Reviews

ချစ်စရာကောင်းတဲ့ လနတ်သမီးလေးနဲ့အတူကစားရမယ့် puzzles ဂိမ်း Luna Flowers

Luna Flowers က နူးညံ့သိမ့်မွေ့မှုတွေပြည့်နေတဲ့ puzzles အမျိုးအစား ဂိမ်းတစ်ခုဖြစ်ပါတယ်။ လနတ်သမီးလေးကို နတ်ပြည်ကို ပို့ဆောင်ပေးရမှာဖြစ်လို့ ဆန်းကြယ်တဲ့ နေရာတွေကိုဖြတ်ရမှာပါ။ ကစားလို့ကောင်းတဲ့ ဂိမ်းကောင်းတွေထဲကတစ်ခုဖြစ်ပြီး NetEase ကထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဂိမ်းထဲမှာ လရောင်သာနေပြီး အေးချမ်းတဲ့ ပတ်ဝန်းကျင်အလှနဲ့ ထူးခြားတဲ့ ခရီးလမ်းက သင့်ကို ဆွဲဆောင်နေမှာပါ။ လမ်းခရီး ကိုဆက်သွာနိုင်ဖို့ နတ်သမီးလေးကို ပန်းပွင့်လေးတွေရဲ့ မှော်အစွမ်းထည့်ပေးရမှာပါ။ မှော်အစွမ်းရရှိဖို့အတွက် ဂိမ်းထဲမှာ ဖော်ပြပေးထားတဲ့ အရုပ်ပုံစံလေးတွေအတိုင်း မြန်မြန်နဲ့ မှန်မှန် ပုံဖော်ပေးပြီး puzzles တွေကိုဖြေရှင်းရမှာပါ။ အချိန်ကြာသွားတာပဲဖြစ်ဖြစ်
ပုံဖော်တဲ့ပုံမှားသွားရင်ပဲဖြစ်ဖြစ်အစကနေပြန်ကစားပေးရမှာပါ။

ဉာဏ်စမ်း puzzles ပုံစံတွေအများကြီး ပါဝင်မှာဖြစ်လို့ စဉ်းစားတွေးခေါ်ရတာကြိုက်တဲ့ player တို့အကြိုက်ဖြစ်ပါမှာ။ စွဲမက်ဖွယ်ကောင်းတဲ့ အနုပညာနဲ့ ဖန်တီးထားတဲ့ ဂိမ်းဖြစ်တဲ့အတွက် လှပတဲ့ သဘာဝပတ်ဝန်းကျင်တွေနဲ့ ရုပ်ထွက်ကိုတွေ့ရမှာပါ။ အသံပိုင်းကလည်း ရုပ်ထွက်အတိုင်း အရမ်းကောင်းတာမို့ စကစားချင်းမှာပဲ လုံးဝကိုကြွေသွားမှာပါ။ ကစားပုံက ရိုးရှင်း လွယ်ကူပေမယ့် puzzles ဂိမ်းဖြစ်တာမို့ level တက်ဖို့တော့ ထင်သလောက်လွယ်ကူမှာမဟုတ်ပါဘူး။ ရင်ဆိုင်ရမယ့် Challenges တွေကလည်းလျှို့ဝှက်ဆန်းကြယ်ပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။

Offline ဂိမ်းအမျိုးအစားဖြစ်တာမို့လည်း ပေါ့ပေါ့ပါးပါး ကစားနိုင်မှာပါ။ လှပပြီး ထူးခြားတဲ့ ဂိမ်းပုံစံလေးဖြစ်တာမို့ မိတ်ဆက်ပေးလိုက်ပါတယ်။ လက်တလောမှာတော့ iOS အတွက်ပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ App Store တွင် free download
လုပ်ပြီး ကစားနိုင်ပါပြီ။

 

 

Image Source  : Luna Flowers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: