လူသူကင်းမဲ့ပြီး ထူးဆန်းအံ့သြဖွယ်ရာများနှင့် ပြည့်နှက်နေတဲ့ mystery ကမ္ဘာကြီးအတွင်းကနေ လွတ်မြောက်အောင် စွမ်းဆောင်ရမည့် Lost & Alone – Adventure Games Point & Click Demo

Adventure games ကောင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ game တစ်ခုဖြစ်တယ် ။ စစချင်းမှာမိတ်ဆွေက နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေရာက နိုးထလာတာဖြစ်ပြီး မိတ်ဆွေတစ်ခါမှ မမြင်ဖူး၊ မရောက်ဖူးတဲ့ ထူးဆန်းတဲ့ တောအုပ်ကြီးထဲကိုရောက်နေမှာပါ။ ဝင်္ကပါလိုရှုပ်ထွေးနေတဲ့ တောအုပ်ကြီးထဲမှာ ပြန်လမ်းကိုရှာဖွေရင်း လမ်းမှာရှိတဲ့ puzzles တွေအားလုံးကို ဖြေရှင်းရမှာပါ။မိတ်ဆွေကို အထောက်အကူဖြစ်စေမယ့် သင်္ကေတ တွေကို လမ်းတစ်လျှောက်မှာ ချပေးထားမှာဖြစ်ပြီး အဲ့ဒီ သင်္ကေတ တွေရဲ့ အကူအညီနဲ့ puzzles တွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်။

တောလမ်းတစ်လျှောက်မှာရှိနေတဲ့ items တွေကို လိုက်စုရင်း ခရီးလမ်းမှာရှိနေတဲ့ အတားအဆီးတွေကို ဖယ်ရှားရမှာဖြစ်တယ်။ ရင်သပ်ရှုမောဖွယ်ရာ တောင်ကြီးတွေ ၊မြစ်ကြီးတွေ ၊ ကျိုးပဲ့ပျက်စီးနေတဲ့အဆောက်အအုံပျက်ကြီးတွေနဲ့ အက်ကွဲလုမတတ်ဖြစ်နေတဲ့ ကျောက်နံရံကြီးတွေက ခရီးလမ်းတစ်လျှောက်မှာရှိနေမှာဖြစ်တယ်။ ဒါ့အပြင် လှိုဏ်ဂူများ ၊ ရေတံခွန်များ ၊ ရေကန်များ၊ ရုပ်ထုပျက်ကြီးများ၊ စတဲ့ အရာများကိုလည်း ဖြတ်သန်းရမှာဖြစ်တယ်။Game ရဲ့အရှိန်အဟုန်မြင့်လာတာနဲ့အမျှ ကြောက်လန့်စရာ အရာတွေက မိတ်ဆွေကို စောင့်ကြိုနေမှာဖြစ်တယ်။ မိတ်ဆွေရှာတွေ့တဲ့ အရာမှန်သမျှက Puzzles တွေကိုဖြေရှင်းနိုင်တဲ့ အဖိုးတန်ရတနာတွေဖြစ်တဲ့အတွက် ကျိုးကြောင်းဆီလျော်စွာ သေသေချာချာ အသုံးပြုတတ်ဖို့တော့ လိုအပ်ပါတယ်။

အဆုံးသတ်မှာ မိတ်ဆွေက တကယ်ပဲ mystery ကမ္ဘာကြီးထဲကနေ လွတ်မြောက်နိုင်မှာလား ။ ဘယ်လိုအကြောင်းကြောင့် mystery ကမ္ဘာကြီးထဲကိုရောက်နေရတာလဲ ။ လမ်းတစ်လျှောက်မှာ ဘယ်လိုထူးဆန်းတဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေကို တွေ့မှာလဲ ဆိုတဲ့မေးခွန်းတွေက game ကစားနေစဉ်အတွင်းမှာ မိတ်ဆွေရဲ့ သိချင်စိတ်ကိုနှိုးဆွနေမှာဖြစ်တယ်။ Game တစ်လျှောက်လုံးမှာ HDR(High Dynamic Rage)  format ကိုအသုံးပြုထားတာဖြစ်လို့ တကယ့် ပုံရိပ်အစစ်တွေအတိုင်း ကစား နိုင်မှာဖြစ်ပါတယ်။ Adventure game ကြိုက်သူတို့ကစား သင့်တဲ့ game ကောင်းတစ်ခုဖြစ်တယ်။

Free to play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးမှာကစားနိုင်မှာ ဖြစ်ပါတယ်။ Android မှာတော့ အနည်းဆုံး Android version 4 နှင့်အထက်မှသာ ကစားနိုင်မှာဖြစ်တယ်။ IOS မှာဆိုရင်တော့ အနည်းဆုံး IOS 7 ဖြစ်နေမှဆော့နိုင်မှာဖြစ်ပါတယ်။

 

 

 

 

Image Source : Lost & Alone – Adventure Games Point & Click Demo

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password