ လမ်းတစ်လျှောက်မှာတွေ့သမျှပစ္စည်းတွေကိုအကုန်ရှောင်သွားရမှာဖြစ်ပါတယ်။ Ketchapp ကထုတ်တဲ့ဂိမ်းတော်တော်များများက Endless Type ဖြစ်နေတာမိတ်ဆွေသတိထားမိမှာပါ။ ဒီဂိမ်းလေးကလည်း Ketchapp ကထုတ်တဲ့ဂိမ်းတစ်ခုဖြစ်နေတာကြောင့် Endless ပါပဲ။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာဆော့ကစားနိုင်ပြီး သူငယ်ချင်း 5 ယောက်နဲ့အတူတပြိုင်နက်ကစားနိုင်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.ketchapp.makethemjump

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password