Reviews

လမ်းပျောက်နေတဲ့ကောင်မလေး Misty ကို ကူညီပေးရမယ့် Lost Maze

ဒီဂိမ်းထဲမှာ Misty လို့ခေါ်တဲ့ ကောင်မလေးက Maze မြို့ မှာနေပါတယ်။ တနေ့မှာ Misty နေထိုင်တဲ့ Maze မြို့ရဲ့ အမှောင်ထုကြီးတစ်ခုက Misty ရဲ့ပျော်ရွှင်စရာကောင်းတဲ့ မှတ်ဉာဏ်တွေ အားလုံးကို ဝါးမျိုခဲ့ပါတယ်။ ဘာဆိုဘာမှ မမှတ်မိတော့တဲ့ သနားစရာ Misty တစ်ယောက်ဟာမိမိနေထိုင်တဲ့ အိမ်ကိုတောင်မရှာနိုင်တော့ပဲ လမ်းပျောက်နေခဲ့ပါတယ်။

လမ်းပျောက်ဖို့လွယ်ကူတဲ့ Maze မြို့မှာ ယောင်လည်လည်ဖြစ်နေတဲ့ Misty ကို အိမ်ပြန်ပို့ပေးနိုင်တဲ့သူက သင်တစ်ယောက်တည်းရှိပါတယ်။ Misty ရဲ့ လမ်းကြောင်းကို ရှာဖွေပေးဖို့ အတွက်လမ်းခရီးမှာရှိတဲ့ ပဟေဋ္ဌိတွေကို ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ ဂိမ်းထဲမှာ သင်က Misty အတွက် စုစုပေါင်း Chapters ၄ခု (level ၆၀) ကို အပြီးထိကစားပေးရမှာပါ။ တရုတ်နှစ်သစ်ကူးနီးလာပြီဖြစ်တဲ့အတွက်ကြောင့် Chinese New Year Edition တွေအဖြစ် level အသစ် ၁၅ခုကို ထပ်မံဖြည့်ထားပေးပါတယ်။

 

 

Lock ကျနေတဲ့ ချစ်စရာ character တွေကို unlock လုပ်ယူဖို့အတွက် လမ်းခရီးမှာတွေ့တဲ့ ရတနာတွေ စုဆောင်းထားဖို့လိုတဲ့အပြင် အိမ်ကို သယ်သွားဖို့အတွက် ပျောက်နေတဲ့ ပစ္စည်းလေးတွေကိုလည်း ရှာဖွေပေးရပါဦးမယ်။ အစီအစဉ်တွေ ချပြီး တစ်ခုခြင်းကစားသွားရင် လွယ်လွယ်ကူကူနဲ့ ပဟေဋ္ဌိတွေ အားလုံးကို ဖြေရှင်းနိုင်မှာပါ။ ချစ်စရာကောင်မလေး Misty ရဲ့ အိမ်ပြန်လမ်းကို ကူညီရှာဖွေပေးနိုင်မှာလား/မပေးနိုင်ဘူးလားဆိုတာ သင့်အပေါ်ပဲ မူတည်နေတဲ့ အတွက် ပဟေဋ္ဌိတွေကို ဖြေရှင်းတဲ့နေရာမှာတော်ရင် Misty လေးကို ကူညီပေးလိုက်ကြရအောင်နော်။ ချစ်စရာကောင်းတဲ့ Graphic designs နဲ့ အပြင်အဆင်လေးတွေက အရမ်းကို ဆွဲဆောင်မှုရှိတဲ့အတွက် အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ ကစားနိုင်ပါတယ်။ Android နဲ့ free download လုပ်ယူနိုင်ပေမယ့် iOS နဲ့ ကစားရင် ၁၃၁၂ ကျပ်နဲ့ ဝယ်ယူရမှာပါ။ Devices ရွေးတဲ့ ဂိမ်းဖြစ်လို့ အချို့ Android device  တွေနဲ့ available မဖြစ်သေးပါဘူး။

 

Image Source – Lost Maze

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password