Reviews

Anime ကာတွန်း ချစ်သူလေးတွေ သဘောကျနှစ်သက်မယ့် Luna mobile

ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် ဂိမ်းလေးကတော့ ချစ်စရာဇာတ်ကောင်လေးတွေပါဝင်တဲ့ luna mobile ပဲဖြစ်ပါတယ်။ Anime ပုံစံဖန်တီးထားတဲ့ဂိမ်းဖြစ်လို့ လှပပြီး ချစ်စရာကောင်းတဲ့ ကမ္ဘာလေးကိုတွေ့ရမှာပါ။ ရိုးရိုးသာမန်ဂိမ်းမဟုတ်ဘဲ လူသန်းပေါင်းများစွာရဲ့ အချစ်တော်ဖြစ်နေတဲ့ ဂိမ်းလေးဖြစ်ပါတယ်။

ရှေးဟောင်းမြို့တော်မှာ ကစားရမယ့် ဂိမ်းဖြစ်တာမို့ အဝတ်အစား ဒီဇိုင်း အပြင်အဆင်အားလုံးက ရှေးဆန်နေမှာပါ။ ဂိမ်းထဲမှာ ရန်သူတွေ ဆိုးသွမ်းတဲ့ သားရဲ တိရစ္ဆာန်တွေနဲ့ တိုက်ခိုက်ရမှာ မို့လို့ တရုတ်သိုင်းကား ဇာတ်လမ်းတစ်ခုလိုဖြစ်နေမှာပါ။ ဇာတ်ကောင်တွေကို ခပ်မိုက်မိုက် ဝတ်စုံ တွေနဲ့ အတောင်ပံ ပုံစံ မျိုးစုံတပ်ပေးနိုင်ပါတယ်။ Luna ဂိမ်းရဲ့ ဝကစ်ကစ် ဇာတ်ကောင်လေးတွေ နဲ့ pets လေးတွေက သင့်ကို ပျော်ရွှင်စေမှာပါ။ ဂိမ်းထဲမှာ စစ်သည်တော်တွေ အဖြစ်ကစားရမှာဖြစ်လို့ ကြောက်စရာကောင်းတဲ့ မိစ္ဆာတွေနဲ့ အမှောင်နတ်ဆိုးတွေကို တိုက်ခိုက် ဖယ်ရှားပစ် ဖို့လည်းလိုအပ်ပါတယ်။ ရင်ဖိုစိတ်လှုပ်ရှားစရာကောင်းတဲ့ PVP (ကစားသူ အချင်းချင်း ယှဉ်ပြိုင်ခြင်း) တိုက်ပွဲတွေနဲ့ အတူ original ရုပ်ထွက် ဒီဇိုင်းက သင့်ကို မြင်မြင်ချင်း ဆွဲဆောင်ထားမှာပါ။ ဒါ့အပြင် ဂိမ်းကစားရင်းနဲ့ အချစ်စစ်ကို ရှာဖွေလို့ရပါသေးတယ်နော်။

ကစားရင် အရသာပေါ့သွားမှာဆိုးလို့ အများကြီးပြောမနေတော့ပါဘူး…ကိုယ်တိုင်ကစားကြည့်ရင်း နဲ့ပဲ စိတ်လှုပ်ရှားစရာတွေကို ရယူလိုက်ပါ။ Google Store နဲ့ App Store တို့မှာ Android, iOS နှစ်မျိုးစလုံးနဲ့ free ကစားလို့ရနေပါပြီနော်။

 

Image Source – Luna mobile

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: