ArticleNews

Official ထွက်ရှိလာပြီဖြစ်တဲ့ Looney Tunes World of Mayhem

ဂိမ်း Development အဖွဲ့အစည်းဖြစ်တဲ့ Scopely ဟာတော့ Warners Bros ရဲ့ Looney Tunes Animated ကာတွန်းဇာတ်ကောင်လေးတွေကို အခြေခံပြီး World of Mayhem ဆိုတဲ့အမည်နဲ့ဂိမ်းတစ်ခုကို Development အပိုင်းစတင်နေပြီဖြစ်ကြောင်းနဲ့ Pre-register လုပ်နိုင်ပြီ ဖြစ်တဲ့အကြောင်းကို Playon ကဖော်ပြခဲ့တာတော်တော်များများသိပြီးလောက်မှာပါ။ အခုဆိုရင်တော့ ကျွန်တော်တို့ဖော်ပြပေးခဲ့တဲ့ Looney Tunes World of Mayhem ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က Official အနေနဲ့ ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

Looney Tunes World of Mayhem ဆိုတဲ့အတိုင်းပဲ Player က Bugs Bunny, Tweety, Pork Pig အစရှိတဲ့ Looney Tunes ဇာတ်ကောင်တွေပြည့်နေမယ့် ကိုယ်ပိုင်ကမ္ဘာတစ်ခုကိုဖန်တီးရမှာပါ။ ကိုယ်ပိုင်ကမ္ဘာ/ Base မှာ ဇာတ်ကောင်တွေကို resource တွေနဲ့ unlock လုပ်၊ ရှိပြီးသား Character တွေကို ပိုကြမ်းလာအောင် Level up ပေးတာတွေပြုလုပ်ရမှာပါ။ Resource တွေကိုတော့ Campaign mode ကနေ ဇာတ်လမ်းသွားပုံစံမျိုးနဲ့ ဖိုက်ပြီးရှာနိုင်မှာဖြစ်သလို PvP mode ကနေ သူများဆီက သွားလုနိုင်မှာလည်းဖြစ်ပါတယ်။

Role-playing ဂိမ်းအမျိုးအစားဖြစ်တာကြောင့် သူတစ်လှည့်၊ ကိုယ်တစ်ပြန်တိုက်ခိုက်ရတဲ့ Turn-based ပုံစံမျိုးတိုက်ခိုက်ဆော့ကစားရမှာပါ။ ဖိုက်တင် scene မှာရဲ့အသံအနေအထား၊ Character တွေရဲ့ Combat, Special Ability တွေကတော်တော်လေးခွီရတဲ့ဘက်ကို သွားတဲ့အတွက် တော်တော်လေးကို မိုက်ပါတယ်။ Looney Tunes fan မဟုတ်တဲ့ ဖော်ပြသူကျွန်တော်တောင် စိတ်ဝင်တစားဆော့ကစားမိတဲ့ ဂိမ်းတစ်ခုဖြစ်တဲ့အတွက် မိတ်ဆွေသာ Looney Tunes fan ဖြစ်နေမယ်ဆိုရင်တော့ လုံးဝကြိုက်နှစ်သက်မယ်လို့အာမခံပါတယ်။

Free to play ဖြစ်ပြီး Android, iOS နှစ်မျိုးလုံးမှာဆော့ကစားနိုင်ပါတယ်။

Download link – Android/ iOS

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password